Sunday, December 22, 2024

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင်...

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation...
HomeInternational

Category: International

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က...

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော...

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့် စနစ်ဖြင့် စီမံခန့်ခွဲခြင်းမလုပ်ပါက ယင်းကို လွှဲပြောင်းပေးအပ်ရန် အမေရိကမဟာမိတ်ထံ သူ တောင်းဆိုသွားမှာဖြစ်ကြောင်း ဆိုခဲ့သည်။ Truth ဆိုရှယ်မီဒီယာပေါ်တွင် ညနေပိုင်းတင်ခဲ့သောပို့စ်၌ တူးမြောင်းကို မသင့်တော်သောသူ ၏ လက်တွင်းကျရောက်ခံမည်မဟုတ်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ တူးမြောင်းကို တရုတ်နိုင်ငံက စီမံခန့်ခွဲမှုမရသင့်ဟု ရေး သား ခဲ့ကာ တူးမြောင်းကို ဖြတ်သန်းမှုအပေါ် တရုတ်၏ သြဇာလွှမ်းမိုးလာနိုင်ခြေရှိခြင်းကို သူက သတိပေးခဲ့ပုံရသည်။ အဆိုပါပို့စ်အရ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအား နယ်မြေလွှဲပြောင်းပေးရန် တွန်းအားပေးနိုင်သည့် အမေရိကန်သမ္မတတစ်ဦး၏ ပြောကြားချက်တွင် အလွန်ရှားပါးသည့် သာဓကတစ်ခုဖြစ်သည်။ မဟာမိတ်များကို ခြိမ်းခြောက်ခြင်းနှင့် မိတ်ဖက်များနှင့် ဆက်ဆံရာတွင် ရင့်သီးသော စကားလုံးများသုံးခြင်းကို အစဉ်သဖြင့်လုပ်လာခဲ့သော ထရမ့်ပ်လက်ထက်တွင် အမေရိကန်သံတမန်ရေးသည် မျှော်လင့်ထားသကဲ့သို့ အပြောင်းအလဲဖြစ်လာမည်ကို ထိုအချက်က ပေါ်လွင်စေသည်။ အမေရိကန်ပြည်ထောင်စုသည် တူးမြောင်းကို အဓိကအားဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဖြတ်သန်းသွားလာသည့် နယ်မြေကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ပူးတွဲအုပ်ချုပ်မှုကာလပြီးဆုံးပြီးနောက် ၁၉၉၉ ခုနှစ်တွင် အမေရိကန်အစိုးရက တူးမြေင်းထိန်းချုပ်မှုကို ပနားမားသို အပြည့်အ၀ လွှဲပြောင်းပေးခဲ့သည်။ “အထူးသဖြင့် အမေရိက,က ပနားမားကို အပ်နှင်းထားတဲ့ ထူးခြားတဲ့ရက်ရောမှုအရဆိုရင် ပနားမားရဲ့ ကောက်ခံတဲ့ အခကြေးငွေဟာ ရယ်စရာကောင်းပါတယ်” ဟု ထရမ့်ပ်က ပို့စ်တွင် ရေးသားခဲ့သည်။ တူးမြောင်းကို...

ရေမှတဆင့်ကူးစက်သည့်ရောဂါများ ပြန့်ပွားနေသဖြင့် ပါကစ္စတန်ဆေးရုံ၌လူနာများပြည့်နေ

ဆယ်ဟွမ်၊အောက်တိုဘာ ၃ ပါကစ္စတန်တောင်ပိုင်း ဆယ်ဟွမ်မြို့ရှိ အစိုးရဆေးရုံ၏ အရေးပေါ်ဌာန၌ လူနာများပြည့်လျှံနေကာ ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၏အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားပြီးနောက် ရေကြီးမှု၏နောက်ဆက်တွဲဖြစ်သည့် ငှက်ဖျားရောဂါနှင့်အခြားဖျားနာမှုများကြောင့် ရာနှင့်ချီသောလူများသည် ဆေးရုံ၏အခန်းများနှင့် စင်္ကြံလျှောက်လမ်းများတွင်ပါ ပြည့်ကျပ်နေပြီး ကုသမှုခံယူရန်စောင့်ဆိုင်းနေကြသည်။ "ကျွန်တော်တို့အနေနဲ့ အရင်ထက်ပိုအလုပ်များလာပါတယ်၊ကိုယ့်ဘာသာဗိုင်းခနဲပဲလဲကျတော့မလိုလို၊အကြောဆေးပဲပြေးသွင်းရတော့မလိုလိုတောင်ခံစားရပါတယ်" ဟု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Ahmed က ဆေးရုံကန်တင်း၌‌ခေတ္တအနားယူစဉ်ပြောကြားခဲ့သည်။ "ဒါပေမဲ့အဲ့ဒီလူနာတွေရဲ့ ဆုတောင်းမေတ္တာတွေ၊သူတို့ပေးတဲ့ခွန်အားတွေနဲ့ပဲ ကျွန်တော်တို့ဆက်လျှောက်နေရတာပါ"...

အင်ဒိုနီးရှား၏ဩဂုတ်လ၌နိုင်ငံခြားသားဝင်ရောက်မှု ကူးစက်ရောဂါစတင်ချိန်ကတည်းကအများဆုံးဖြစ်

ဂျကာတာ၊အောက်တိုဘာ ၃ အင်ဒိုနီးရှားနိုင်ငံသို့ ဩဂုတ်လအတွင်းနိုင်ငံခြားသား‌ဝင်ရောက်မှုသည် ကပ်ရောဂါစတင်ချိန်ကတည်းက အမြင့်ဆုံးဖြစ်ခဲ့သည်ဟု အောက်တိုဘာလ ၃ ရက် တနင်္လာကိန်းဂဏန်းများအရသိရှိရပြီး အဆိုပါရလဒ်သည် ကန့်သတ်ချက်များဖြေလျှော့လိုက်မှု၏ အကျိုးဆက်များဖြစ်သည်ဟုဖော်ပြထားသည်။ ဩဂုတ်လတွင် အင်ဒိုသို့လူဝင်ရောက်မှု ၅၁၀,၂၀၀ ခန့်ရှိခဲ့ပြီး အများသူငှာပါဝင်သည့် လှုပ်ရှားမှုများလည်း ဆက်လက်တိုးတက်နေခဲ့သဖြင့် ယခင်နှစ်သြဂုတ်လက လူဦးရေ ၁,၈၀၀ မှ ယခုပမာဏအထိတိုးလာခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားစာရင်းအင်းဌာနအကြီးအကဲ...

အင်ဒိုနီးရှားက မာလန်ဘောလုံးကွင်းရှိ ဖြစ်ရပ်ဆိုးအား...

အင်ဒိုနီးရှားနိုင်ငံသည် ကလေးငယ်များအပါအဝင် လူပေါင်း ၁၂၀ ကျော်အား သေဆုံးစေခဲ့သည့် မာလန်ဘောလုံးကွင်းရှိ လူအုပ်ပိသေဆုံးမှု ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်အတွက် သီးခြားလွတ်လပ်သော ဖြစ်ရပ်မှန် စုံစမ်း ဖေါ်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ အင်ဒိုနီးရှား၏ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Mahfud MDက ယခုဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မာလန်...

တတိယမြောက်ချားလ်စ်ဘုရင် မင်းမြတ်သည် ရာသီဥတုဆိုင်ရာ...

လန်ဒန်၊ အောက်တိုဘာ ၂  တတိယမြောက် ချားလ်စ် ဘုရင်မင်းမြတ် သည် လာမည့်လတွင် အီဂျစ်၌ကျင်းပမည့် နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့တဲ့လက ဗြိတိန်ဝန်ကြီးချုပ် လစ်ပ်သရပ်နှင့် ချားလ်စ်ဘုရင်တို ဘက်ကင်ဟမ် နန်းတော်၌ တွေ့ဆုံစဉ် သရပ်က COP27 အမည်ရ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲသို...

ရန်စမှုများရပ်တန့်သည်နှင့်တစ်ပြိုင်နက် တူကီယေးနှင့် ဆွေးနွေးရန်လမ်းဖွင့်ထားဟုဂရိဆို

အေသင်၊အောက်တိုဘာ ၂ ဂရိနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအပေါ်အခြေခံ၍ တူကီ‌ယေးနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လိုကြောင်းပြောကြားခဲ့ပြီး ထိုသို့ဆွေးနွေးနိုင်ရန် တူကီယေးအနေဖြင့် ၎င်း၏ရန်စမှုများ ပိမိုများပြားလာခြင်းကိုရပ်တန့်ရမည်ဟု ဂရိနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော တူကီယေးနှင့်ဂရိတို့သည် အစဉ်အဆက်ပိုင်နက်နယ်မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အငြင်းပွားလေ့ရှိကြသော အိမ်နီးချင်းနှစ်နိုင်ငံလည်းဖြစ်သည်။ "ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမလာကတော့ တူကီယေးရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်၊ဒါပေမယ့် ဆွေးနွေးပွဲအတွက် အခြေခံလိုအပ်ချက်ကတော့...

နိုင်ဂျီးရီးယားက တရုတ် C919...

မွန်ထရီရယ်၊အောက်တိုဘာ ၂ နိုင်ဂျီးရီးယားနိုင်ငံ၏ ဖွံ့ဖြိုးစလေကြောင်းလိုင်း Nigeria Air သည် ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် လေယာဉ်အစင်း ၃၀ ထိတိုးလာနိုင်ကြောင်း လေကြောင်းဝန်ကြီး Hadi Sirika က စနေနေ့တွင်ပြောကြားခဲ့ပြီးတရုတ်နိုင်ငံ၏ C 919 ခရီးသည်တင်လေယာဉ်များကို ဝယ်ယူရန်စဉ်းစားနေကြောင်းသိရှိရသည်။ တိုးချဲ့မည့်လေကြောင်းလိုင်းအသစ်တွင် Airbus နှင့် Boeing လေယာဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း...

ဂျပန်၊တောင်ကိုရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုတိုးမြှင့်ရန်အ‌မေရိက ချိန်ဆနေ

ဟိုနိုလူလူ၊အောက်တိုဘာ ၂ မကြာသေးမီကမြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကသည် မဟာမိတ်ဂျပန်၊တောင်ကိုရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုထပ်မံပြုလုပ်နိုင် ရန်ချိန်ဆနေသည်ဟု လေတပ်ဦးစီးမှူးတစ်ဦးကပြောကြားခဲ့သည်။ ပဲ့ထိန်းဒုံးကျည်နောက်ဆုံးပစ်လွှတ်မှုအနေဖြင့် မြောက်ကိုရီးယားသည် စနေနေ့နံနက်က လေးကြိမ်မြောက်ပစ်လွှတ်ခဲ့ပြီး အဆိုပါပစ်လွှတ်မှုသည် ဂျပန်ပင်လယ်ထဲသို့ ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။ သို့သော် အမေရိကန် - အင်ဒိုပစိဖိတ်ဒေသ စစ်ဌာနချုပ်ကမူ ယခုပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုသည် အမေရိကန်တပ်ဖွဲ့ဝင်များ၊နယ်မြေနှင့် မဟာမိတ်များကို ခြိမ်းခြောက်မှုမပြုဘဲ...

နက်ဖန်ထွက်ရှိလာမည့် ​ငွေအ​ကြွေ​စေ့များ

ဗြိတိသျှဘုရင်စနစ်တ​လျောက် ဒင်္ဂါးပြားများကို နှစ်ပေါင်း ၁၁၀၀ကျော်ထုတ်လာခဲ့သည့်Royal Mint က တတိယ​မြောက်ချားလ်စ်ဘုရင်မင်းမြတ်ပုံပါ ​​‌ေသာ ငွေအ​ကြွေ​စေ့နှင့် ဒုတိယ​မြောက်အဲလိဇဘက် ဘု ရင်မကြီး၏ ထူးထူးခြားခြား နန်းသက် နှစ် ၇၀ UK ​ငွေအ​ကြွေ​စေ့ တို့ကို ​အောက်တိုဘာ ၃ ရက်​နေ့ (နက်ဖန်)တွင် ထုတ်​ဝေမည်။ "မယ်တော်...

ဘောလုံးပွဲ ပရိသတ်ရန်ပွဲကြောင့် အင်ဒိုမှာ...

အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းဘောလုံးပွဲတစ်ခုမှာ နှစ်ဖက်ပရိသတ်တွေ ရန်ဖြစ်ကြတာကြောင့် လူ ၁၄၀ ကျော်သေဆုံးပြီး ၁၈၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဒီနေ့ အောက်တိုဘာ ၂ရက်နေ့မှာပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဂျာဗား၊ မာလန်းမြို့က Kanjuruhan အားကစားကွင်းမှာ ပြည်တွင်း ဘောလုံးအသင်းတွေဖြစ်ကြတဲ့ Arema FC နဲ့...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!