ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချို့မှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံးစိစစ်နေကြောင်း KBZPay က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက KBZ Pay အသုံးပြုသူတချို့သည် ကိုယ်တိုင်မသိရှိရဘဲ အကောင့်ထဲမှ ငွေကြေးများ လွှဲပြောင်းထုတ်ယူခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဝေဖန်မှုများရှိလာခြင်းဖြစ်သည်။
ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်ဆုံးစိစစ်ဆောင်ရွက်နေသလို ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
လတ်တလောတွင် အသုံးပြုသူတချို့၏ အကောင့်များကို OT-P ရယူပြီး PIN နံပါတ်ကိုခန့်မှန်းကာ ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်က သိရှိသတိပြုမိထားပြီးဖြစ်သလို အသုံးပြုသူများ၏ ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်းလည်း သိရသည်။
ထို့ပြင် အကောင့်လုံခြုံရေးနှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်မှုများကိုလည်း လာမည့်ရက်သတ္တပတ်တွင် ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။