Wednesday, March 26, 2025

ရွှေတံဆိပ်ဆုရှင် လက်ရွေးစင်ကစား သမားဟောင်း ဒေါ်စန်းယုနိုင်ကို...

ယခုနှစ် ဘောလုံးရာသီအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ဧရာဝတီအက်ဖ်စီသည် ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဒေါ်စန်းယုနိုင်ကို အသင်းအတွက်လက် ထောက်နည်းပြတာဝန်ယူုင်တွယ်ရန် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီဖက်စ်အသင်းအတွက်လက် ထောက်အမျိုးသမီးနည်းပြ ခေါ်ယူမှုသည် (၂)ဦးမြောက်...

ယနေ့ တာချီလိတ်မြို့ အထိမ်းအမှတ်နာရီစင် ဖွင့်လှစ်

ယနေ့ မတ်လ (၂၆)ရက် နံနက်ပိုင်း၌ရှမ်းပြည်နယ် တာချီလိတ်မြို့အထိမ်း အမှတ်နာရီစင်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ နာရီစင် ဖွင့်ပွဲအခမ်းအနားကို ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ် အဝိုင်းပတ်၌...

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက် ခွင့်ရပြီဖြစ်သည့်...

ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် Young Boy FC က တန်းတက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။ တန်းတက်ခွင့်ရရှိရန်အတွက် MNL...

သင်္ကြန်ပိတ်ရက်များတွင် ပြတိုက်များ ပိတ်ထားမည်

သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်များ၌ အမျိုးသားပြတိုက် အပါအဝင် ပြတိုက်များနှင့် ဇုန်ဝင်ကြေးကောက်ခံသည့် ဂိတ်များကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ ပြတိုက်များကို ဧပြီ ၁၂ ရက်နေ့မှ...
HomeInternationalApple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄

တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။

ယခုရင်းနှီးမြှုပ်နှံမှု အကောင်အထည်ပါ်လာပါက တရုတ်နိုင်ငံ၏ဓါတ်အားလိုင်းတွင် နှစ်စဉ် ၅၅၀,၀၀၀ မဂ္ဂါဝပ်အထိတိုးလာစေမည်ဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူများရှိလာပါက ယခုပမာဏထက် ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။

တရုတ်နိုင်ငံရှိ Apple ပစ္စည်းတင်သွင်းသူများသည် ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သည့်ထုတ်လုပ်မှုဖြင့် ကမ္ဘာ့အဆင့်မီတိုးတက်မှုကို လုပ်ဆောင်နေကြသည်ဟု Apple လုပ်ငန်းလည်ပတ်‌ရေး အရာရှိချုပ်ကပြောကြားခဲ့သည်။

“တရုတ်မှာ သန့်ရှင်းတဲ့စွမ်းအင်ရန်ပုံငွေအသစ်တစ်ခုကို ကြေငြာလိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံကလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုသာအသုံးပြုနေတာပါ” ဟု Apple CEO Tim Cook ကပြောကြားခဲ့သည်။

ထို့အပြင် ယခု စီမံချက်သည် ၂၀၃၀ ပြည့်နှစ်၌ အလုံးစုံ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုအသုံးပြုမည်ဟူသော Apple ၏ ရည်မှန်းချက်ကိုပါ အကောင်အထည်ဖော်ဖို့အထောက်အပံ့ပေးနိုင်သည်ဟုလည်းဆိုခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေတံဆိပ်ဆုရှင် လက်ရွေးစင်ကစား သမားဟောင်း ဒေါ်စန်းယုနိုင်ကို နည်းပြအဖြစ် ဧရာဝတီအက်ဖ်စီအသင်း ထပ်မံခေါ်ယူ

ယခုနှစ် ဘောလုံးရာသီအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ဧရာဝတီအက်ဖ်စီသည် ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဒေါ်စန်းယုနိုင်ကို အသင်းအတွက်လက် ထောက်နည်းပြတာဝန်ယူုင်တွယ်ရန် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီဖက်စ်အသင်းအတွက်လက် ထောက်အမျိုးသမီးနည်းပြ ခေါ်ယူမှုသည် (၂)ဦးမြောက် ရှိပြီဖြစ်ကာ၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း လက်ရွေးစင်ကစားသမားဟောင်း ဒေါ်စုန္ဒာလွင်ကိုခေါ်ယူထားသည်။ ယခု ခေါ်ယူလိုက်သည့် ဒေါ်စန်းယုနိုင်သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ ကစားသမားဘဝဖြင့် ရွှေတံဆိပ် (၃) ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု ရရှိထားသူဖြစ်သည်။ နည်းပြလောကသို့ I.S.P.E Women FC လက်ထောက်နည်းပြအဖြစ် ဝင်ရောက်ခဲ့ပြီး အမျိုးသမီးကလပ်အသင်းများဖြစ်သည့် YREO FC ၊...

ယနေ့ တာချီလိတ်မြို့ အထိမ်းအမှတ်နာရီစင် ဖွင့်လှစ်

ယနေ့ မတ်လ (၂၆)ရက် နံနက်ပိုင်း၌ရှမ်းပြည်နယ် တာချီလိတ်မြို့အထိမ်း အမှတ်နာရီစင်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ နာရီစင် ဖွင့်ပွဲအခမ်းအနားကို ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ် အဝိုင်းပတ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်(၈၀)ပြည့်တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နာရီစင်ကို အဝိုင်းအချင်း ၅၀ ပေ ပတ်လည်၊ နာရီစင်အတိုင်းအတာ ၁၅ ပေ ပတ်လည်၊ အမြင့် ၅၀ ပေရှိ နာရီစင်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့ဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်...

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက် ခွင့်ရပြီဖြစ်သည့် Young Boy အသင်း

ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် Young Boy FC က တန်းတက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။ တန်းတက်ခွင့်ရရှိရန်အတွက် MNL 2 Promotion Amateur Club Tournament 2025ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် Young Boy အသင်းသည် ယနေ့မတ်လ (၂၆)ရက် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း 10/Mon FC ကို (၃)ဂိုး(၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ Young Boy FCအသင်းအတွက်သွင်းဂိုးများကို အောင်သက်စံ၊ ပြည့်အောင်သိန်း၊ ကျော်ပြည့်စုံတို့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071