Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternational

Category: International

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး...

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး ပျံ့နှံ့လောင်ကျွမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုအခါတွင် ဟက်တာ ၂၈၀၀၀ ကျော်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောဆိုသည်။ တောမီးလောင်မှုများကို မီးသတ်ယာဉ် ၁၀၀ ကျော်၊ လေယာဉ် 25 စီးနှင့်အတူ မီးသတ်သမား ၄၀၀ ခန့်က ငြိမ်းသတ်နေသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ လေတိုက်နှုန်း ကျသွားသောကြောင့် မီးရှိန်တည်ငြိမ်သွားပြီဖြစ်သည်ဟု စီရင်စုမီးသတ်အာဏာပိုင်အဖွဲ့ ဒုတိယအရာရှိချုပ် ဂယ်ရီကွတ်က သတင်းဌာနကို ပြောဆိုခဲ့သည်။ လူ ၃၃ ဦး‌ေ-သဆုံးကာ တူရကီနိုင်ငံအရွယ်အစားဧရိယာမျှ လောင်ကျွမ်းခံခဲ့ရသည့် ၂၀၁၉-၂၀၂၀ က “Black Summer” တောမီးဖြစ်စဉ်နှင့်နှိုင်းယှဉ်ပါက မီးလောင်ဖြစ်စဉ်နည်းပါးသော ရာသီများကိုဖြတ်သန်းခဲ့အပြီးတွင် ယခုနှစ်သြစတြေးလျ၏ နွေရာသီသည် အန္တရာယ်များသော တောမီးရာသီဖြစ်ကြောင်း သြစတြေးလျအစိုးရက သတိပေးထားသည်။ Ref: အက်ဖ်အမ်တီ

ပြင်သစ်တွင်ဈေးနှုန်းများမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ

ပါရီ၊အောက်တိုဘာ ၁၇ ယခုရက်သတ္တပတ်အတွင်း ပြင်သစ်ရေနံချက်စက်ရုံများတွင် လုပ်ခများတိုးမြှင့်ရရှိရေး သပိတ်မှောက်မှုများဖြစ်ပေါ်လာရာမှ အထွေထွေသပိတ်ကြီးပါဆင်နွှဲခဲ့ကြပြီး အောက်တိုဘာ ၁၆ ရက် တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။ လက်ဝဲပါတီ လာဖရွန့် အင်ဆူမီး (ဦးမညွှတ်သော ပြင်သစ်) ၏ခေါင်းဆောင် ယွန် –လု(ခ်) မယ်လင်ခွန် သည် ယခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင် အင်နီ...

ကမ္ဘာ့အလေးချိန်အစီးဆုံး ရွှေဖရုံသီးကြီး

အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ ရှားလော့မြို့က ယာသမားတစ်ဦးဖြစ်တဲ့ ဒဲရက်ရုသ်ဟပ်ဖ်ရဲ့ ခြံထွက် Butternut Squash အမျိုးအစား ရွှေဖရုံသီးကြီးတစ်လုံးဟာ အလေးချိန် ၁၀၄ ဒသမ ၅ ပေါင်(၄၇ ဒသမ ၄ ကီလိုဂရမ်ခန့်) အလေးချိန်စီးတာကြောင့် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်က ကမ္ဘာ့အလေးချိန်အစီးဆုံး ရွှေဖရုံသီးကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်...

ယူဂန်ဒါနိုင်ငံတွင် အီဘိုလာ​ကြောင့်​သေဆုံးသူ ၁၉ဦးရှိလာသဖြင့်ခရိုင်နှစ်ခုကို...

စက်တင်ဘာ ၂၀ ရက်က ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ သေဆုံးသူ ၁၉ ဦးနှင့် အတည်ပြုလူနာ ၅၈ ဦးရှိကြောင်း ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက စ​နေ​နေ့တွင်သတင်းထုတ်ပြန်ထားသည်။ ယူဂန်ဒါသမ္မတ Yoweri Museveni သည် အီဘိုလာရောဂါပျံ့နှံ့မှုကိုတားဆီးရန်အတွက် ခရိုင်နှစ်ခုတွင် ၃ ပတ်ကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး ​ရောဂါဖြစ်ရခြင်းဇစ်မြစ်ကိုရှာ​ဖွေသွားမည်ဟုသိရသည်။ ဝတ်ပြုရာနေရာများ၊...

SpaceX ရဲ့ Dragon...

အာကာသယာဉ်မှူး ၄ ဦးပါဝင်လိုက်ပါသွားကြပြီး ဘီလျံနာအီလွန်မတ်စ်ရဲ့  SpaceX ကုမ္ပဏီက လွှတ်တင်ထားတဲ့ Dragon အာကာသယာဉ်ဟာ ကမ္ဘာပေါ်ကို အောင်မြင်စွာပြန်လည်ဆင်းသက်လာပြီဖြစ်ပါတယ်။ အဲဒီ အာကာသယာဉ်ကို Freedom လို့ နာမည်ပေးထားတဲ့ ဒုံးယာဉ်နဲ့ အာကာသထဲကို လွှတ်တင်ခဲ့တာဖြစ်ပြီး၊ အာကာသထဲမှာ ရှိနှင့်နေပြီသား နိုင်ငံတကာ အာကာသစခန်းနဲ့ ပထမဆုံးချိတ်ဆက်တဲ့ SpaceX...

သမ္မတဘိုင်ဒင်၏နျူဝေဖန်မှုကြောင့် ပါကစ္စတန်မှအမေရိကန်သံအမတ်အားဆင့်ခေါ်

ကာရာချီ၊အောက်တိုဘာ ၁၅ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပါကစ္စတန်၏ နျူကလီးယားအစီအစဉ်ဘေးကင်းမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီးနောက် အမေရိကန်သံအမတ်အားဆင့်ခေါ်ခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။ ကြာသပတေးနေ့က‌ ပြောကြားသည့်မိန့်ခွန်းတွင် ပါကစ္စတန်သည်စည်းလုံးမှုမရှိဘဲ နျူလက်နက်ကိုကိုင်ဆောင်ထားသဖြင့် ကမ္ဘာပေါ်၌အန္တရာယ်အရှိဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်လာနိုင်သည် ဟု သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto – Zardari ကမူ ယခုလိုဝေဖန်မှတ်ချက်ပြုခြင်းအပေါ် အံ့ဩမိကြောင်းပြောကြားခဲ့သည်။ “...

ဇမ်ဘီယာအနေဖြင့် တရုတ်အပါအဝင်အခြားမြီရှင်များနှင့်ပါအဆက်အသွယ်မပြတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

ဂျိုဟန်းနက်စ်ဘာ့ခ်၊အောက်တိုဘာ ၁၅ ဇမ်ဘီယာသည် ကြွေးမြီ ပေးဆပ်မှု ဇယားကို ပြန်လည်ပြင်ဆင်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်နေသဖြင့် တရုတ်နိုင်ငံနှင့် ၎င်း၏အခြားမြီရှင်များနှင့်ပါ အဆက်သွယ်ရှိနေဆဲဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး Situmbeko Musokotwane က အောက်တိုဘာလ ၁၅ ရက် စနေနေ့ကပြုလုပ်သော နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကြောင့်ကြွေးမြီပေးချေရန် ပျက်ကွက်ခဲ့သည့်ပထမဆုံးအာဖရိကန်နိုင်ငံဇမ်ဘီယာအတွက် ဘုံသဘောတူညီချက်မူဘောင်ချမှတ်ကာ ကြွေးမြီ‌ေပးဆပ်မှုပံုစံအတွက်ပြန်လည်ညှိနှိုင်းသောနည်းလမ်းမှလွဲ၍...

ပဲ့ထိန်းဒုံးကျည်ကို ရေငုပ်သင်္ဘောမှ အိန္ဒိယ...

ပဲ့ထိန်းဒုံးကျည်တစ်စင်းကို နျူစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းပေါ်မှနေ၍ ပြီးခဲ့သည့် သောကြာနေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းသည် နျူလက်နက် တန်ပြန်တိုက်ခိုက်ရေးနှင့် ထိုးစစ်ဆင်ခြင်းစွမ်းရည်ကို စမ်းသပ်လေ့ကျင့်ခြင်းဖြစ်ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့နှင့်အတူ ယင်းစွမ်းရည်ကို အိန္ဒိယကလည်း ပိုင်ဆိုင်သွားပြီဖြစ်သည်။ ယခု စမ်းသပ်ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယနိုင်ငံကပင်ပြုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။ Source: AFP

ပြင်သစ် TotalEnergies ၏ရေနံချက်စက်ရုံနှင့်လောင်စာသိုလှောင်ရုံများတွင်...

ပါရီ၊အောက်တိုဘာ ၁၅ ပြင်သစ်ရေနံချက်စက်ရုံနှင့်လောင်စာဆီအရောင်းဌာနမှလုပ်သားများသည် ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TotalEnergies မှပိုင်ဆိုင်သည့် လုပ်ငန်းခွင်နေရာငါးခု၌ အောက်တိုဘာ ၁၅ ရက် စနေနေ့တွင်ဆက်လက်သပိတ်မှောက်သွားမည်ဟုဆိုခဲ့သဖြင့် လာမည့်သီတင်းပတ်အစောပိုင်းတွင်ပြုလုပ်မည့် ပိုမိုကြီးမားသောဆန္ဒပြပွဲများမတိုင်မီ လောင်စာဆီထောက်ပံ့မှုအပေါ်စိုးရိမ်မှုများလည်းတိုးလာခဲ့သည်။ ဟိုက်ဒရိုကာဗွန်စက်မှုလုပ်ငန်းခေါင်းဆောင်ထံမှ လစာပေးချေရန်ကမ်းလှမ်းမှုကို ဆန္ဒပြသူများကပယ်ချပြီးနောက် ပြင်သစ်၏ရေနံချက်စက်ရုံခုနစ်ခုမှလေးခုနှင့်လောင်စာဆီဆိုင်တစ်ခုတို့လည်း လုပ်ငန်းရပ်တန့်ခဲ့ရသည်။ Esso ExxonMobil ၏ ရေနံချက်စက်ရုံနှစ်ခုမှ အလုပ်သမားများကမူ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပြီးနောက် လုပ်ငန်းများပြန်လည်စတင်နိုင်ခဲ့သည်။အဆိုပါဆန္ဒထုတ်ဖော်မှုများကြောင့် ဓာတ်ဆီဆိုင်များအပြင်ဘက်၌...

ကိုဗစ်ကာကွယ်ဆေးပုံစံသစ်

အပ်မပါဘဲ နှာခေါင်းမှတစ်ဆင့် ကိုဗစ် ကာကွယ်ဆေးထည့်ခြင်းကို အသုံးပြုရန်အိန္ဒိယနှင့်နိုင်ငံအချို့တွင်ခွင့်ပြုချက် ရရှိထားသည်။ အိန္ဒိယ ဆေးကုမ္ပဏီ Bharat Biotech International က ၎င်း၏နှာခေါင်းကာကွယ်ဆေးအားလက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုချက်ရရှိထား​ကြောင်းစက်တင်ဘာလတွင် ကြေညာခဲ့သည်။ ကပ်ရောဂါ တိုက်ဖျက်​ရေးကိရိယာသစ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ချို့တဲ့​သောနိုင်ငံများတွင်စတင်နေပြီဟုသိရသည်။ Source:nikkeiasia
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!