Thursday, January 2, 2025

အမြန်လမ်းတွင် ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က် အမျိုးသမီးတစ်ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီး...

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ...

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏...

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ YESC...

နေပြည်တော်၌ ၅ ရက်ကြာကျင်းပမည့် MSME...

နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မှစတင်၍ ၅ ရက်ကြာကျင်းပမည့် MSME ထုတ်ကုန်ပြပွဲကိုသွားရောက်ပြသမည့် ကချင်ပြည်နယ်မှ MSME လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း...
HomeInternational

Category: International

ဂျေဂျူးလေယာဉ်ဘလက်ဘောက်စ်ကို အမေရိကသို့ ပို့ဆောင်စစ်ဆေးမည်

လူ ၁၇၉ ဦး‌ေ-သဆုံးခဲ့ရသည့် နိုင်ငံ၏ အဆိုးဝါးဆုံးလေကြောင်းမတော်တဆမှုဖြစ်သော ဂျေဂျူးလေယာဉ်ပျ-က်ကျမှုကို စုံစမ်းစစ်ဆေးနေသူများက...

“အားလုံးအဆင်ပြေသွားမှာပါ” ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ပူတင် ပြောကြား

မော်စကို၏ ယူကရိန်းစစ်ပွဲ လေးနှစ်မြောက်ကာလသို့ ဝင်ရောက်လာတော့မည့် နှစ်သစ်တွင် ပြည်သူများ စည်းလုံးညီညွတ်ကြရန်...

ဂျေဂျူးလေယာဉ်ဘလက်ဘောက်စ်ကို အမေရိကသို့ ပို့ဆောင်စစ်ဆေးမည်

လူ ၁၇၉ ဦး‌ေ-သဆုံးခဲ့ရသည့် နိုင်ငံ၏ အဆိုးဝါးဆုံးလေကြောင်းမတော်တဆမှုဖြစ်သော ဂျေဂျူးလေယာဉ်ပျ-က်ကျမှုကို စုံစမ်းစစ်ဆေးနေသူများက ၎င်းတို့အနေဖြင့် ပြန်လည်ရယူထားသည့် လေယာဉ်၏ ဘလက်ဘောက်စ်နှစ်ခုအနက် တစ်ခုကို အမေရိကသို့ ပို့ဆောင်စစ်ဆေးသွားမည်ဟု ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့သည်။ လူ ၁၈၁ ဦးဖြင့် ထိုင်းနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံကို ပျံသန်းခဲ့သော လေယာဉ်သည် ဘေးဒုက္ခကြုံနေကြောင်း ဆက်သွယ်အသိပေးခဲ့ပြီး ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရာတွင် ပြေးလမ်းကိုကျော်သွားကာ အတားအဆီးတံတိုင်းတစ်ခုနှင့် တိုက်မိပြီး ပေါက်ကွဲမီးလောင်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လေယာဉ်အမှုထမ်းနှစ်ဦးမှအပ လေယာဉ်ပေါ်ပါသူအားလုံး ‌ေ-သဆုံးခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံ၏ အနောက်တောင်ပိုင်း Muan မြို့လေဆိပ်တွင် ယင်းအဖြစ်ဆိုးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘိုးရင်းကုမ္ပဏီမှ အပါအဝင် တောင်ကိုရီးယားနှင့် အမေရိကန်စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်နေရာတွင် ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေမှုများလုပ်ခဲ့သည်။ “လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) က ပျက်စီးခဲ့တာမို့ ပြည်တွင်းမှာတော့ ဒေတာထုတ်ယူလို့ မရလောက်ဘူးလို့ ယူဆထားပါတယ်" ဟု တောင်ကိုရီးယား မြို့ပြလေကြောင်းပျံသန်းမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျိုဂျွန်ဝမ်က ပြောဆိုသည်။ ဘလက်ဘောက်ကို အမေရိကသို့ ပို့ဆောင်၍ စစ်ဆေးဖော်ထုတ်မှုလုပ်ဆောင်ရန် အမေရိကန် နိုင်ငံသယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့နှင့် ယနေ့တွင် သဘောတူညီမှုရခဲ့သည်ဟု သူက ပြောဆိုခဲ့သည်။ လေယာဉ်၏ ဘလက်ဘောက်စ်နှစ်ခုလုံးကို ပြန်လည်ရယူထားနိုင်ကြောင်းနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာအတွက် ကနဦးဒေတာထုတ်ယူမှု ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း မစ္စတာ ဂျိုးက အစောပိုင်းတွင် ပြောကြားထားသည်။ သည်စထရိတ်တိုင်းမ်စ်

လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆ လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လာအို - ထိုင်း ဝန်ကြီးအဆင့်အစည်းအဝေးသို့ နှစ်နိုင်ငံတာဝန်ရှိသူများတက်‌ရောက်ဆွေးနွေးခဲ့ကြောင်း လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ညှိနှိုင်းဆောင်ရွက်ခြင်း၊သတင်းမျှဝေခြင်း၊ပူးပေါင်းထောက်လှမ်းရေး၊စုံစမ်းစစ်ဆေးခြင်းနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာယန္တရားများကိုအဆင့်အားလုံး၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်သုံးသပ်ပြီး အဆိုပါကြိုးပမ်းမှုများကို...

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို ပြည်မကြီးကပံ့ပိုးကူညီမည်

ပေကျင်း၊ဒီဇင်ဘာ ၂၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးက ၎င်းတို့အနေဖြင့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများနှင့်လုပ်ငန်းရှင်များကို ပြည်မကြီး၌ စီးပွားရေးချဲ့ထွင်ရာတွင် ပံ့ပိုးကူညီရန် သက်ဆိုင်ရာအာဏာပိုင်များနှင်ညှိနှိုင်းဆောင်ရွက်နေသည်ဟုဆိုသည်။ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများအတွက် ပြည်မကြီး၏ ပံ့ပိုးကူညီဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်မကြီးသည် ဆန်းသစ်တီထွင်မှု၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် စက်မှုလုပ်ငန်းများနှင် ထောက်ပံ့ရေး ကွင်းဆက်များ ပေါင်းစည်းမှုကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပြည်မကြီးက ထွန်းသစ်စစီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်မှုလုပ်ငန်းဆိုင်ရာအင်တာနက်၊ဉာဏ်ရည်တုနှင့် Internet...

အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ...

အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းသည် ကြာသပတေးနေ့က နယူးဒေလီမြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်သည်။ သူသည် ကျော်ကြားသော စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှု၏ ဖခင်အဖြစ် လူသိများသည့် ထင်ရှားကျော်ကြားသူတစ်ဦးလည်းဖြစ်သည်။ "အိန္ဒိယနိုင်ငံ၏...

ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့ တရုတ်နှင့်ဂျပန်သဘောတူခဲ့ကြ

ပေကျင်း၊ဒီဇင်ဘာ ၂၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယတို့သည် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများအကြားချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ တရုတ်နှင့်ဂျပန်ဆက်ဆံရေးကောင်းမွန်ခြင်းသည် သက်ဆိုင်ရာနှစ်နိုင်ငံအကျိုးအတွက်သာမကဘဲ ၎င်းတို့၏ဆက်ဆံရေးက တည်ငြိမ်မှသာ အာရှလည်းပိုမိုတည်ငြိမ်လာမည်ဖြစ်ကြောင်း ဝမ်ယိကဆိုခဲ့သည်။ ဂျပန်အနေဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ဆက်ဆံရေး၏ မှန်ကန်သောလမ်းကြောင်းကို ထိန်းသိမ်းရန်ဆန္ဒရှိလိမ့်မည်မျှော်လင့်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် မိတ်ဖက်ဆက်ဆံရေးသာဖြစ်သင့်ပြီး ရန်ဘက်ဆက်ဆံရေးမျိုးမဖြစ်စေလိုကြောင်းလည်းဝမ်ကပြောကြားခဲ့သည်။ ယင်းနောက် ဝမ်က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍လည်း အပြုသဘောဆောင်သောအမြင်မျိုးဖြင့် ဂျပန်ကကြည့်မြင်ပေးသင့်ပြီး...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ်...

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည် မကြုံစဖူးသော စွမ်းအင်ပမာဏကို ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရသည်။ Yarlung Zangbo မြစ်အောက်ပိုင်း၌ တည်ရှိမည့် အဆိုပါဆည်သည် နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ...

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့်...

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မကြာခဏကြုံနေရသည့် အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက်...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက်...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို...

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!