Sunday, January 12, 2025

ဂျပန်နိုင်ငံ Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်...

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည် ဖေဖော်ဝါရီလ (၂၀) ရက်တွင် ကျင်းပပြုလုပ်မည့် Professional Boxing ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြု ကစားသမား...

ပွဲရက်နီးကပ်လာပြီဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ ပွဲရက်နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ယနေ့ ဇန်နဝါရီ (၁၁)ရက်၌...

ဦးဝိစာရ မြေအောက်လမ်းကူး လူသွားဥမင်မှ တစ်နေ့...

ရွှေတိဂုံစေတီနှင့် ပြည်သူ့ရင်ပြင်သို့ လာရောက်ကြသည့် ပြည်သူများ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်မှ ဖြတ်သန်းသွားလာလျက်ရှိရာ လက်ရှိတွင် လူသွားဥမင်မှ တစ်နေ့လျှင် လူဦးရေ(၃၀၀၀)နှင့် (၄၀၀၀)ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း...

ဘိုင်ဒင်ကပုပ်ရဟန်းမင်းကိုအရပ်ဖက်အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုချီးမြှင့်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇန်နဝါရီ ၁၁ ရက်က ပုပ်ရဟန်းမင်းနှင့် စကားပြောဆိုခဲ့ပြီး နိုင်ငံ၏ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သော သမ္မတ၏ လွတ်‌မြောက်ခြင်းအထူးဆုတံဆိပ်ကို ပုပ်ရဟန်းမင်းကို...
HomeNewsLocal NewsHMPV ဗိုင်းရပ်စ် အရေး...

HMPV ဗိုင်းရပ်စ် အရေး အစိုးရိမ်မလွန်ရန် ထိုင်းအာဏာပိုင်များ ပြော

ထိုင်းနိုင်ငံတွင် human metapneumovirus (HMPV) ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုမရှိဟု ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့ပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် တိုက်တွန်းခဲ့သည်။

ရောဂါထိန်းချုပ်ရေးဌာန(DDC) သည် HMPV ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့မှ သတင်းအချက်အလက်များအပေါ် လိုက်နာဆောင်ရွက်ထားကြောင်းနှင့် တရုတ်နိုင်ငံတွင် HMPV ရောဂါဖြစ်ပွားမှုသည် ပြင်းထန်အဆင့်တွင်ရှိနေသည်ဟု အတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Panumas Yanawetsakul က ပြောကြားခဲ့သည်။

HMPV သည် ကာလရှည်ကြာဖြစ်ပွားနေခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟု သူက ပြောဆိုသည်။

ရောဂါလက္ခဏာများသည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှု၊ တုပ်ကွေးရောဂါတို့နှင့် ဆင်တူသည်။ အချို့သည် အဆုတ်အအေးမိခြင်း သို့မဟုတ် ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါကို ခံစားရနိုင်သည်။ လောလောဆယ်တွင် အဆိုပါရောဂါပိုးအတွက် ပိုးသတ်ဆေး မရှိသေးဟု ဒေါက်တာ Panumas က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ်အတွင်း HMPV ပိုးတွေ့လူနာ ၄၂ ဦးရှိခဲ့သည်ဟု DDC ဒုတိယညွှန်ကြားရေးမှူးချုပ် Direk Khampaen က ပြောသည်။ ရောဂါကူးစက်ခံရသူအများစုသည် အသက် ၅ နှစ်အောက် ကလေ-းငယ်များဖြစ်ပြီး အသက် ၅၀-၅၉ နှင့် ၃၀-၃၉ အရွယ်များတွင် ဒုတိယကူးစက်မှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

“အစုလိုက်ကူးစက်ဖြစ်ပွားတဲ့ သတင်းတွေ မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာတွေ မဖြစ်သင့်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်နိုင်ငံ Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမား (၃)ဦးအနက် ရွှေတံတိပ်ဆုရှင် နိုင်လတ် ပွဲပျက်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည် ဖေဖော်ဝါရီလ (၂၀) ရက်တွင် ကျင်းပပြုလုပ်မည့် Professional Boxing ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြု ကစားသမား (၃) ဦးအနက် ရွှေတံတိပ်ဆုရှင် နိုင်လတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်ခဲ့ကြောင်း မြန်မာဘောက်ဆင်ကော်မရှင် (MBC)ထံက သိရသည်။ ၎င်းသည် (၅၉)ကီလိုတန်းတွင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မည်သည့်အတွက် ပွဲပျက်ရသည်ဆို‌သော အသေးစိတ်အကြောင်းအရင်းကိုမူ MBC ၏ အသိပေးချက်တွင် ဖော်ပြထားခြင်းမရှိပေ။ မြန်မာဘောက်ဆင်ကစားသမား နိုင်လတ်သည် ကမ္ဘာလက်ဝှေ့ပြိုင်ပွဲ ရွှေတံဆိပ် (၂)ကြိမ်ရရှိထားသည့်အပြင် ၂၀၁၄ ကာဇ္ဇစတန်ဖိတ်ခေါ်ပြိုင်ပွဲ‌ ကြေးတံဆိပ်ဆု‌၊ ၂၀၁၄ ကာဇ္ဇစတန်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲကြေးတံဆိပ်ဆု၊...

ပွဲရက်နီးကပ်လာပြီဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ ပွဲရက်နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ယနေ့ ဇန်နဝါရီ (၁၁)ရက်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။ မြန်မာလက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဇန်နဝါရီ (၁၅)ရက်မှစတင်၍ တရုတ်၊ ဗီယက်နမ်နှင့် မကာအိုအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ ပွဲစဉ် ဇယားအနေဖြင့် ဇန်နဝါရီ (၁၅)ရက်တွင် ဗီယက်နမ်အသင်း၊ ဇန်နဝါရီ (၁၇)ရက်တွင် တရုတ် (တိုင်ပေ)အသင်း၊ ဇန် နဝါရီ(၁၉)ရက်တွင် မကာအိုအသင်းတို့နှင့် အုပ်စုပွဲစဉ်များအနေဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမားများစာရင်းတွင်...

ဦးဝိစာရ မြေအောက်လမ်းကူး လူသွားဥမင်မှ တစ်နေ့ လူဦးရေ(၃,၀၀၀)နှင့် (၄,၀၀၀)ကြား ဖြတ်သန်းသွားလာနေ

ရွှေတိဂုံစေတီနှင့် ပြည်သူ့ရင်ပြင်သို့ လာရောက်ကြသည့် ပြည်သူများ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်မှ ဖြတ်သန်းသွားလာလျက်ရှိရာ လက်ရှိတွင် လူသွားဥမင်မှ တစ်နေ့လျှင် လူဦးရေ(၃၀၀၀)နှင့် (၄၀၀၀)ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်(Underpass)သည် (၂၃) ပေကျယ်သည့်အတွက် တစ်နာရီ လူပေါင်း (၁၄၀၀၀)ဖြတ်ကူးနိုင်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အခါကြီး ရက်ကြီးများတွင် အဆင်ပြေစွာသွားရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ လမ်းကူးလူသွားဥမင်အတွင်း၌ အတက်အတွက် ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်း၊ အသက်အရွယ်ကြီးသူ များ၊ တွန်းလှည်းအသုံးပြု သွားလာသူများအတွက် အသုံး ပြုရန် ဓာတ်လှေကားနှစ်စင်း ထည့်သွင်း တည်ဆောက်ထားပြီး စီမံကိန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071