Saturday, December 21, 2024

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသဖြင့် သုံးနှစ်ကြာဆိုင်းငံ့ထားသည့်မြောက်ကိုရီးယားရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ ယခုသံရုံးပြန်လည်ဖွင့်လှစ်မှုသည် သုံးနှစ်ခွဲကြာပြီးနောက်...

Call centre မှတဆင့် စားအုန်းဆီမှာယူသူ...

စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ...

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ...

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည်...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ...
HomeNewsLocal NewsIBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်...

IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ သီတဂူဆရာတော်ကြီးကြွရောက်

IBEC Buddhist University (IBEC)နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီက IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့သည်။

ထိုသို့ ကြွရောက်တော်မူပြီးနောက် သက်ဆိုင်ရာနယ်ပယ်အလိုက် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများ၊ မဟာဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် ဒီပလိုမာလက်မှတ်ရရှိသူများကို သီတဂူဆရာတော်ကြီးမှ ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။

အဆိုပါ IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့နှင်းသဘင်ကျင်းပပြီးချိန်နှင့် ဒီဇင်ဘာ ၂၂ ရက်(မနက်ဖြန်)တို့တွင် မြတ်စွာဘုရားရှင်ထားတော်မူခဲ့သည့် သုံးဖြာသောသာသနာတော်မြတ်ကြီးဖွံ့ဖြိုးတိုးတက်စေရန် “ဗုဒ္ဓသာသနာနှင့် ယနေ့ကမ္ဘာ” ခေါင်းစဉ်ဖြင့် ယနေ့ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာကြီး၏အခြေအနေအား ဗုဒ္ဓသာသနာရှုထောင့်မှ သုတေသနပြုလုပ်သုံးသပ်တင်ပြမည့် တက္ကသိုလ်သုတေသနစာတမ်းဖတ်ပွဲကိုလည်း ကျင်းပလျက်ရှိသည်။

သုတေသနစာတမ်းဖတ်ပွဲ၌ မြန်မာနိုင်ငံအဝှမ်းရှိ ဗုဒ္ဓတက္ကသိုလ်များမှ သုတေသနစာတမ်းရှင်များက အင်္ဂလိပ်စာတမ်း(၈)စောင်၊ ပါဠိစာတမ်း(၃) စောင်နှင့် မြန်မာစာတမ်း(၁၈)စောင်(စုစုပေါင်းစာတမ်း ၂၉ စောင်)ဖတ်ကြားသွားကြမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသဖြင့် သုံးနှစ်ကြာဆိုင်းငံ့ထားသည့်မြောက်ကိုရီးယားရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ ယခုသံရုံးပြန်လည်ဖွင့်လှစ်မှုသည် သုံးနှစ်ခွဲကြာပြီးနောက် အိန္ဒိယက ပြုံယမ်း၌ သံတမန်ဆက်ဆံရေး ပြန်လည်စတင်သည့်အခြေအနေလည်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အိန္ဒိယသံရုံးသည်၂၀၂၁ ခုနှစ်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကို သံတမန်ရေးအရပိုမိုအထီးကျန်စေခဲ့သည်။ ယခုအခါ နည်းပညာဝန်ထမ်းများ ပြန်လည်စတင်နေပြီးဖြစ်ကာ စီမံခန့်ခွဲရေးလုပ်ငန်းများလည်း ပြန်လည်စတင်နေခြင်းကြောင့် အိန္ဒိယသည် ကမ္ဘာ့အလျှို့ဝှက်ဆုံးနိုင်ငံတစ်ခုတွင် ခြေကုပ်စခန်းတစ်ခုကို ပြန်လည်ထူထောင်နေပြီဖြစ်သည်ဟုဆိုသည်။ ယခုအစီအစဉ်သည် နှစ်မိုင်ငံအကြား ပိုမိုကျယ်ပြန့်သောလမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ဆွီဒင်နှင့်ပိုလန်တို့ကဲ့သို့ အခြားနိုင်ငံများသည်လည်း မြောက်ကိုရီးယားရှိ သံရုံးများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သံတမန်ဆက်ဆံရေးကို...

Call centre မှတဆင့် စားအုန်းဆီမှာယူသူ တစ်ရက်လျှင် (၁၀၀၀၀၀) အထိ ရှိဟုဆို

စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ အမှာစာရရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " စက်မှုဇုန်မှာလုပ်တဲ့ ဝန်ထမ်းတွေ အဆင်ပြေပြေဝယ်ယူနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် စားအုန်းဆီရောင်းချတဲ့စနစ်ကို အကောင်အထည်ဖော်ပါတယ်။ စားအုန်းဆီကို စားသုံးသူတွေရဲ့လက်ထဲ လက်ဝယ်ဖြန့်ဖြူးမှုက စမ်းသပ်ကာလမှာ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့စားသုံးသူတွေကအဆင်ပြေစေဖို့အတွက် ဆီဝယ်ယူခွင့်စာအုပ်နဲ့ ဖြန့်ဖြူးရောင်းချပါတယ်။ ဒီစနစ်က အင်မတန်အဆင်ပြေတဲ့စနစ်ပါ"...

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေ

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါရှိသည့် အစိုးရရုံးစိုက်ရာမြို့ဖြစ်ကာ လက်ရှိတွင် KIO က ထိန်းချုပ်ထားသည့်မြို့တစ်မြို့လည်းဖြစ်သည်။ လက်ရှိတွင် ဒေသခံများအနေဖြင့် မိုးမောက်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့်အပြင် တချို့မှာလည်း ကျေးရွာများအတွင်းရှိ မိသားစုနည်းသည့် နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ စစ်ရှောင်ဦးရေမှာနေ့စဉ်နှင့်အမျှတိုးလာနေပြီး၊ ကနဦးရောက်ရှိလာသည့် စစ်ရှောင် (၄,၀၀၀)ကျော်ကို နေရာချပေးရန်ပင် အခက်အခဲများရှိနေကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသည့်ဒေသခံတစ်ဦးက ဆိုသည်။ ယခုလ ဒီဇင်ဘာ (၄)ရက်မှ စတင်ဖြစ်ပွားခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071