Dear Earth Campaign မှာ BLACKPINK ပါဝင် ဖျော်ဖြေမယ်
အောက်တိုဘာလ ၂၃ရက်နေ့မှာ ပြုလုပ်မယ့် Youtube ရဲ့Dear Earth အထူးပွဲမှာ BLACKPINK အဖွဲ့ ပါဝင်ဖျော်ဖြေမှာပါ။
BLACKPINK ဟာ အဲ့ဒီ့ Campaign ကိုတက် ရောက်မယ့် တစ်ဖွဲ့တည်းသော K-Pop အနုပညာရှင်တွေဖြစ်ပါတယ်။အဲ့ဒီ့ပွဲမှာ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ကမ္ဘတဝှမ်းက ပရိသတ်တွေကို ရာသီဥတုပြောင်းလဲခြင်း နဲ့ပတ်သတ်ပြီး Special speaker အနေနဲ့ စကားပြော မှာဖြစ်ပြီး အံ့မခန်းဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်မှာပါ။
BLACKPINK အဖွဲ့ဟာ မကြာသေးခင်ကလည်း ကုလသမဂ္ဂ အတွက် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်အတွက် ရွေးချယ်ခြင်း ခံခဲ့ရပြီး ဒီနှစ် အစောပိုင်းကလည်း ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုပြောင်းလဲမှုညီလာခံအတွက် ခန့်အပ် ခြင်းခံခဲ့ရပါသေးတယ်။
Dear Earth Campaignဟာ ရာသီဥတုပြောင်းလဲခြင်းကို အဓိကထားတဲ့ Campaign ၁ခုဖြစ်ပြီး အဲ့ဒီ့ပွဲကို ပုပ်ရဟန်း မင်းကြီး Francis, အမေရိကန်သမ္မတဟောင်း Barack Obama နဲ့ Google/Alphabet ရဲ့ CEO Sundar Pichai တို့တက်ရောက်ကြမှာပါ။