Asia Dive Expo တွင် မြန်မာနိုင်ငံအကြောင်းဟောပြောပေးရန် မြန်မာနိုင်ငံသား ကိုပြည့်ဦးအောင် ကိုဖိတ်ခေါ်ထား စင်ကာပူ၊ ဇွန် ၂ အွန်လိုင်းမှ ကျင်းပမည့် Asia Dive Expo တွင် မြန်မာနိုင်ငံ၏ ရေငုပ် ဧရိယာများ၊ ရေသယံဇာတများအကြောင်းဟောပြောပေးရန် မြန်မာနိုင်ငံမှ ရေအောက်ဓာတ်ပုံပညာရှင် ကိုပြည့်ဦးအောင်ကို ဖိတ်ခေါ်ထားကြောင်းသိရသည်။ ”ADEX မှာ ပြောရတဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ ဂုဏ်ယူတယ်၊ပျော်တယ်။ ကိုယ့်ဟာကိုယ်အတွက် ဂုဏ်ယူတာထက် နိုင်ငံအတွက် ပိုဝမ်းသာဂုဏ်ယူတာပါ။ ကမ္ဘာပေါ်ကရေငုပ်သမားအများစုက ငွေကြေးတတ်နိုင်ကြတယ်။ ဒီ တိုက်ရိုက်လွှင့်ထုတ်အပြီးမှာ မြန်မာကိုပိုစိတ်ဝင်စားလာရင် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေ၊ ဒေသခံတွေအဆင်ပြေလာနိုင်တယ်။ ကိုယ့်ရေသံယံဇာတ တွေ လှကြောင်း၊ ရှားပါးကြောင်းတွေ ပိုသိလာမှာဖြစ်လို့ ခရီးသွားတွေပိုများလာရင် နိုင်ငံအတွက် ဝင်ငွေလည်းပိုရလာသလို ရေသယံဇာတကိုလည်း ထိမ်းသိမ်းပြီးသားဖြစ်သွားမယ်”ဟု ကိုပြည့်ဦးအောင်ကပြောသည်။ ကိုပြည့်ဦးအောင်၏ တိုက်ရိုက် Live ဟောပြောမည့် အစီအစဉ်သည် ဇွန်လ ၅ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ည ၈ နာရီတွင် စတင်မည်ဖြစ်ပြီး၊ ADEX, Asia Dive Expo ဖေ့စ်ဘုတ်စာမျက်နှာတွင် မည်သူမဆို ကြည့်ရှုနားဆင်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
(Zawgyi) Asia Dive Expo တြင္ ျမန္မာနိုင္ငံအေၾကာင္းေဟာေျပာေပးရန္ ျမန္မာနိုင္ငံသား ကိုျပည့္ဦးေအာင္ ကိုဖိတ္ေခၚထား စင္ကာပူ၊ ဇြန္ ၂ အြန္လိုင္းမွ က်င္းပမည့္ Asia Dive Expo တြင္ ျမန္မာနိုင္ငံ၏ ေရငုပ္ ဧရိယာမ်ား၊ ေရသယံဇာတမ်ားအေၾကာင္းေဟာေျပာေပးရန္ ျမန္မာနိုင္ငံမွ ေရေအာက္ဓာတ္ပုံပညာရွင္ ကိုျပည့္ဦးေအာင္ကို ဖိတ္ေခၚထားေၾကာင္းသိရသည္။ ”ADEX မွာ ေျပာရတဲ့ျမန္မာနိုင္ငံသားတေယာက္အေနနဲ႔ ဂုဏ္ယူတယ္၊ေပ်ာ္တယ္။ ကိုယ့္ဟာကိုယ္အတြက္ ဂုဏ္ယူတာထက္ နိုင္ငံအတြက္ ပိုဝမ္းသာဂုဏ္ယူတာပါ။ ကမၻာေပၚကေရငုပ္သမားအမ်ားစုက ေငြေၾကးတတ္နိုင္ၾကတယ္။ ဒီ တိုက္ရိုက္လႊင့္ထုတ္အၿပီးမွာ ျမန္မာကိုပိုစိတ္ဝင္စားလာရင္ ခရီးသြားလုပ္ငန္းနဲ႔ဆက္စပ္တဲ့ လုပ္ငန္းရွင္ေတြ၊ ေဒသခံေတြအဆင္ေျပလာနိုင္တယ္။ ကိုယ့္ေရသံယံဇာတ ေတြ လွေၾကာင္း၊ ရွားပါးေၾကာင္းေတြ ပိုသိလာမွာျဖစ္လို႔ ခရီးသြားေတြပိုမ်ားလာရင္ နိုင္ငံအတြက္ ဝင္ေငြလည္းပိုရလာသလို ေရသယံဇာတကိုလည္း ထိမ္းသိမ္းၿပီးသားျဖစ္သြားမယ္”ဟု ကိုျပည့္ဦးေအာင္ကေျပာသည္။ ကိုျပည့္ဦးေအာင္၏ တိုက္ရိုက္ Live ေဟာေျပာမည့္ အစီအစဥ္သည္ ဇြန္လ ၅ ရက္ ေသာၾကာေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီတြင္ စတင္မည္ျဖစ္ၿပီး၊ ADEX, Asia Dive Expo ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ မည္သူမဆို ၾကည့္ရႈနားဆင္နိုင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။