ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ကျားဖြန့်နှင့် လူမှေ-ာင်ခိုပပျောက်ရေး နှိမ်နင်းရန်အတွက် နယ်ခြားစောင့်
တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းရာ၌ ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ၊ အဖွဲ့(၁)တွင် ဗိုလ်မှူးကြီး စောဒိဒိ ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇)ဦး၊ အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောဆန်းလင်း ခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၃)တွင် ဗိုလ်မှူးကြီး စောပါပီ ခေါင်း ဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၄)တွင် ဒုတိယဗိုလ်မှူးကြီး စောမောင်တူး ခေါင်း ဆောင်သည့်အဖွဲ့ဝင် (၇)ဦး စုစုပေါင်း အဖွဲ့ဝင် (၂၈)ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ် ဆေးရေးဌာန (DSI)က ကရင်ပြည်နယ် ၊နယ်ခြားစောင့်တပ်မှ ခေါင်းဆောင် ဗိုလ် မှူးကြီး စောချစ်သူ အပါအဝင် ဒုတိယဗိုလ်မှူးကြီး စောမုတ်သိုလ် နှင့် ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဆင့်၍ ဖမ်းဆီးရန် ရာဇဝတ်ဆိုင်ရာတရားရုံးသို့ တင်ပြနိုင်မည့် သက်သေအထောက် အထားများအလုံအလောက် စုဆောင်းထားပြီးဖြစ်ကြောင်း ထိုင်းပြည်တွင်းထုတ် သည်နေးရှင်းသတင်းစာတွင် ဖော်ပြထား သည်။