ဧပြီ ၃
BIMSTEC နိုင်ငံခြားရေးဝန်ကြီးများသည် “BIMSTEC ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာ သဘောတူညီချက်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ ယင်းသဘောတူညီချက်သည်ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ရန် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။
နိုင်ငံခြားရေးရာအကြံပေး မိုဟာမက်တော်ဟစ် ဟိုစ်ဆိန် ၏ထုတ်ပြန်ကြေညာချက်တွင် BIMSTEC မျှော်မှန်းချက်မှတစ်ဆင့်စုပေါင်းငြိမ်းချမ်းရေး၊ တိုးတက်မှုနှင့် သာယာဝပြောရေးကို အာမခံရန် ဘင်္ဂလားဒေ့ရှ်၏ ကတိကဝတ်သဘောထားကို အလေးပေးထုတ်ဖော်ပြောကြားခဲ့သည်။
ဟိုစ်ဆိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၂၀ ကြိမ်မြောက် BIMSTEC ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
BIMSTEC လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု (BIMSTEC FTA) ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း ကုန်သွယ်မှုမြှင့်တင်ရေး အပါအဝင် တိုက်ရိုက်အသုံးဝင်ပြီး မြင်သာထင်သာရှိသော ရလဒ်များကို ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးပြောကြားခဲ့သည်။
မိုဒီသည် BIMSTEC နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း ခိုင်မာစေရန် ထိတွေ့ဆက်ဆံမည်ဖြစ်သည်။
နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြ သောဘင်္ဂလီ ၁.၂ သန်း ကိစ္စကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူ ၁.၂ သန်း ပြန်လာရေးအတွက် ရပိုင်ခွင့်နဲ့ လုံခြုံမှု ရှိစေရေး အတွက် မြန်မာနိုင်ငံကို အလေးပေး ပြောကြားခဲ့ပါသည်။
BIMSTEC နိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်သောကြာနေ့တွင်ကျင်းပမည့် ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးအတွက် ယာယီအစည်းအဝေး အစီအစဉ်မူကြမ်းနှင့် ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းစဉ်းစားမည့် အစည်းအဝေး ကြေညာချက် စာတမ်းမူကြမ်း တို့ကို အပြီးသတ်ခဲ့ကြသည်။
ဒေါက်တာ ယူနွတ်စ်သည် ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘန်ကောက်သို့ ထွက်ခွာခဲ့သည်။
BIMSTEC နိုင်ငံခြားရေးဝန်ကြီးများသည် ၂၁ ကြိမ်မြောက် BIMSTEC ဝန်ကြီးအဆင့် အစည်းအဝေးကို ဒါကာတွင် ကျင်းပရန် သဘောတူညီခဲ့ကြသည်။
၂၀ ကြိမ်မြောက် BIMSTEC ဝန်ကြီးအဆင့် အစည်းအဝေး အစီရင်ခံစာကို အတည်ပြုပြီး အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။
Ref:အမ်အက်စ်အန်