Thursday, December 12, 2024

ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ကစားသမားက ဆီးဂိမ်းက...

ကျင်းပနေသည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်မှ ကစားသမား နိုင်လင်းထွန်းသည် ပြီးခဲ့သည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲက ရွှေတံဆိပ်ရခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၂၁)နှစ်အောက်...

မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင် လာမည့် (၂)ရက်အတွင်း...

လာမည့် (၂)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ (၁၂)ရက်၊ နံနက် (၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ...

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေ

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ(၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည့် အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့် ဒုတိယပွဲဖြစ်စဉ်၌ မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။ ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွက်...

အခြေခံစားသောက်ကုန်စည်ဈေးကွက်အတွင်း ပြည်တွင်းစားသုံးဆန်များကို ကားဖြင့်လှည့်လည်ရောင်းချပေးနေ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ စားသုံးသူ ပြည်သူများအတွက် ပြည်တွင်းစားသုံးဆန်များအား ကားများဖြင့် မြို့နယ်များတွင် လှည့်လည်ရောင်းချပေး‌လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ရောင်းချပေးမှုတွင် ဧည့်မထဆန်(၅)ကီလို (၂)ပြည်ခွဲတစ်အိတ်လျှင်...
HomeNewsLocal NewsIBEC နှင့် KBU...

IBEC နှင့် KBU Senate တို့မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူ(၇)ဦးအမည်စာရင်းထုတ်ပြန်

IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးအမည်စာရင်းကို IBEC ကထုတ်ပြန်ခဲ့သည်။

ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ်(သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့အား ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။

ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း
(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များအား လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ကစားသမားက ဆီးဂိမ်းက ရွှေစံချိန်ထက် သာလွန်သည့် စံချိန်ဖြင့် ရွှေတံဆိပ်ရ

ကျင်းပနေသည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်မှ ကစားသမား နိုင်လင်းထွန်းသည် ပြီးခဲ့သည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲက ရွှေတံဆိပ်ရခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၂၁)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမနေ့တွင် နိုင်လင်းထွန်း က (၃၂)ကြိမ်‌ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ရွှေတံဆိပ်စံချိန် (၁:၄၀.၄၂) ထက်သာလွန်ကောင်းမွန်ပြီး (၁:၃၆.၁၀)စံ ချိန် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် Essential Naypyitaw Auto Co.,Ltd နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ညှိနှိုင်းသဘောတူညီမှု ရယူ၍ မြန်မာကျပ်ငွေ ကာလပေါက်ဈေး (၄၃၈၀၀၀၀)...

မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင် လာမည့် (၂)ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ဟု မိုး/ဇလ အသိပေး

လာမည့် (၂)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ (၁၂)ရက်၊ နံနက် (၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၂)ရက်၊ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံကမ်းလွန်)တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းကမ်းခြေအနီးမှ ဖြတ်ကျော်လျက်ရှိကြောင်း ထုတ်ပြန်သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်(၆) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု...

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေ

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ(၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည့် အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့် ဒုတိယပွဲဖြစ်စဉ်၌ မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။ ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွက် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ တက်ရောက်ပြောကြားခဲ့ပြီး အသင်းခေါင်းဆောင် မောင်မောင်လွင် တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အင်ဒိုနီးရှားနှင့် ကစားသည့် ပွဲစဉ်အပြီး ပရိတ်သတ်အားရိုင်းစိုင်းစွာပြုမှု ဆက်ဆံခဲ့သည့်အပေါ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အရေးယူပေးမည်ဟု ကွင်းအတွင်း ပရိသတ်တွေကို အသိပေးတောင်းပန်ခဲ့ရသေးသည်။ ယနေ့ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071