စက်သုံးဆီ ဈေးနှုန်းပြန်လည်မြင့်တက် ၊ (၉၂) တစ်လီတာလျှင် ၂၃၀၅ ကျပ် ဖြင့်ရောင်းချ

0
174

ယနေ့ ဇန်နဝါရီ (၂၁) ရက် ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသည့် ဈေးနှုန်းများအရ အမြင့်ပိုင်းသို့ ရောက်ရှိနေပြီး ဇန်နဝါရီလအစမှ နှိုင်းယှဉ်ပါက (၃) ပတ်အတွင်း ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ဈေးကွက်အတွင်း ရောင်းချရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ရည်ညွှန်းသတ်မှတ်ပေးထားသည့် ဈေးနှုန်း တွင်ပင် တစ်လီတာလျင် ၂၃၀၅ ကျပ်ဈေး ဖြစ်ပြီး ယခင် (၃) ပတ်နှင့် နှိုင်းယှဉ်ပါက ၃၀၀ ကျပ် ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သည်။

ယနေ့ ဈေးကွက်အတွင်း ရောင်းချနေသည့် စက်သုံးဆီ ဈေးနှုန်းများမှာ (၉၂) တစ်လီတာလျှင် ၂၃၀၅ ကျပ် ၊ (၉၅) တစ်လီတာလျှင် ၂၃၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က အရောင်းအဝယ်ဖြစ်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများမှာ (၉၂) တစ်လီတာလျှင် ၂၂၀၀ ကျပ် ၊ (၉၅ ) တစ်လီတာလျှင် ၂၂၇၅ ကျပ် ဖြစ်သည့်အတွက် တစ်ရက်အတွင်း (၁၀၀) ဝန်းကျင် ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၂၁ ရက် ကော်မတီမှ သတ်မှတ်ပေးထားသည့် စက်သုံးဆီ လက်ကားဈေးနှုန်းများ ရန်ကုန်တိုင်းအတွက် (၉၂) တစ်လီတာ လက်ကားရည်ညွှန်းဈေးမှာ ၂၁၉၀ ကျပ် မန္တလေးတိုင်းအတွက် လက်ကားရည်ညွှန်း‌ဈေးမှာ တစ်လီတာလျှင် ၂၂၆၈ ကျပ် ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းအတွက် (၉၅) တစ်လီတာလျှင် ၂၂၆၇ ကျပ်၊ မန္တလေးတိုင်းအတွက် တစ်လီတာလျှင် ၂၃၄၆ ကျပ် ရောင်းချရန် ရည်ညွှန်းသတ်မှတ်ထားသည်။

ယနေ့ မန္တလေးတိုင်းအတွင်း လက်လီရောင်းချရန် ကော်မတီက သတ်မှတ်ပေးထားသည့် စက်သုံးဆီရည်ညွှန်ဈေးနှုန်းများမှာ (၉၂) တစ်လီတာလျှင် ၂၃၅၅ ကျပ် ဖြစ်ပြီး (၉၅) တစ်လီတာလျှင် ၂၄၃၅ ကျပ် ဖြစ်ကြောင်း သိရသည် ။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၁) ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးကွက် ပေါက်ဈေးအရ (၉၂) တစ်လီတာလျင် ၂၀၆၀ ကျပ်ဖြစ်ပြီး (၉၅) တစ်လီတာလျင် ၂၁၂၀ ကျပ်ဖြစ်သ ည်။

အဆိုပါ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယနေ့ ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်းမှာ စက်သုံးဆီတစ်လီတာလျင် ၃၀၀ ကျပ်နီးပါး မြင့်တက်လာခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here