Monday, March 24, 2025

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ...

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ မတ် ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)...

MRF အနေဖြင့် ဧပြီလနှင့် မေလတွင်...

နိုင်ငံတကာ ဝယ်လိုအား ကျဆင်းနေခြင်းနှင့် ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းတို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဧပြီလနှင့် မေလတွင် စပါးတင်း သိန်း (၁၅၀) နှင့် ဧည့်မထဆန်အိတ်...

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ရန်ကျင်းပသည့်ပွဲ

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) က ဦးဆောင်ကာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်ရှိ အဆိုပါ ရုံးတည်ရှိရာ MICC(2) တွင် ယနေ့...

ထိုင်း-မြန်မာနယ်စပ်တွင်သောင်တင်နေသူများ၌ကိုယ်ဝန်ဆောင်၁၁ဦးပါနေ

မြန်မာနိုင်ငံဘက်ရှိ ငွေလိမ်ဂိုဏ်းလုပ်ငန်းများမှ ပြန်ခေါ်ထုတ်ခံရပြီးနောက် နယ်စပ်တွင် မသေချာ မရေရာသည့် အခြေအနေဖြင့် သောင်တင်နေသူ ၂,၄၀၀ ကျော်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၁...
HomeNewsLocal NewsKNPP/KNDF အဖွဲ့များအား အရေးယူဆောက်ရွက်မှုများကို...

KNPP/KNDF အဖွဲ့များအား အရေးယူဆောက်ရွက်မှုများကို ပြင်းပြင်ထန်ထန်ဆက်လက်ဆောင်ရွက်မည်ဟုဗိုလ်ချုပ်​ဇော်မင်းထွန်း​ပြော

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နမ့်နိမ်ကျေးရွာတွင် မတ် ၁၁ ရက်ကဖြစ် ပွားခဲ့သည့် ဘုန်းတော်ကြီး ၃ ပါးနှင့်ပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအား တပ်မတော်မှပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲဖော်ပြမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ပင်လောင်းဒေသဆိုတာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဖြစ်တယ်။ တည်ငြိမ်အေးချမ်းတဲ့ဒေသလည်းဖြစ်ပါတယ်။ သူနဲ့နီးစပ်တဲ့ ကယား ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်၊မငြိမ်မသက်တွေဖြစ်နေတယ်၊ မတ်လဆန်းလောက်မှာ တောင်ဘက်မှာရှိတဲ့ KNPP/KNDF အဖွဲ့တွေက ပအိုဝ်းဒေသကို နှောင့်ယှက်တိုက်ခိုက်တာတွေရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက​ပြော သည်။

မတ် ၁၁ ရက်တွင် KNPP/KNDF အဖွဲ့ဝင်များ သည် နမ့်နိမ်ကျေးရွာသို့ဝင်ရောက်လာပြီးနောက် ကျေးရွာ၏ နယ်မြေဒေသအားခြိမ်းခြောက်ခြင်းများပြုလုပ်၍ ဒေသခံပြည်သူ့စ်အဖွဲ့များနှင့်ပူးပေါင်းကာလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

“မတ် ၁၁ ရက်ည ၉ နာရီလောက်မှာ လုံခြုံရေးအ ဖွဲ့ဝင်တွေကို KNPP/KNDF အဖွဲ့တွေက စပြီးပစ် ခတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။လက်နက်ကိုင်အဖွဲ့တွေက ရွာထဲကိုဝင်ပြေးသွားပြီး ပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့က သူတို့ရဲ့အလောင်းနဲ့လက်နက်တချို့ကိုရရှိခဲ့တယ်”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

KNPP/KNDF အဖွဲ့ဝင်များ၏ နမ့်နိမ်ကျေးရွာအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ရွာသူ၊ရွာသားများ သေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်နေ အိမ်များအား စွန့်ခွာထွက်ပြေးရခြင်းများရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ခြင်းများသည် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းနေမှု ဖွံဖြိုးတိုးတက်နေမှုတို့အားဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် KNPP/KNDF အဖွဲ့ဝင်များက ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

“ပအိုဝ်းပြည်သူ့စစ်တွေ၊ဒေသခံလုံခြုံရေးအဖွဲ့တွေ ပြည်သူတွေနဲ့တပ်မတော်ကြားမှာ ထင်ယောင် ထင်မှားဖြစ်စေဖို့အတွက်လုပ်ဆောင် တာဖြစ်ပါတယ်။ ဒီသတင်းတွေကိုထုတ်လွှင့်တာဖြစ်တယ်။ ပြစ်မှုကျူးလွန်သူ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေဟာ ဒီလူတွေပဲဖြစ်ပါတယ်”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ကြောင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပအိုဝ်းပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်အား ထိခိုက်စေခဲ့သည့် KNPP/KNDF အဖွဲ့ဝင်များအား လုံခြုံရေးအရလိုအပ်သည့် အရေးယူဆောင်ရွက်မှုများအား ပြင်းပြင်းထန်ထန်ဆောင် ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရန် ဝန်ကြီးဒေါက်တာချာလီသန်းမှာကြား

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ မတ် ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ) အားကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများရရှိရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမည်ဟုမှာကြားကာ စက်ရုံအတွင်း ဆိုလာများထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်ရှိ ရွှေကသာကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရွန်နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံတွင် ဆိုလာပြားများတပ်ဆင်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဆိုလာများအားနေအိမ်သုံးအပြင် စက်မှုလုပ်ငန်းများပါ...

MRF အနေဖြင့် ဧပြီလနှင့် မေလတွင် စပါးတင်း သိန်း (၁၅၀) နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူမည်

နိုင်ငံတကာ ဝယ်လိုအား ကျဆင်းနေခြင်းနှင့် ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းတို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဧပြီလနှင့် မေလတွင် စပါးတင်း သိန်း (၁၅၀) နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မတ်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်မှ သိရသည်။ လက်ရှိအခြေအနေတွင် နိုင်ငံတကာ ဝယ်လိုအား ကျဆင်း နေခြင်း၊ ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းအတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထ နွေစပါး စိုက်ပျိုးသော တောင်သူလယ်သမားများ...

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ရန်ကျင်းပသည့်ပွဲ

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) က ဦးဆောင်ကာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်ရှိ အဆိုပါ ရုံးတည်ရှိရာ MICC(2) တွင် ယနေ့ မတ်လ (၂၄) ရက် နံနက်ပိုင်းမှစတင်ပြီး (၃) ရက်တာ ကျင်းပလျက်ရှိသည်။ အဆိုပါ ဆွေးနွေးပွဲကို အဓိကကျသည့် ရည်ရွယ်ချက် (၃) ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားသည်။ ယင်း ရည်ရွယ်ချက် (၃) ရပ်မှာ (က) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071