Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternational

Category: International

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး...

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး ပျံ့နှံ့လောင်ကျွမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုအခါတွင် ဟက်တာ ၂၈၀၀၀ ကျော်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောဆိုသည်။ တောမီးလောင်မှုများကို မီးသတ်ယာဉ် ၁၀၀ ကျော်၊ လေယာဉ် 25 စီးနှင့်အတူ မီးသတ်သမား ၄၀၀ ခန့်က ငြိမ်းသတ်နေသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ လေတိုက်နှုန်း ကျသွားသောကြောင့် မီးရှိန်တည်ငြိမ်သွားပြီဖြစ်သည်ဟု စီရင်စုမီးသတ်အာဏာပိုင်အဖွဲ့ ဒုတိယအရာရှိချုပ် ဂယ်ရီကွတ်က သတင်းဌာနကို ပြောဆိုခဲ့သည်။ လူ ၃၃ ဦး‌ေ-သဆုံးကာ တူရကီနိုင်ငံအရွယ်အစားဧရိယာမျှ လောင်ကျွမ်းခံခဲ့ရသည့် ၂၀၁၉-၂၀၂၀ က “Black Summer” တောမီးဖြစ်စဉ်နှင့်နှိုင်းယှဉ်ပါက မီးလောင်ဖြစ်စဉ်နည်းပါးသော ရာသီများကိုဖြတ်သန်းခဲ့အပြီးတွင် ယခုနှစ်သြစတြေးလျ၏ နွေရာသီသည် အန္တရာယ်များသော တောမီးရာသီဖြစ်ကြောင်း သြစတြေးလျအစိုးရက သတိပေးထားသည်။ Ref: အက်ဖ်အမ်တီ

တရုတ်ကျောက်မီးသွေးကုမ္မဏီများအားဈေးနှုန်းတည်ငြိမ်အောင် ထိန်းထားရန် သတိပေး

တရုတ်ကျောက်မီးသွေးကုမ္မဏီများအားဈေးနှုန်းတည်ငြိမ်အောင် ထိန်းထားရန် သတိပေး ပေကျင်း၊စက်တင်ဘာ ၁၅ Bohai ပင်လယ်အော်ဒေသရှိ ဆိပ်ကမ်းများ၌ လုပ်ငန်းလည်ပတ်နေသော ကျောက်မီးသွေးကုမ္ပဏီများသည် ဆောင်းတွင်းဝယ်လိုအားအထွတ်အထိပ်ကာလမတိုင်မီ ဈေးနှုန်းတည်ငြိမ်နေစေရန်အတွက် ရေရှည်စာချုပ်များကိုလိုက်နာရန် တရုတ်နိုင်ငံ၏ နိုင်ငံတော်စီးပွားရေးစီမံကိန်းဌာနက ကြာသပတေးနေ့၌သတိပေးခဲ့သည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုများကြောင့် Qinghuangdao, Tangshan နှင့် Cangzhou မြို့များရှိ...

အင်ဒိုနီးရှားသည် ဩဂုတ်လတွင်ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ...

အင်ဒိုနီးရှားသည် ဩဂုတ်လတွင်ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံရရှိခဲ့ပြီးမျှော်မှန်းထားသည်ထက်ကျော်လွန်ဟုဆို ဂျာကာတာ၊စက်တင်ဘာ ၁၅ ပို့ကုန်သွင်းကုန်သည် ခန့်မှန်းချက်ထက်သာလွန်သောကြောင့် အင်ဒိုနီးရှားသည် ဩဂုတ်လတွင် ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံဖြင့်စံချိန်တင်ခဲ့ပြီး လေးလအတွင်းအများဆုံးနှင့်မျှော်မှန်းထားသည်ထက်ပင် ပိုမိုများပြားခဲ့သည်ဟုကြာသပတေးနေ့တရားဝင်ဒေတာများကဖော်ပြထားသည်။ ရိုက်တာသတင်းဌာန၏စစ်တမ်းအရ ပိုငွေဒေါ်လာ ၄ ဒသမ ၀၉ ဘီလီယံအထိမျှော်မှန်းထားသည်ဟုဖော်ပြထားသည်။သယံဇာတပေါကြွယ်ဝသောနိုင်ငံသည်...

ဥရောပကရုရှားကိုအစားထိုးရန် အရှေ့အလယ်ပိုင်းနှင့်အာရှမှ ဒီဇယ်များကိုပိုမိုတင်သွင်းမည်

ဥရောပကရုရှားကိုအစားထိုးရန် အရှေ့အလယ်ပိုင်းနှင့်အာရှမှ ဒီဇယ်များကိုပိုမိုတင်သွင်းမည် လန်ဒန်၊စက်တင်ဘာ ၁၄ ဥရောပသည် ရုရှားမှအပဖြစ်သော လောင်စာဈေးကွက်ကိုပိုမိုရှာဖွေလျက်ရှိကာ ၎င်း၏ဒီဇယ်လိုအပ်ချက်အတွက် ယခုလအတွင်းလောင်စာဆီတင်သွင်းမှုသည် သုံးနှစ်တာကာလအတွင်းအမြင့်ဆုံးဖြစ်မည့်လမ်းကြောင်းပေါ်သို့ရောက်ရှိကြောင်း ရေနံခွဲခြမ်းစိတ်ဖြာ‌ လေ့လာရေးကုမ္ပဏီ Vortexa ၏ အချက်အလက်များအရသိရှိရသည်။ စက်တင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ အချက်အလက်များအရ ဥရောပသည်ယခုလတွင် တစ်ရက်လျှင်စည်ပေါင်း ၁ ဒသမ ၆၅...

ယူကရိန်း၏နေတိုးရည်မှန်းချက်က ရုရှားအတွက်ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေသေး

ယူကရိန်း၏နေတိုးရည်မှန်းချက်က ရုရှားအတွက်ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေသေး မော်စကို၊စက်တင်ဘာ ၁၄ အနောက်နေတိုးစစ်ဘက်မဟာမိတ်အဖွဲ့တွင် ပါဝင်ရန်ကြိုးပမ်းနေသည့် ယူကရိန်း၏လက်ရှိရည်မှန်းချက်သည် ရုရှားနိုင်ငံ၏ လုံခြုံရေးကိုခြိမ်းခြောက်နေသဖြင့် ရုရှားအတွက်လိုအပ်သောကြောင့် ယူကရိန်းသို့အထူးစစ်ရေးစစ်ဆင်မှုကိုပြုလုပ်ရခြင်းဖြစ်သည်ဟု ခရင်မလင်နန်းတော်က စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။ မော်စကိုသည် သမ္မတဗလာဒီမာဇလန်းစကီး၏ရုံးမှ အင်္ဂါနေ့ကထုတ်ပြန်ခဲ့သော ယူကရိန်း၏ နေတိုးအဖွဲ့သို့ပူးပေါင်းရန်မျှော်မှန်းချက်နှင့် ၎င်း၏အပြန်အလှန်ကာကွယ်ရေးအစီအစဉ်မှအကျိုးအမြတ်များကို ဖော်ပြထားသည့် လုံခြုံရေးအာမခံချက်မူကြမ်းကိုတုံ့ပြန်ခဲ့သည်။ သတင်းထောက်များနှင့်တွေ့ဆုံသည့် ဆွေးနွေးပွဲတွင်ခရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov...

ဆွီဒင်ဝန်ကြီးချုပ် နှုတ်ထွက်​တော့မည်

ဆွီဒင်ဝန်ကြီးချုပ် နှုတ်ထွက်​တော့မည် ဆွီဒင် ဆိုရှယ်ဒီမိုကရက်တစ် ဝန်ကြီးချုပ် Magdalena Andersson သည် ဗုဒ္ဓဟူးနေ့က ကျင်းပ​သော ရွေးကာက်ပွဲတွင်ရှုံးနိမ့်သွားခဲ့သည်။ လက်ယာယိမ်း အတိုက်အခံ လေးပါတီညွန့်​ပေါင်းအဖွဲ့က အနိုင်ရပြီး အစိုးရသစ် ဖွဲ့ရန် ပထမဆုံး လုပ်ဆောင်​နေပြီ ဖြစ်သည်။ ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး ဖြစ်သဖြင့်​သေချာသ​လောက်ရှိ​သည်။ရလဒ်ကို တရားဝင် အတည်ပြုဖို့...

တရုတ်နိုင်ငံတွင်အင်အားပြင်းတိုင်ဖွန်းဝင်မည်ဟု ခန့်မှန်းထားသောကြောင့်အနီရောင်သတိပေးချက်ထုတ်ပြန်ထား

တရုတ်နိုင်ငံတွင်အင်အားပြင်းတိုင်ဖွန်းဝင်မည်ဟု ခန့်မှန်းထားသောကြောင့်အနီရောင်သတိပေးချက်ထုတ်ပြန်ထား ဘေဂျင်း၊စက်တင်ဘာ ၁၄ တရုတ်နိုင်ငံ အမျိုးသား စူးစမ်းလေ့လာရေးဌာနကမုန်တိုင်း အနီရောင်သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။  တိုင်ဖွန်း Muifa သည် ထိုနေ့၌ ကုန်းတွင်းပိုင်းသို့ နှစ်ကြိမ်ဝင်ရောက်မည်ဟု ခန့်မှန်းထားသောကြောင့်  သတိပေးချက်အဆင့်ပြင်းထန်ရခြင်းဖြစ်သည်။ ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက် တိုင်ဖွန်း Muifa သည် Zhejiang ပြည်နယ်ရှိ Xiangshan ကောင်တီ၏...

ပူတင်နှင့်ရှီတို့ ယူကရိန်းနှင့်ထိုင်ဝမ်အရေးဆွေးနွေးမည်ဟု ခရင်မလင်ထုတ်ပြန်

ပူတင်နှင့်ရှီတို့ ယူကရိန်းနှင့်ထိုင်ဝမ်အရေးဆွေးနွေးမည်ဟု ခရင်မလင်ထုတ်ပြန် မော်စကို၊စက်တင်ဘာ ၁၄ ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့တွင် ဥဇဘက်ကစ္စတန်၌ပြုလုပ်မည့် အစည်းအဝေး၌ ပထဝီနိုင်ငံရေးအခြေအနေအရ အထူးအရေးကြီးသည်ဟုယူဆထားသည့် ယူကရိန်းနှင့်ထိုင်ဝမ်အရေးများကိုဆွေးနွေးမည်ဖြစ်ကြောင်း ခရင်မလင်နန်းတော်၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။ တရုတ်သမ္မတရှီသည် မော်စီတုန်းနောက်ပိုင်း ဩဇာအကြီးဆုံးနိုင်ငံ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းမခံရမီတစ်လအလိုတွင် ပူတင်နှင့်တွေ့ဆုံရန်ရှိသည့် အာရှအလယ်ပိုင်းသို့ခရီးထွက်မည်ဖြစ်ပြီး ကိုဗစ်အလွန်ပထမဆုံးခရီးစဉ်ဖြစ်သည်။ သမ္မတနှစ်ဦးသည် နှစ်နိုင်ငံအစီအစဉ်များနှင့် အဓိကကျ‌ သောဒေသတွင်းနှင့်နိုင်ငံတကာ အကြောင်းအရာများကိုပါဆွေးနွေးသွားမှာဖြစ်ပါတယ်”...

ယူကရိန်းက ကျုး‌ကျော်လာသော်လည်း စစ်အင်အားကိုစုစည်းရန်အစီစဉ်မရှိဟုရုရှားဆို

ယူကရိန်းက ကျုး‌ကျော်လာသော်လည်း စစ်အင်အားကိုစုစည်းရန်အစီစဉ်မရှိဟုရုရှားဆို လန်ဒန်၊စက်တင်ဘာ ၁၃ ရုရှားနိုင်ငံသည် ခုနစ်လနီးပါးတာစစ်ပွဲကာလအတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယူကရိန်းတွင် ၎င်း၏တပ်ဖွဲ့များ အားကောင်းလာစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အင်အားစုစည်းခြင်းပိုဆွေးနွေးမှုမျိုးပြုလုပ်ရန်မရှိဟု ခရင်မလင်က စက်တင်ဘာ ၁၃ ရက် အင်္ဂါနေ့ကပြောကြားခဲ့သည်။ "လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမရှိသေးပါဘူး" ဟု ခရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry...

ချီလီနိုင်ငံ ပါတာဂိုးနီးယားရှိ တောင်တန်းရေခဲမြစ်...

ချီလီနိုင်ငံ ပါတာဂိုးနီးယားရှိ တောင်တန်းရေခဲမြစ် အပူချိန်မြင့်တက်မှုကြောင့်ပျော်ကျ ဆန်တီ‌ ယေဂို၊စက်တင်ဘာ ၁၄ အပူချိန်မြင့်မားမှုနှင့်မိုးရွာသွန်းမှုကြောင့် ရေခဲနံရံများအားပျော့လာကာ ချီလီနိုင်ငံပါတာဂိုးနီးယားဒေသရှိ အမျိုးသားဥယျာဉ်တစ်ခုထဲမှ တွဲလောင်းကျနေသည့်ရေခဲမြစ်တစ်စိတ်တစ်ပိုင်းသည် ပြိုကျကွဲထွက်သွားသည်ကို ကမ္ဘာလှည့်ခရီးသွားများရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင်တွေ့ရှိခဲ့ရသည်။ စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့တွင်ပျံ့နှံ့သွားခဲ့သော အဆိုပါဗီဒီယိုတွင် ချီလီမြို့တော်၏တောင်ဘက် ကီလိုမီတာ ၁,၂၀၀ အကျော်ရှိ Queulat အမျိုးသားဥယျာဉ်ထဲမှ အမြင့်မီတာ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!