ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၏ အောင်ကလပ်ကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က KNDF နှင့် PDF အဖွဲ့ဝင်များမှ ထီးစဲခါးကျောင်းတိုက်မှ ကျောင်းထိုင်ဆ ရာတော်နှင့်အတူပါလာသည့် သံဃာတော်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အပါ အဝင် သံဃာတော်(၅)ပါးသည် ကျောင်းတိုက်အ တွင်း၌ စေတီတော်အသစ်တည်ထားရန် လိုအပ်သည့်ပစ္စည်းများဝယ်ယူရန် မန္တလေးမြို့သို့ ကျောင်းတိုက်ပိုင်ကားဖြင့်ထွက်ခွာလာစဥ် အောင်ကလပ်ကျေးရွာအနီးအရောက် KNDF နှင့် PDF အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ဆရာတော်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ပျံလွန်တော်မူသွားခဲ့ပြီး သံဃာတော်(၂)ပါးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်ရှင်းလင်းရာ KNDF နှင့် PDF အဖွဲ့ဝင်များမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပျံလွန်တော်မူသွားခဲ့သည့် ဆရာတော်၏ ရုပ်ကလာပ်တော်နှင့် ကျည်ထိမှန်ဒဏ်ရာများရရှိထားသော သံဃာ တော်(၂)ပါးတို့အား လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ပင့်ဆောင်တင်ပို့ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်မှလည်း ပျံလွန်တော်မူသွားခဲ့သည့် ဆရာ တော်၏ ရုပ်ကလာပ်တော်အားသွားရောက်ဖူး မြော်၍ အန္တိမဈာပနပူဇာပြုလုပ်နိုင်ရန် တာဝန်ရှိသူများထံ အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ ကျည်ထိမှန်ဒဏ်ရာများရရှိထားသော သံဃာတော်(၂)ပါးကိုလည်း တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပင့်ဆောင်ကာ လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့်တာဝန်ရှိသူများမှလည်း နဝကမ္မဝတ္ထုငွေ၊ သင်္ကန်းနှင့် လှူဖွယ်ပ စ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။