Monday, December 2, 2024

ပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ သီတာဆိပ် ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က သင်္ဘောတစ်စီးမီးလောင်မှုဖြစ်...

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ စစ်တပ်၏...

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စာရင်းသွင်း၍ ပြန်လည်နေထိုင်နိုင်ဟု...

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်း‌ပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊...

နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း...

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇...
HomeNewsLocal NewsASEAN Halal Roundtable...

ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထား

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်လုပ်ငန်းရှင်(၅)ဦးတက်ရောက်ရန် Malaysia Islamic Chamber of Commerce ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ဟာလာစားသောက်ကုန်လုပ်ငန်း၏ အဓိကကိစ္စရပ်များနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ အာဆီယံဈေးကွက်ကို ထိုးဖောက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အဖြေရှာ၍ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားမည့် အလားအလာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများမှ ကုန်သည်ကြီးများနှင့်စီးပွားရေးကောင်စီများကို ဖိတ်ကြားထားပြီး ဆွေးနွေးမည့်အကြောင်းအရာများကို ကြိုတင်ပြင်ဆင်လာရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် ဒေသတွင်းအားလုံးပါဝင်သည့် ဟာလာစီးပွားရေးစနစ်တစ်ခုကို ဖန်တီးရန် အားထုတ်ကြိုးပမ်းမှုများကို ကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေပြီး စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်းလည်း သိရသည်။

ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန် မာနိုင်ငံမှ ပါဝင်တက်ရောက်လိုသည့် ကိုယ်စားလှယ်များအနေဖြင့် ဖိတ်ကြားစာတွင်ဖော်ပြထားသည့် ဖောင်မှတဆင့် ဝင်ရောက်ဖြည့်စွက်မှတ်ပုံတင်နိုင်ပါကြောင်း၊ အခြားသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းလိုပါက တာဝန်ခံ Mr.Firdaus ၊ ဖုန်း +၆၀၁၆-၉၆၁၀၄၇၈ နှင့် Madam Zawiyah ၊ အီးမေးလ် dpimselangor@ gmail.com နှင့် ဖုန်း +၆၀၁ ၂-၃၁၅၇၃၅၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ သီတာဆိပ် ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က သင်္ဘောတစ်စီးမီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သီတာဆိပ်ကမ်းတွင် သင်္ဘောတစ်စီးမီးလောင်နေသဖြင့် တာမွေမြို့နယ်မီး သတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။ ထို့ကြောင့် နံနက် ၉ နာရီ ၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၇ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်...

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ စစ်တပ်၏ အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ထားခြင်း ပါဝင်သော လာမည့်နှစ်အတွက် နိုင်ငံတော်အသုံးစရိတ်သည် ဆိုဗီယက်ခေတ်လွန်သမိုင်းတွင် လျှို့ဝှက်မှုအရှိဆုံးဖြစ်ပြီး အသုံးစရိတ်အားလုံး၏ သုံးပုံတစ်ပုံနီးပါးကို အများသူငှာက စိစစ်နိုင်ခြင်းမရှိပေ။ မော်စကိုက ယူကရိန်း အထူးစစ်ဆင်ရေးဟု သုံးနှုန်းသော စစ်ဆင်ရေးနှင့် စစ်တပ်အတွက် ထောက်ပံ့မှုလိုအပ်ချက်များကြောင့် လူမှုရေးလိုအပ်ချက်များနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ ဘတ်ဂျက်ဦးစားပေးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။ ဟန်ချက်ညီ ဘတ်ဂျက်မူကြမ်းအဖြစ် အစိုးရက...

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စာရင်းသွင်း၍ ပြန်လည်နေထိုင်နိုင်ဟု ဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်း‌ပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊ နေဖို့ဆိုရင်၊ အခြေအနေ ကြည့်နေကြတုန်းပါ” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။ နေထိုင်နိုင်သည့် မြို့ပေါ် (၅)ရပ်ကွက်သည် နောင်ယား (က) ရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ထေးသမ ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက်များ ဖြစ်ကြသည်။ ယင်းရပ်ကွက်များသည် ပြီးခဲ့သည့် ကာလအတွင်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့ဖူးသည့် နေရာများဖြစ်သည်။ လက်ရှိတွင် မြို့တွင်း၌လည်း လျှပ်စစ်မီး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071