ဂျကာတာ၊ဇန်နဝါရီ ၇
အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးက နိုင်ငံတွင်း၌ အသက်ရှူလမ်းကြောင်းကိုဗိုင်းရပ်စ်ပိုး HMPV ကူးစက်မှုကို တွေ့ရှိထားကြောင်း ထုတ်ပြန်ကြေငြာခဲ့သော်လည်း အဆိုပါရောဂါသည် အန္တရာယ်မရှိကြောင်း ပြည်သူများကိုပြောကြားခဲ့သည်။
“လက်ရှိမှာ အဲ့ဒီရောဂါကို ကလေ-းငယ်အချို့မှာကူးစက်ခံထားရတာတွေ့ရပေမဲ့ စိုးရိမ်စရာအနေအထားမဟုတ်သေးပါဘူး။ကျွန်တော်တို့လဲ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်၊အခုတွေ့ရတဲ့ရောဂါကလည်း အသစ်မဟုတ်ပဲ ၂၀၀၁ ခုနှစ်ကတည်းကရှိပြီးသားပါ။ ဒီရောဂါရဲ့နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့ဆိုးကျိုးမျိုးမတွေ့ရသေးပါဘူး” ဟုလည်းပြောကြားခဲ့သည်။
ရောဂါလက္ခဏာများသည် ဖြစ်ရိုးဖြစ်စဉ်တုပ်ကွေးရောဂါနှင့်သာဆင်တူကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်ညီညွတ်သောသန့်ရှင်းသည့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းနေထိုင်ရန်လည်း ပြည်သူများကို တိုက်တွန်းခဲ့သည်။
“ခုခံအားစနစ်အားနည်းရင် ဘယ်သူမဆို တုပ်ကွေးကူးစက်နိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကဗိုးရပ်စ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။အရေးကြီးတာကလုံလောက်အောင်အနားယူပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ခုခံအားစနစ်အားကောင်းနေအောင်လုပ်ဖို့ပဲလိုအပ်ပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။
Source : ရှင်းဟွာ