အပြောင်းအရွှေ့ကိစ္စများနဲ့ ငွေကြေးသုံးစွဲမှုများတွင် စာရင်းလိမ်ညာခဲ့သောကြောင့် ဂျူဗင်တပ်အသင်း ၁၅ မှတ် လျော့ခံရ

0
110

အီတလီစီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့ကိစ္စများနဲ့ ငွေကြေးသုံးစွဲမှုတွေမှာ စာရင်းလိမ်ညာခဲ့တဲ့အတွက် ၁၅ မှတ် လျော့ခံလိုက်ရပါတယ်။

ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ငွေကြေးသုံးစွဲမှုတွေမှာ စာရင်းလိမ်ညာပြီး ခဝါချမှုတွေရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတာကြောင့် တရားရုံးက ၁၅ မှတ်လျော့ချဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ် ။

တရားရုံးအနေနဲ့ ဂျူဗင်တပ်အတွက် ဒီပြစ်ဒဏ်ကို လက်ရှိရာသီမှာပဲ ကျခံရမယ်လို့ သက်မှတ်ခဲ့တာကြောင့် ဂျူဗင်တပ်အသင်းဟာ ၁၅ မှတ်နှုတ်ခံရအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အထိ ဆင်းခဲ့ရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဒီပြစ်ဒဏ်ကြောင့် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဒ်၀င်ဖို့အတွက်တောင် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here