Sunday, January 5, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ...

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်

နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ်...
HomeInternational<<<<< Breaking News...

<<<<< Breaking News >>>>

ဘယ်လ်တီမိုးပြည်နယ်ရှိ အဓိကတံတားတစ်စင်း ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး ကျိုးကျ

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၏ မြို့တော် ဘယ်လ်တီမိုးမြို့ရှိ အဓိကတံတားတစ်စင်းဖြစ်သော ဖရန်စစ် စကော့ တံတားရှိ အပိုင်းတစ်ပိုင်းသည် ယနေ့ အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက်စောစောပိုင်းက ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ပြီးနောက် ကျိုးကျသွားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁း၃၀ နာရီခန့်တွင် ကုန်တင်ရေယာဉ်တစ်စီး တံတားနှင့်ဝင်တိုက်မိပြီး မီးစွဲလောင်ကာ နစ်မြုပ်သွားခဲ့ပြီးနောက် တံတားပါ ကျိုးကျခြင်ဖြစ်ကာ၊ X တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင်မူ ယာဉ်အစီးရေ အများအပြား တံတားပေါ်မှ ရေထဲသို့ ပြုတ်ကျကုန်ကြကြောင်း မြင်တွေ့ရသည်။

တံတားမှာ အခင်းဖြစ်ရာ ယာဉ်လမ်းကြောင်းနှစ်ခုစလုံးကို ပိတ်ထားပါတယ်။ ယာဉ်ကြောလဲပိတ်ဆို့နေပါတယ်” ဟု မေရီလန်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က X တွင်ရေးသားထားသည်။

အရေးပေါ်ကယ်ဆယ်ရေးသမားများသည် ရေထဲတွင်ရှိနေသည်ဟု ယူဆရသည့် လူခုနစ်ဦးထက်မနည်းကို ရှာဖွေနေကြောင်း ဘယ်လ်တီမိုး မီးသတ်ဌာန၏ ဆက်သွယ်ရေးဒါရိုက်တာ ကီဗင်ကာ့တ်ရိုက်တ် က ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအေဂျင်စီများသည် နံနက် ၁ နာရီ ၃၀ ခန့်တွင် 911 အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး ဘယ်လ်တီမိုး မှ ထွက်ခွာလာသည့် ကုန်တင်သင်္ဘောတစ်စင်းသည် တံတားပေါ်ရှိ အကန့်တစ်ကန့်အား တိုက်မိသဖြင့် ပြိုကျသွားကြောင်း သတင်းပေးပို့ခဲ့သည်။

“အခုအချိန်မှာ လူတွေကို ကယ်ဆယ်ဖို့ပဲ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု Cartwright က ပြောကြားခဲ့သည်။ လူပေါင်းမည်မျှ ထိခိုက်ခဲ့သည်ကို သိရှိရန်မှာ စောလွန်းသေးသော်လည်း ပြိုကျမှုသည် “လူအစုလိုက်အပြုံလိုက် အ‌ေ-သအပျောက် ဖြစ်ထွန်းနေသော ဖြစ်ရပ်တစ်ခု” အဖြစ် ဖော်ပြခဲ့သည်။

“တံတားပေါ်မှ တွဲလောင်းကျနေသော ကုန်တင်ယာဉ်နောက်တွဲ သို့မဟုတ် ကုန်သေတ္တာအချို့” ရှိကြောင်း ကာ့တ်ရိုက်တ် က ပြောကြားခဲ့ပြီး “ဒါက ဆိုးရွားတဲ့ အရေးပေါ်အခြေအနေပဲ” ဟုလည်း သူက ဆိုသည်။

ဘယ်လ်တီမိုးရှိ ကမ်းရိုးတန်းစောင့်တပ်မှ အရာရှိငယ်တစ်ဦးဖြစ်သည့် မက်သယူးဝက်စ်ကမူ ကမ်းခြေစောင့်တပ်ဖွဲ့သည် နံနက် ၁ နာရီ ၂၇ မိနစ်တွင် ထိခိုက်မှုသတင်းကို ရရှိခဲ့ကြောင်း နယူးယော့တိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။ အရှည် ၉၄၈ ပေ (၂၉၀ မီတာ) စင်ကာပူအလံတင် ကုန်တင်သင်္ဘော “တာ့လီ”သည် တံတား၏ အစိတ်အပိုင်းတစ်ခု တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

“တာ့လီ”သည် နံနက် ၁ နာရီတွင် ဘယ်လ်တီမိုးမှ ထွက်ခွာခဲ့ပြီး သီရိလင်္ကာနိုင်ငံ၏ မြို့တော် ကိုလံဘိုသို့ ဦးတည်ခုတ်မောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ်ဝန်ထမ်းများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဘယ်လ်တီမိုး မြို့တော်ဝန် ဘရန်ဒန်အမ်စကော့နှင့် ခရိုင်အမှုဆောင်အရာရှိ ဂျွန်နီအော့ဇူးစကီး တို့က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။ တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။ ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071