Wednesday, November 27, 2024

သူလျှိုလုပ်သည်ဟု စွပ်စွဲကာ ဗြိတိန်သံတမန်ကို ရုရှားက...

ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် ဗြိတိန်၏လက်နက်များကို ယူကရိန်းကို အသုံးပြုခွင့် ပေးခဲ့၍ လန်ဒန်နှင့် မော်စကိုအကြား တင်းမာမှုမြင့်တက်နေစဉ် သူလျှိုလုပ်မှုကြောင့်ဟုဆိုကာ ရုရှားက ဗြိတိန်သံတမန်တစ်ဦးကို နိုင်ငံမှ...

အမျိုးသား အားကစားပွဲတော်ကို ရန်ကုန်တိုင်းမှ ကစားသမား...

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမား...

တစ်ပွဲရှုံးခဲ့သည့် ရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့်...

ထိုင်းနိုင်ငံအတွင်း ၉ ပွဲထိုး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် ရွာပြန်အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ...

လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၅၀)...
HomeNewsFootballAFF Mitsubishi Electric...

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲ ဝါရင့်ကစားသမားအချို့မပါဝင်သည့် ထိုင်းလက်ရွေးစင်အသင်း

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် ထိုင်းလက်ရွေးစင်အသင်းက ပဏာမ ကစားသမား ၂၆ ဦးစာရင်းကို အသိပေးထုတ်ပြန်လိုက်ပြီဖြစ်ကာအဆိုပါ စာရင်းတွင် ထိုင်းဝါရင့် ကစားသမားများ မပါဝင်လာသည်ကိုတွေ့ရသည်။

မြန်မာပရိသတ်များဖြင့် ရင်းနှီးသည့် ကစားသမားများဖြစ်သော ချာနာသစ်၊ တီယာဆေးလ်၊ သီယာသွန်၊ ဆက်ရှ် တို့
မပါဝင်လာသော်လည်း ပြည်ပအခြေ စိုက်ကစားသမားဖြစ်သည့် ဒိန်းမတ်ကလပ် အိုဒန်စီ ကစားသမား နီကိုလပ်စ်မိုက်ကယ်ဆန်၊ ဂျေလိဂ်ကလပ် ဆာပေါ်ရိုကစားသမား ဆူပါချော့ပ်၊ အူဝါရာရတ်ကစားသမား ပန်ရ၊ ဂျေလိဂ်-၃ကလပ် နာရာအက်ဖ်စီကစားသမား ပက်ထရစ်ဂူစတက်ဆင် တို့ ပါဝင်လာသည်ကိုတွေ့ရသည်။

ထိုင်းလက်ရွေးစင်အသင်းအား ဂျပန်လူမျိုးနည်းပြ မာဆာတာဒါ ကတာဝန်ယူ ကိုင်တွယ်လျှက်ရှိပြီး ၊ ပြိုင်ပွဲအတွင်း ထိုင်းအသင်းအနေဖြင့် မလေးရှား၊ တီမော၊ စင်ကာပူ၊ ကမ္ဘောဒီးယားအသင်းတို့ဖြင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ(၈)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သူလျှိုလုပ်သည်ဟု စွပ်စွဲကာ ဗြိတိန်သံတမန်ကို ရုရှားက နှင်ထုတ်

ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် ဗြိတိန်၏လက်နက်များကို ယူကရိန်းကို အသုံးပြုခွင့် ပေးခဲ့၍ လန်ဒန်နှင့် မော်စကိုအကြား တင်းမာမှုမြင့်တက်နေစဉ် သူလျှိုလုပ်မှုကြောင့်ဟုဆိုကာ ရုရှားက ဗြိတိန်သံတမန်တစ်ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်သည်။ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့် ထောက်လှမ်းမှု နှင့် အဖျက်အမှောင့်လုပ်ရပ်များတွင် ပါဝင်နေသည့်အထောက်အထား စာရွက်စာတမ်းများ ကို တွေ့ရှိမှု တို့ဖြင့် ဗြိတိန်သံတမန်တစ်ဦးကို အရေးယူဆောင်ရွက်ခဲ့သည်ဟု ရုရှား၏ ပြည်တွင်းလုံခြုံရေးအေဂျင်စီ FSB က ကြေညာခဲ့သည်။ ဗြိတိန်သံတမန်သည် ရုရှားနိုင်ငံသို့ ပြည်ဝင်ခွင့်လျှောက်ထားရာတွင် အချက်အလက်အမှားများကို ရည်ရွယ်ချက်ချက်ရှိရှိ ပေးခဲ့ခြင်းဖြင့် ရုရှားနိုင်ငံ ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု FSB...

အမျိုးသား အားကစားပွဲတော်ကို ရန်ကုန်တိုင်းမှ ကစားသမား လေးရာကျော် ပါဝင်ယှဉ်ပြိုင်မည်

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမား (၄၆၇) ဦး၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအင်အား (၁၅၃)ဦး၊ စုစုပေါင်းအင်အား (၆၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲဝင် အားကစားသမားများကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ထူးချွန်ဆုရ လက်ရွေးစင်အားကစားသမားများဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အောက်တိုဘာလ (၁)ရက်မှ နိုဝင်ဘာလ(၁)ရက်အထိ တစ်လကြာစခန်းသွင်း လေ့ကျင့်သင်ကြားပေးထားကြောင်းလည်း သိရသည်။ ကျင်းပတော့မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်...

တစ်ပွဲရှုံးခဲ့သည့် ရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ နီဂရိုး ရင်ဖွင့်ပြောဆို

ထိုင်းနိုင်ငံအတွင်း ၉ ပွဲထိုး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် ရွာပြန်အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ မွန်ဂျစ်(ခ) နီဂရိုး က ပြောကြားထားသည်။ ၎င်းအနေဖြင့် ထိုးကြေးထက် နိုင်ငံဂုဏ်ဆောင်သူ တစ်ဦးဖြစ်လိုပြီး၊ ရိုးရာလက်ဝှေ့ပရိတ်သတ်များအကြား "နီဂရိုး"ဟု အားပေးသံကိုသာ မျှော်လင့်မိကြောင်း ရင်ဖွင့်ပြောဆိုထားသည်။ "ပွဲထိုးရင်း လက်ထိခိုက်ခဲ့တဲ့ဒဏ်ရာထက် အပျက်သဘောဆောင်ဝေဖန်ဆဲဆိုခဲ့ကြတဲ့ ဒဏ်ရာတွေကိုပါ ကုစားဖို့ တစ်နှစ်လောက်ကျွန်တော် ရွာပြန်ပြီး နားပါ့မယ်။ လူကျန်းမာ၊ စိတ်ကျန်းမာအောင်ကုစားပြီး ကျွန်တော်ပြန်လာခဲ့ပါမယ် ခင်ဗျာ။ ကျွန်တော့်ကို ညီရင်းအစ်ကိုသဖွယ် ဖေးမစောင့်ရှောက်ပေးခဲ့တဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071