Monday, March 24, 2025

ထိုင်း-မြန်မာနယ်စပ်တွင်သောင်တင်နေသူများ၌ကိုယ်ဝန်ဆောင်၁၁ဦးပါနေ

မြန်မာနိုင်ငံဘက်ရှိ ငွေလိမ်ဂိုဏ်းလုပ်ငန်းများမှ ပြန်ခေါ်ထုတ်ခံရပြီးနောက် နယ်စပ်တွင် မသေချာ မရေရာသည့် အခြေအနေဖြင့် သောင်တင်နေသူ ၂,၄၀၀ ကျော်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၁...

အမြန်လမ်း (၃၉)မိုင်ယာဥ်ရပ်နားစခန်း၌ EV လျှပ်စစ်ဓာတ်အားသွင်းရုံဖွင့်လှစ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉)မိုင်ယာဥ်ရပ်နားစခန်း၌ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ် ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ EV ကားများအတွက်...

ပန်းဘဲတန်းမြို့နယ်ရှိ “တိတ်ရှိန်”ရွှေဆိုင်အား ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်(၂၀)ကျပ်သားခန့်အား...

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်တွင် ယနေ့ မတ် ၂၃ ရက်နံနက် ၈ နာရီ ၄၅...

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU...

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့...
HomeNewsLocal NewsKNPP/KNDF အဖွဲ့များအား အရေးယူဆောက်ရွက်မှုများကို...

KNPP/KNDF အဖွဲ့များအား အရေးယူဆောက်ရွက်မှုများကို ပြင်းပြင်ထန်ထန်ဆက်လက်ဆောင်ရွက်မည်ဟုဗိုလ်ချုပ်​ဇော်မင်းထွန်း​ပြော

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နမ့်နိမ်ကျေးရွာတွင် မတ် ၁၁ ရက်ကဖြစ် ပွားခဲ့သည့် ဘုန်းတော်ကြီး ၃ ပါးနှင့်ပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအား တပ်မတော်မှပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲဖော်ပြမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ပင်လောင်းဒေသဆိုတာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဖြစ်တယ်။ တည်ငြိမ်အေးချမ်းတဲ့ဒေသလည်းဖြစ်ပါတယ်။ သူနဲ့နီးစပ်တဲ့ ကယား ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်၊မငြိမ်မသက်တွေဖြစ်နေတယ်၊ မတ်လဆန်းလောက်မှာ တောင်ဘက်မှာရှိတဲ့ KNPP/KNDF အဖွဲ့တွေက ပအိုဝ်းဒေသကို နှောင့်ယှက်တိုက်ခိုက်တာတွေရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက​ပြော သည်။

မတ် ၁၁ ရက်တွင် KNPP/KNDF အဖွဲ့ဝင်များ သည် နမ့်နိမ်ကျေးရွာသို့ဝင်ရောက်လာပြီးနောက် ကျေးရွာ၏ နယ်မြေဒေသအားခြိမ်းခြောက်ခြင်းများပြုလုပ်၍ ဒေသခံပြည်သူ့စ်အဖွဲ့များနှင့်ပူးပေါင်းကာလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

“မတ် ၁၁ ရက်ည ၉ နာရီလောက်မှာ လုံခြုံရေးအ ဖွဲ့ဝင်တွေကို KNPP/KNDF အဖွဲ့တွေက စပြီးပစ် ခတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။လက်နက်ကိုင်အဖွဲ့တွေက ရွာထဲကိုဝင်ပြေးသွားပြီး ပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့က သူတို့ရဲ့အလောင်းနဲ့လက်နက်တချို့ကိုရရှိခဲ့တယ်”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

KNPP/KNDF အဖွဲ့ဝင်များ၏ နမ့်နိမ်ကျေးရွာအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ရွာသူ၊ရွာသားများ သေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်နေ အိမ်များအား စွန့်ခွာထွက်ပြေးရခြင်းများရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ခြင်းများသည် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းနေမှု ဖွံဖြိုးတိုးတက်နေမှုတို့အားဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် KNPP/KNDF အဖွဲ့ဝင်များက ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

“ပအိုဝ်းပြည်သူ့စစ်တွေ၊ဒေသခံလုံခြုံရေးအဖွဲ့တွေ ပြည်သူတွေနဲ့တပ်မတော်ကြားမှာ ထင်ယောင် ထင်မှားဖြစ်စေဖို့အတွက်လုပ်ဆောင် တာဖြစ်ပါတယ်။ ဒီသတင်းတွေကိုထုတ်လွှင့်တာဖြစ်တယ်။ ပြစ်မှုကျူးလွန်သူ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေဟာ ဒီလူတွေပဲဖြစ်ပါတယ်”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ကြောင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပအိုဝ်းပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်အား ထိခိုက်စေခဲ့သည့် KNPP/KNDF အဖွဲ့ဝင်များအား လုံခြုံရေးအရလိုအပ်သည့် အရေးယူဆောင်ရွက်မှုများအား ပြင်းပြင်းထန်ထန်ဆောင် ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း-မြန်မာနယ်စပ်တွင်သောင်တင်နေသူများ၌ကိုယ်ဝန်ဆောင်၁၁ဦးပါနေ

မြန်မာနိုင်ငံဘက်ရှိ ငွေလိမ်ဂိုဏ်းလုပ်ငန်းများမှ ပြန်ခေါ်ထုတ်ခံရပြီးနောက် နယ်စပ်တွင် မသေချာ မရေရာသည့် အခြေအနေဖြင့် သောင်တင်နေသူ ၂,၄၀၀ ကျော်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၁ ဦး ပါဝင်နေကာ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူရန် အရေးတကြီးလိုအပ်နေသည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ခက်ခဲသည့် နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့ခြင်းနှင့် အစားအစာမလုံလောက်သည့် အခြေအနေများရှိနေသည့် စခန်းတစ်ခုတွင် ယင်း အမျိုးသမီး ၁၁ ဦး နေထိုင်နေရသည်ဟု လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဖက်အဖွဲ့အစည်းကွန်ရက်မှ ညှိနှိုင်းရေးမှူး ဂျေးခရစ်တီယာက...

အမြန်လမ်း (၃၉)မိုင်ယာဥ်ရပ်နားစခန်း၌ EV လျှပ်စစ်ဓာတ်အားသွင်းရုံဖွင့်လှစ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉)မိုင်ယာဥ်ရပ်နားစခန်း၌ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ် ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး ဒု-ဝန်ကြီးဦးဝင်းဖေမှ နိုင်ငံအတွင်း လျှပ်စစ်ကားများကို ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာဆီတင်သွင်းမှုအား လျော့ချသုံးစွဲနိုင်ပြီး နိုင်ငံအတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်၍ လျှပ်စစ်ကားပြေးဆွဲမှုပိုမိုတွင်ကျယ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများက EV ကားများအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံအတွင်း EV ကားများ လျှပ်စစ် ဓာတ်အားဖြည့်သွင်းနေမှုကိုကြည့်ရှုခဲ့ကြကြောင်း...

ပန်းဘဲတန်းမြို့နယ်ရှိ “တိတ်ရှိန်”ရွှေဆိုင်အား ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်(၂၀)ကျပ်သားခန့်အား လုယက်ယူဆောင်သွားသူ(၄)ဦးကို အခင်း ဖြစ်ပြီး ၆ နာရီအတွင်းဖမ်းမိခဲ့

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်တွင် ယနေ့ မတ် ၂၃ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား(၄)ဦးမှ ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်(၂၀) ကျပ်သားခန့်ကိုလုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ Mask တပ်ဆင်ထားသည့် အမျိုးသား(၄)ဦးမှ မဟာဗန္ဓုလလမ်းပေါ်ရှိ "တိတ်ရှိန်"ရွှေဆိုင်အတွင်းသို့ရောက်ရှိလာပြီးနောက် ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူနှင့် ဆိုင်ဝန်ထမ်းများကို ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ မှန်ကောင်တာအတွင်းရှိ ငွေကျပ်သိန်း(၁၂၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၂၀)ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြု လုပ်ပြီးနောက် ဖြစ်စဥ်အား (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071