Looking for something?

Explore the website

Looking for something?

Friday, March 14, 2025

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း...

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC...

ဟောင်ကောင်တွင် ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက်...

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက်...

စစ်ကိုင်းတိုင်း အစိုးရအနေဖြင့် ဒေသတွင်း လုံခြံရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။ မတ်လ (၁၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့တွင်...
HomeNewsFootballAFC Women's Futsal...

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား (၁၇) ဦး စာရင်း ထုတ်ပြန်

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား ၁၇ ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထုတ်ပြန်ထား သည်။

ပြိုင်ပွဲအား ယခုလ ဇန်နဝါရီ ၁၅ မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး၊ ကစားသမား ၂၁ ဦးကို စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ပဏာမကစားသမား ၁၇ ဦး ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ရွေးချယ်လိုက်သည့် ကစားသမားများစာရင်းတွင် ချောစန္ဒီအောင်(ဂိုး)၊ သရဖီအောင်(ဂိုး)၊ ယဉ်ယဉ်မိုးနိုင်(ဂိုး)၊ ယုမီမီလွင်၊ နန်းဆိုင်မိန်း၊ မေဇင်ဦး၊ ယမင်းသန့်ဇင်၊ ဆုဝါလွင် ၊ ဝတ်ရည်လွင်၊ ယမင်းလွင်၊ မေထက်ပိုင်၊ ဂျိုမိုးညီ၊ ဇင်ငြိမ်းချစ်၊ ဆက်နွယ်နီ၊ နှင်းစန္ဒာလှိုင်၊ သူဇာလှိုင်နှင့် အေးအေးထွေးတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ကာ ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၅ သင်း ၃ အုပ်စု၊ ၄သင်း ၁အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခြေစစ်ပွဲ အုပ်စု ၄ ခုမှ ထိပ်ဆုံးရပ်တည်မှု ၂ သင်းစီ(၈သင်း)နှင့် အုပ်စု ၄ခုမှ အကောင်းဆုံး အုပ်စု တတိယရအသင်း စုစုပေါင်း ၉သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ၉ သင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် မေ ၇ မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား နစက ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်တော်နှင့် အ ဆောင်အယောင်များဆက်ကပ်ပူဇော်

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်နှင့် နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော်တို့အပါအဝင် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပမှဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့်...

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း ထပ်တိုး

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC အသင်းတို့ ထပ်တိုး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က မြဝတီ အမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီး အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်ကြရာမှ အဆိုပါအသင်း (၂)သင်း ပါဝင်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်းအသင်း (၉)သင်းပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ယမန်နေ့က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် Myanmar Women League...

ဟောင်ကောင်တွင် ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက် ဖိတ်ကြား

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက် ဖိတ်ကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်ဝန်ကြီး Ms. Yandy CHAN အား မတ် (၁၂) ရက်က ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံစဉ် လက်ထောက်ဝန်ကြီးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071