Tuesday, March 4, 2025

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည်...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက် လိုင်စင် ကို အလျင်အမြန်ထုတ်ပေးလိုသည်ဟု ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh...

ဥရောပ၌နျူကလီးယားဟန့်တား‌ရေးဆွေးနွေးရန်အသင့်–မက်ခရွန်

ဥရောပဒေသ၌ နျူကလီးယားကို ဟန့်တားရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ စတင်ရန် အသင့်ရှိသည်ဟု ပြင်သစ် သမ္မတ အီမန်နျူလ် မက်ခရွန်က ပြောဆိုလိုက်ပြီး အခြား ဥရောပနိုင်ငံများအပေါ်...

ဂျပန်၌တောမီးလောင်နေသဖြင့်ဘေးလွတ်ရာရွှေ့ပြောင်းရန်ညွှန်ကြားထား

တိုကျို၊မတ် ၁ တောမီးများဆက်လက်ပျံ့နှံ့ လောင်ကျှမ်းနေခြင်းကြောင့် ဂျပန်အရှေ့မြောက်ပိုင်းရှိ အီဝတဲစီရင်စု၌ နောက်ထပ်အိမ်‌ထောင်စု ၁၀၀ ကျော်ကို စနေနေ့က ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထားရ‌ကြောင်းဒေသခံမီဒီယာများကဖော်ပြခဲ့သည်။ အီဝတဲစီရင်စုအစိုးရသည် နောက်ထပ်နေအိမ် ၁၄၁ လုံးမှ...
HomeCelebrities' NewsGym ကစားခြင်းနဲ့ ပတ်သက်...

Gym ကစားခြင်းနဲ့ ပတ်သက် ပြီး အထင်အမြင်လွဲမှား ခံခဲ့ရဖူးကြောင်း သရုပ်ဆောင်ထူးအောင် ပြော

နောက်တက်တဲ့ မော်ဒယ်လ်မင်းသားတွေထဲမှာ ထူးအောင်ရဲ့ Body Structure ကတော့ သိပ်ကို အားရဖွယ်ကောင်းပါတယ်။ သူဒီလို Bod မျိုးရအောင် တော်တော်လေးကြိုးစား ထားရတယ်ဆိုတာကိုလည်း အင်တာဗျူးမှာ ပြောထားဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ Gym ဆော့ပြီး ခန္ဓာကိုယ် ကြံ့ခိုင် လာတဲ့အခါ အထင်မှား အမြင်မှားခံရတာတွေလည်း ရှိခဲ့ဖူး ကြောင်း ထူးအောင်က ပြောပါတယ်။

“ဒီလိုပဲပေါ့နော်။ ကျွန်တော်လည်း ကြိုးစားနေတယ်။ ခန္ဓာကိုယ် တစ်ခုကို ပုံစံပျက်မသွားအောင်လို့ ထိန်းနေရတဲ့ အခန်းကဏ္ဍတော့ရှိ တာပေါ့။ ကျွန်တော်က ခန္ဓာကိုယ်ကြံ့ ခိုင်ဖို့အတွက် ကစားတာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံလူတွေက အထင်မှား အမြင်မှားတွေ ရှိတတ်ပါတယ်။ အဓိ ကကတော့ လူနဲ့ပဲဆိုင်တယ်။ ခံစားချက်နဲ့ပဲဆိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ထူးအောင်ကတော့ ရုပ်သံလိုင်းတစ်ခုမှာ မကြာမီထုတ်လွှင့်ပြသမယ့် ‘ပုဂံမြို့သူ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါ တယ်။ သူ့ရဲ့ နောက်ထပ်ခြေလှမ်းတွေက …

“ကျွန်တော် ကြော်ငြာတွေ ရိုက်ကူးဖို့ရှိတယ်။ ဓာတ်ပုံရိုက်ကူးဖို့ ရှိတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ရှိတယ်။ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံး က အခုကျွန်တော် စီစဉ်နေတာပေါ့ နော်။ နာမည်တွေနဲ့ တခြား Details တွေ မသိသေးလို့ ပြန်မပြောသေးတာ ပါ” လို့ ထူးအောင်က ပြောပါတယ်။ သူအခြေချလုပ်ကိုင်ခဲ့ဖူးတဲ့ မော်ဒယ်လ်အလုပ်နဲ့ လက်ရှိလျှောက် လှမ်းနေတဲ့ သရုပ်ဆောင် အလုပ်ရဲ့ ကွာခြားချက်တွေကိုလည်း ထူးအောင်က

“သရုပ်ဆောင်ပိုင်းကကျတော့ မော်ဒယ်လ်ပိုင်းနဲ့တော့ မတူဘူးပေါ့ နော်။ မော်ဒယ်လ်ကျတော့ လုပ် ကိုင်လာတာ နည်းနည်းကြာလာတဲ့ အခါကျတော့ ဘယ်သီချင်းမှာ ဘယ်လိုလေးလျှောက်လှမ်းရမယ်ဆို တာ ကျွန်တော်သိတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းကျတော့ အဲဒီလို မဟုတ်ဘူး။ ရုပ်ရှင်ကြည့်ရှုတဲ့သူတွေက တကယ်အပြင်မှာဖြစ်သလိုမျိုး ခံစားရအောင် သရုပ်ဆောင်ရတဲ့ အခါမှာ တစ်ခါတလေကျရင် လွတ် လွတ်သွားတဲ့ အခန်းလေးတွေရှိတယ်။ အဓိကကတော့ သရုပ်ဆောင်တဲ့အထဲ ကို စိတ်နှစ်ထားမှရမယ်လို့ ထင် တယ်” လို့ ထူးအောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက် လိုင်စင် ကို အလျင်အမြန်ထုတ်ပေးလိုသည်ဟု ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က စနေနေ့တွင် ပြောကြားခဲ့သည်။ ဟနွိုင်တွင် အမေရိကန်စီးပွားရေးလုပ်ငန်း ၄၀ နီးပါးနှင့် စကားပြောခဲ့သော Chinh က ဗီယက်နမ်သည် အမေရိကနှင့် ကုန်သွယ်မှုပိုငွေပြခြင်းကို ပြန်လည်ချိန်ခွင်လျှာညှိရန် အစီအမံများ ကို လုပ်ဆောင်နေကြောင်းကို လေယာဉ်၊ လက်နက်၊ သဘာဝဓါတ်ငွေ့၊ စိုက်ပျိုးရေးကုန်စည်နှင့် ဆေးဝါးထုတ်ကုန်များကို တင်သွင်းမည့် အလားအလာများကိုရည်ညွှန်း၍ ပြောဆိုခဲ့သည်။ ဟနွိုင်သည် ပြီးခဲ့သည့်နှစ်က...

ဥရောပ၌နျူကလီးယားဟန့်တား‌ရေးဆွေးနွေးရန်အသင့်–မက်ခရွန်

ဥရောပဒေသ၌ နျူကလီးယားကို ဟန့်တားရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ စတင်ရန် အသင့်ရှိသည်ဟု ပြင်သစ် သမ္မတ အီမန်နျူလ် မက်ခရွန်က ပြောဆိုလိုက်ပြီး အခြား ဥရောပနိုင်ငံများအပေါ် ရုရှား၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှ ကာကွယ်ရာတွင် ပြင်သစ်က အကူအညီပေးနိုင်ကြောင်းကို အရိပ်အမြွက် ဖော်ပြခဲ့သည်။ ဥရောပခေါင်းဆောင်များသည် ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်ကို ဆွေးနွေးရန် မတ် ၂ ရက်တွင် လန်ဒန်၌ တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၆ ရက်‌နေ့တွင် ၎င်းတို့သည် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်ကြမည်ဖြစ်သည်။ ဥရောပသမဂ္ဂသည် ရုရှားနှင့် သံတမန်ဆက်ဆံရေးကို ဖော်ဆောင်လိုသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071