Thursday, November 28, 2024

UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ နေထိုင်သွားလာမှုအတွက် လူကယ်ပြန်မှညှိနှိုင်းဆောင်...

UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ နေထိုင်သွားလာမှုအတွက် လူကယ်ပြန်မှညှိနှိုင်းဆောင် ရွက်ပေးနေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။ ပြည်ထောင်စုဝန်ကြီးမှ ယနေ့ နိုဝင်ဘာ...

မကွေးမြို့၌ ရွှေဆိုင်ပိုင်ရှင်ကို‌ေ-သနတ်ဖြင့်ပစ်၍ ရွှေထည်ပစ္စည်းများကိုလုယက်ယူဆောင်သွား

မကွေးတိုင်း၊ မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်၌ ရွှေဆိုင်ပိုင်ရှင်အား‌ေ-သနတ်ဖြင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းများကိုလုယက်ယူဆောင်သွားခဲ့မှု ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့လည် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ...

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားသမား (၅၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်မည်

နေပြည်တော်၌ လာမည့် ဒီဇင်ဘာလအတွင်းကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားသမား(၅၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုသို့ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားနည်း(၂၄)မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားသမား(၅၇၆)ဦး၊ နည်းပြ/အုပ်ချုပ်(၁၂၀)...

နိုင်ငံဖြတ်ကျော် ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များကို...

လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်...
HomeNewsLocal NewsACMECS ခရီးသွားလုပ်ငန်း ချိတ်ဆက်မှု...

ACMECS ခရီးသွားလုပ်ငန်း ချိတ်ဆက်မှု မြှင့်တင်ရန် “ငါးနိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်…

ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၏ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးအား မြန်မာနိုင်ငံရှိ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ လက်ခံကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများတက်ရောက်ကာ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုဝန်ကြီး H.E. Mrs. Darany Phommavongsa မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးမှ အကြံပြုချက်များကို အကောင်အထည်ဖော်ရန်၊ ACMECS ခရီးသွားလုပ်ငန်း ချိတ်ဆက်မှု မြှင့်တင်ရန် “ငါးနိုင်ငံ ခရီးစဉ်တစ်ခု” သည် အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ကာ ပိုမိုရေရှည်တည်တံ့ခိုင်မြဲမည့် အသိုက်အဝန်းကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်များအား သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ACMECS ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို အဆင့်မြှင့်တင်ရာတွင် (၁) ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်ခြင်း၊ (၂) ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ (၃) ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းဖလှယ်ခြင်း၊ (၄) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ (၅) ခရီးသွားလုပ်ငန်း၊ ထုတ်ကုန်များ ချိတ်ဆက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်ပတ်သက်မှု၊ (၆) အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ ချမှတ်ရာတွင် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရန်တို့ ပါဝင်သည်။

အဆိုပါ “ငါးနိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို အကောင်အထည်ဖော်အားပေးမည်ဟု ACMECS ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ရတော့မည့် နစက ဥက္ကဋ္ဌမှလည်း နိုဝင်ဘာ၇ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (ACMECS) ထိပ်သီးအစည်းအဝေး၌ ပြောသည်။

အက်မက်စ်ကို လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ ၊ ပုဂံမြို့၌ စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်ရှိတွင် (၂၁) နှစ် ရှိပြီဖြစ်ကာ အဖွဲ့ဝင် (၅) နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို (၄) နှစ်တစ်ကြိမ် တာဝန်ယူကြခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ နေထိုင်သွားလာမှုအတွက် လူကယ်ပြန်မှညှိနှိုင်းဆောင် ရွက်ပေးနေ

UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ နေထိုင်သွားလာမှုအတွက် လူကယ်ပြန်မှညှိနှိုင်းဆောင် ရွက်ပေးနေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။ ပြည်ထောင်စုဝန်ကြီးမှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်တွင်းနေထိုင်ခွင့်၊ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်များအတွက် ဝန်ကြီးဌာနမှညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက အလေးထားပြောကြားခဲ့သည်။ ထို့ပြင် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNHCR တို့ကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို...

မကွေးမြို့၌ ရွှေဆိုင်ပိုင်ရှင်ကို‌ေ-သနတ်ဖြင့်ပစ်၍ ရွှေထည်ပစ္စည်းများကိုလုယက်ယူဆောင်သွား

မကွေးတိုင်း၊ မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်၌ ရွှေဆိုင်ပိုင်ရှင်အား‌ေ-သနတ်ဖြင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းများကိုလုယက်ယူဆောင်သွားခဲ့မှု ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့လည် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းနှင့်သုခိကာလမ်းထောင့်ရှိ ချိုချိုရတနာ အာမခံရွှေဆိုင်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား(၂)ဦးရောက်ရှိလာကာ အသင့်ပါလာသည့် ‌ေ-သနတ်များဖြင့် ရွှေဆိုင်ပိုင်ရှင်အားပစ်ခတ်ပြီးနောက် မှန်ဘောင်များကိုထုဖြင့်ရိုက်ခွဲကာ မှန်ဘောင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ပြီးထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်၌ ‌ေ-သနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် တာဝန်ရှိသူများက မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ရွှေဆိုင်၌စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း...

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားသမား (၅၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်မည်

နေပြည်တော်၌ လာမည့် ဒီဇင်ဘာလအတွင်းကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားသမား(၅၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုသို့ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားနည်း(၂၄)မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားသမား(၅၇၆)ဦး၊ နည်းပြ/အုပ်ချုပ်(၁၂၀) ဦးတို့အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် တိုင်းဝန်ကြီးချုပ်မှ အားကစားသမားများအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစာနည်းအလိုက် အောင်နိုင်လိုစိတ်များပြင်းပြနေရန် လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အားကစားသမားကောင်းပီသစွာပြုမူနေထိုင်သွားရန်နှင့် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ပြိုင်ပွဲတိုင်း၌ အနိုင်ရရှိနိုင်ရေး ယှဉ်ပြိုင်သွားကြရန်လိုအပ်သည်ဟု တိုက်တွန်းပြောကြားသည်။ ထို့ပြင် တိုင်းလက်ရွေးစင်အားကစားသမားအဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများဖြစ်လာစေရေးကို အစွမ်းကုန်ကြိုးစားသွားကြရမည်ဖြစ်ပြီး အားကစားနည်းအလိုက်အောင်မြင်မှုများရရှိခဲ့ပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071