BLACKPINK အဖွဲ့ဝင် Jennie နှင့် BTS အဖွဲ့ဝင် V တို့ ချိန်းတွေ့ခဲ့သည့် ကောလာဟလများ
မေလ အစောပိုင်းက Jennie နှင့် V တို့သည် ဂျေဂျူးကျွန်းတွင်ချိန်းတွေ့နေကြောင်းပရိသတ် များကြား ကောလဟလပျံ့နှံ့လာခဲ့သည်။
ထိုအချိန်က YG Entertainment အနေဖြင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြောစရာမရှိဘူးဟုသာအတိုချုံးပြောခဲ့သည်။
သြဂုတ်လ၂၃ ရက်နေ့က အလှပြင်ဆိုင်မှ နှစ်ယောက်သား ဓာတ်ပုံ အွန်လိုင်းတွင်ပျံ့နှံ့ခဲ့သောကြောင့် ကောလာဟလများပိုမို ထွက်ပေါ်လျက်ရှိနေသည်။
အဆိုပါ သတင်းများကို တုံ့ပြန်သည့်အနေဖြင့် YG Entertainment မှ သတင်းရင်းမြစ်တစ်ဦးက “BLACKPINK သည် သြဂုတ် ၂၅ ရက်တွင် နိုင်ငံတွင်းမှ ထွက်ခွာမည်ဖြစ်ပြီး MTV Video Music Awards ဖျော်ဖြေပွဲနှင့် ပရိုမိုးရှင်းအစီအစဉ်များဖြင့် အမေရိကား တွင် တင်းကြပ်သောအချိန်ဇယားများဖြင့် သူတို့၏ ဒုတိယမြောက် အယ်လ်ဘမ်အတွက် အလုပ်များနေမည်ဖြစ်သည်ဟု ပြောဆိုထားသည်။
ပရိတ်သတ်အချို့က V သည် နယူးယောက်တွင် အစီအစဉ်ဆွဲထားသလို BLACKPINK အဖွဲ့ဝင်လေးဦးစလုံးသည် ဩဂုတ်လ ၂၅ ရက်နေ့တွင် နယူးယောက်သို့ ပျံသန်းရန် စီစဉ်ထားကြောင်းကိုအံ့ဩရင်းထောက်ပြကြပြန်သည်။
Source: allkpop