ဒီဇင်ဘာ ၃၀ ရက်က ဆိုးလ်မြို့တော် Gimpo လေဆိပ်မှ ဂျေဂျူးသို့ ပျံသန်းခဲ့သော ဂျေဂျူးခရီးသည်တင်လေယာဉ်တစ်စင်းသည် ဘီးချမရသည့် ပြဿနာကြုံခဲ့ပြန်သောကြောင့် Gimpo လေဆိပ်သို့ ပြန်လှည့်ခဲ့ရကာ လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
လူ ၁၈၁ ဦးလိုက်ပါခဲ့ကာ ထိုင်းနိုင်ငံမှ တောင်ကိုရီးယားသို့ ပျံသန်းခဲ့သော ဂျေဂျူး လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၉ ရက်က လေဆိပ်အဆင်းတွင် ဘီးချမရသဖြင့် ပြေးလမ်းကျော်ကာ အတားအဆီးတံတိုင်းတစ်ခုနှင့် တိုက်မိပေါက်ကွဲ မီးလောင်ခဲ့မှုကြောင့် ယာဉ်ပေါ်ပါသူနှစ်ဦးမှလွဲလျှင် အားလုံး ေ-သဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်အပြီးတွင် ယခုဖြစ်ရပ် ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား ယာယီသမ္မတ ချွိုင်ဆန်းမွတ်က လေယာဉ်ပျ-က်ကျမှုဖြစ်စဉ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးပါက တစ်နိုင်ငံလုံး၏ လေကြောင်းပြေးဆွဲမှုစနစ်ကို အရေးပေါ် လုံခြုံရေးစစ်ဆေးမှုလုပ်ရန် ဒီဇင်ဘာ ၃၀ တွင် အမိန့်ပေးခဲ့သည်။
လေကြောင်းမတော်တဆမှုဖြစ်စဉ်အတွက် ဇန်နဝါရီ ၄ ရက်အထိ နိုင်ငံတော်ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် ၇ ရက်သတ်မှတ်ကြောင်းလည်း သူက ကြေညာခဲ့သည်။
တာဝန်ရှိသူများသည် လေယာဉ်အဆင်းဘီးချမရခဲ့သည့် ပြဿနာနှင့် လေယာဉ်သည် ငှက်အုပ်နှင့်တို-က်မိခဲ့သလားဆိုသည်တို့အပါအဝင် ပြေးလမ်းအဆင်းပျ-က်ကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: သည်စထရိတ်တိုင်းမ်စ်