မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ခံရမှုကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တိုင်းနှင့် ပြည်နယ်အချို့ရှိ လဝကရုံး (၉) ရုံးပျက်စီးဆုံးရှုံးခဲ့

0
215

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းမှ ၂၀ ၂၃ ခုနှစ်အထိ တိုင်းနှင့်ပြည်နယ်အချို့ရှိ လဝကရုံး အချို့ မိုင်းထောင်ဖောက်ခွဲခြင်း ၊ မီးရှို့ဖျက်ဆီးခံရခြင်းများရှိခဲ့ပြီး လက်ရှိအချိန် လဝက ရုံး (၉) ရုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဖျက်ဆီးခံခဲ့ရသည့် လဝကရုံးများမှာ ချင်းပြည်နယ်မှ (၃) ရုံး၊ စစ်ကိုင်းတိုင်းမှ (၄) ရုံးနှင့်မကွေးတိုင်းမှ (၂) ရုံး စုစုပေါင်း (၉) ရုံးဖြစ်ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၉) ရက်ည ၇ နာရီခွဲ ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲပြီး မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖောက်ခွဲမှုကြောင့် လဝက ရုံးအဆောက်အဦး မီးလောင်မှုဖြစ်ပွားကာ ရုံးပင်မအဆောက်အဦးတစ်လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောက်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် နစက ကမေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here