Monday, April 7, 2025

မဟာမြတ်မုနိဘုရားကြီးသို့ နစက ဥက္ကဋ္ဌသွားရောက်ဖူးမျှော်၊မန္တလေးမြို့နှင့် ကျောက်ဆည်မြို့ပျက်စီးခဲ့မှုများကို...

ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ရှိခဲ့သည့် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦးများကို မူလလက်ရာမပျက် စနစ်တကျပြန်လည်ပြုပြင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၆ ရက်မွန်းလွဲပိုင်းက...

နစက ဥက္ကဋ္ဌ စစ်ကိုင်းသို့ရောက်ရှိနေ

ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၌ပျက်စီးဆုံးရှုံးခဲ့ရမှုများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၆ ရက်ကကြည့်ရှုစစ်ဆေးစဥ် သီတဂူဝိပဿနကျောင်းတိုက်၌သီတင်းသုံးနေတော်မူသည့် သီတဂူဆရာတော်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့သည်။ ထိုသို့...

တရုတ်၌အင်အား၈အဆင့်ရှိငလျင်လှုပ်ခတ်နိုင်ခြေရှိဟုပညာရှင်များဆို

ပေကျင်း၊ဧပြီ ၆ မြန်မာနိုင်ငံ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ကမ္ဘာတစ်၀န်း နောက်ဆက်တွဲဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ငလျင်ပညာရှင်များကသတိပေးထားသည်ဟုသိရသည်။ မြန်မာနိုင်ငံ၌ ငလျင်မလှုပ်မီ...

ငလျင်ဒဏ်နှင့်ပတ်သက်၍နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ထိုင်း၊မလေးရှားနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ တာဝန်ရှိသူများ ဧပြီ ၅ ရက်က နေပြည်တော်၌တွေ့ဆုံကာ ငလျင်ဒဏ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲတက်ရောက်လာသည့်...
HomeNewsLocal NewsIBEC နှင့် KBU...

IBEC နှင့် KBU Senate တို့မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူ(၇)ဦးအမည်စာရင်းထုတ်ပြန်

IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးအမည်စာရင်းကို IBEC ကထုတ်ပြန်ခဲ့သည်။

ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ်(သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့အား ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။

ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း
(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များအား လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာမြတ်မုနိဘုရားကြီးသို့ နစက ဥက္ကဋ္ဌသွားရောက်ဖူးမျှော်၊မန္တလေးမြို့နှင့် ကျောက်ဆည်မြို့ပျက်စီးခဲ့မှုများကို ရဟတ်ယာဉ်များဖြင့် ကြည့်ရှု

ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ရှိခဲ့သည့် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦးများကို မူလလက်ရာမပျက် စနစ်တကျပြန်လည်ပြုပြင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၆ ရက်မွန်းလွဲပိုင်းက မန္တလေးမြို့သို့ရောက်ရှိ၍ မဟာမြတ်မုနိဘုရားကြီးအား ဖူးမြှော်ကြည်ညိုစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့် မဟာမြတ်မုနိဘုရားကြီး၏ မြေခခဲ့ရသော စိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့၌ အလှူရှင်များလှူဒါန်းထားသည့် ရတနာ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ကွာကျခဲ့သည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ၊ပိဋကတ်တိုက်တော်ကြီးအတွင်းရှိ ရှေးဟောင်းပိဋကတ်တော်များ ထိန်းသိမ်းထားရှိမှု၊ ကြေးရုပ်ပြတိုက်အတွင်းရှိ ရှေးဟောင်းကြေးရုပ်ကြီးများ ထိန်းသိမ်းထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်မှုများကို...

နစက ဥက္ကဋ္ဌ စစ်ကိုင်းသို့ရောက်ရှိနေ

ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၌ပျက်စီးဆုံးရှုံးခဲ့ရမှုများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၆ ရက်ကကြည့်ရှုစစ်ဆေးစဥ် သီတဂူဝိပဿနကျောင်းတိုက်၌သီတင်းသုံးနေတော်မူသည့် သီတဂူဆရာတော်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့သည်။ ထိုသို့ ဖူးမြော်ကြည်ညိုပြီးနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရာ၌အသုံးပြုရန် အလှူငွေကျပ်သိန်း(၅၀၀) နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူခဲ့သော ရဟန်းသံဃာများ၊ သီလရှင်များနှင့် ပြည်သူများအတွက် အမျှပေးဝေခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ငလျင်ဒဏ်ကြောင့် ပင်မလမ်းအူကြောင်းရွှေ့လျား ပြောင်းလဲခဲ့သည်အထိ...

တရုတ်၌အင်အား၈အဆင့်ရှိငလျင်လှုပ်ခတ်နိုင်ခြေရှိဟုပညာရှင်များဆို

ပေကျင်း၊ဧပြီ ၆ မြန်မာနိုင်ငံ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ကမ္ဘာတစ်၀န်း နောက်ဆက်တွဲဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ငလျင်ပညာရှင်များကသတိပေးထားသည်ဟုသိရသည်။ မြန်မာနိုင်ငံ၌ ငလျင်မလှုပ်မီ ရက်ပိုင်းအလိုကပင်တရုတ်ငလျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က ဒေသတွင်း၌ ပြင်းအားမြင့် ငလျင်ဘေးအန္တရာယ်များ ဖြစ်နိုင်ခြေမြင့်မားနေကြောင်း လေ့လာမှုတစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်ဟုဆိုသည်။ အဆိုပါအဖွဲ့က ခန့်မှန်းထားသည်မှာ တရုတ်အပါအဝင် ကျန်ဒေသတွင်းနေရာများ၌ ပြင်းအားမြင့် ငလျင်ဖြစ်လာနိုင်‌ခြေရှိပြီး မတ်လ ၂၈ ရက်နေ့ ကလှုပ်ခတ်ခဲ့သည့်မြန်မာငလျင်သည် နောက်ဆုံးမဟုတ်သေးဘဲ တရုတ်နိုင်ငံနှင့်အိမ်နီးချင်းဒေသများတွင်ပါ အင်အား ၈ အဆင့်ရှိ ကပ်ဘေးငလျင်များ လှုပ်ခတ်နိုင်ခြေမြင့်မားလျက်ရှိနေသေးသည်ဟုဆိုသည်။ ၎င်းတို့သည် ၁၈၇၉ ခုနှစ်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071