Thursday, December 26, 2024

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ဂျပန်...

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...
HomeNewsLocal NewsKpay သုံးစွဲသူများကို ပစ်မှတ်ထား...

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ

ယခုရက်ပိုင်းအတွင်း မြန်မာပြည်တွင်းက Kpay အသုံးပြုကာ ငွေရေး ကြေးရေး သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်သည့် လိမ်လည်းမှုများ ပိုမိုများပြား လာနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လိမ်လည်သူများသည် သက်ကြီး ရွယ်အိုများနှင့် နည်းပညာအားနည်းသူများကို ပစ်မှတ်ထားကာ Face book, Viber အစရှိသည့် လူမှုကွန်ရက် စာမျက်နှာများမှ တဆင့်သော်လည်းကောင်း၊ ဖုန်း SMS မှသော်လည်းကောင်း ချဉ်းကပ်၍ လိမ်လည်နေကြခြင်းဖြစ်သည်။

ယင်းသို့ လိမ်လည်ခံရသူများထဲတွင် အချို့တွင် နာ မည်ကြီးသူများနှင့် အနုပညာရှင် အချို့ပါ ဝင်နေကြောင်းလည်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဒုတိယ ဥက္ကဋ္ဌ သရုပ်ဆောင် ဦးဝင်းမြိုင် ယင်းကဲ့သို့ လိမ်လည်ခံရပြီး ၎င်း၏ KPay အတွင်းမှ ငွေကြေးအချို့ ဆုံးရှုံး သွားခဲ့ကြောင်း သိရသည်။

” ဒီအသက်အရွယ်တွေက IT နည်းပညာကို သိပ်ပြီးတော့ လက်လှမ်းမမီကဘူး။ များသောအားဖြင့်က၊ ရုတ်တရက်ကျတော့ သတိလွတ်တယ်။ သတိလွတ်တော့ အဲဒီ ဂဏန်း (၆) လုံးကို ပြောလိုက်မိတယ်။ ကိုယ့်ဆီမှာ K pay ရှိတယ် ၊ Wave pay ရှိတယ် ဆိုရင် သက်ဆိုရာက ကျလာတဲ့ Pin Code ကို ဘယ်သူ့ကိုမှ မပြော မိပါစေနဲ့လို အထပ်ထပ် အခါခါ ပြောချင်တယ်” ဟု ဦးဝင်းမြိုင်က သတိပေးစကား ပြော သည်။

၎င်းအနေဖြင့် Kpay အကောင့်မှ ငွေများ လိမ်လည်ခံရ‌သော်လည်း အကောင့်အတွင်း ငွေအများအပြား ထည့်သွင်းထားခြင်း မရှိသည့်အတွက် ၄၀၀၀၀ ကျပ်သာ ပါသွားကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုကာ အသုံး ပြု၍ရသည့် ငွေကြေး သုံးစွဲမှုများကို အသုံးပြုသူ သန်းနှင့်ချီ ရှိနေပြီး ယင်းအသုံးပြုသူများထဲမှ နည်းပညာ အားနည်းသူများကို အဓိက ပစ်မှတ်ထား လိမ် လည်နေကြခြင်းဖြစ်ပြီး အရေးယူနိုင်မှု အားနည်းနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

” မြန်မာနိုင်ငံမှာ Wave Money, Kpay, AYA Pay, CB Pay စဖြင့်ပေါ့ အဲဒါသုံးတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ အဓိက အလိမ်ခံနေရတဲ့သူတွေက နည်းပညာ မကျွမ်းကျင်တဲ့သူတွေ၊ ကျေးလက်နေ ပြည်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေက လူတွေလည်း ပါတော့ ပါတယ်။ အလိမ်ခံရတဲ့သူတွေ မှာ တချို့ဆို တော်တော် နစ်နာကြရတယ်။ ဒါပေမဲ့ အရေးယူနိုင်မှုကြတော့ တော် တော် အားနည်းတယ်။ ပါသွားရင် ဆုံးတာက များတယ်”ဟု နည်းပညာကျွမ်းကျင်သူ ကိုကျော်စွာစိုးက သုံးသပ်ပြောဆိုသည်။

အဆိုပါ လိမ်လည်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်းကတည်းက ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး Wave Money သုံးစွဲသူများ အများဆုံး အလိမ်ခံခဲ့ရသော်လည်း ယခု ရက်ပိုင်းအတွင်း Kpay သုံးစွဲသူများကြား လိမ်လည်ခံရမှု ခပ်စိပ်စိပ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား FB မက်ဆင်ဂျာမှ တဆင့် KPay မှ တာဝန်ရှိသူ ယောင်ဆောင်ကာ လိမ်လည်ရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မှတ်ပုံတင် နံပါတ်လာတောင်းတယ်။ မ‌ပေးရင် အကောင့်ကို တစ်လ ပိတ်မယ်တဲ့။မယုံလို့မ​ပေးလိုက်ဘူး။ အားမရသေးလို့ ဘဏ်ကို သွားပြီးမေးကြည့်တော့ သမီးတို့ဆီက ပို့တာ မဟုတ်ဘူး။ အန်တီမပေးလိုက်တာ ကံ ကောင်းတယ်လို့ ပြန်ပြောတယ်။ အဲဒီလို အလိမ်ခံနေရတာ အများကြီးလို့ ပြောတယ်” ဟု အဆိုပါ အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။သူမအား လိမ်လည်​တောင်းဆိုထားသည့် SS ကိုပုံတွင်ကြည့်ရူ့နိုင်ပါသည်။

အဆိုပါ လိမ်လည်မှုများ မကြုံရစေရန် သက်ဆိုင် ရာ ကုမ္ပဏီနှင့် ဘဏ်တာဝန်ရှိသူများအနေဖြင့် အ သိပညာ ဖြန့်ဝေမှုများကို ပိုမိုကျယ်ပျံ့စွာ လုပ် ဆောင်သင့်ပြီး အလွယ်တကူ တိုင်ကြားနိုင်ရန် ဆောင်ရွက်ပေးခြင်း ၊ လျှင်မြန်စွာ တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ကို အားစိုက် လုပ်ဆောင်ပေးသင့်ကြောင်းလည်း ကျွမ်းကျင်သူများက အကြံပြု ပြောကြားသည်။

“အခုနောက်ပိုင်း နေ့စဉ်ရက်ဆက် ကြားလာရတာပဲ။ တာဝန်ရှိတဲ့သူတွေ ဘက်က အသိပညာပေးတဲ့ကိစ္စတွေကို ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ဖြစ်အောင် နည်းလမ်းရှာသင့်တယ်။ မသိတဲ့နားမလည်တဲ့သူတွေ မခံရအောင်ပေါ့။ ပါသွားပြီဆိုရင်လည်း ဘယ်လို ပြန်ရအောင်လုပ်မလဲ။ လိမ်တဲ့သူရဲ့ လိုကေးရှင်းကို ရှာပြီး အမြန် အကောင့်ပိတ် ပစ်တာမျိုးပေါ့ ၊ ဒါမျိုးတွေကို ဖိဖိစီးစီးပို လုပ်သင့်တယ် ” ဟု ကိုကျော်စွာစိုးက ပြောသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည် မကြုံစဖူးသော စွမ်းအင်ပမာဏကို ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရသည်။ Yarlung Zangbo မြစ်အောက်ပိုင်း၌ တည်ရှိမည့် အဆိုပါဆည်သည် နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၃၀၀ ဘီလျံခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင်တည်ဆောက်ရေးကော်ပိုရေးရှင်းက ၂၀၂၀ ပြည်နှစ်တွင် ခန့်မှန်းတွက်ချက်ထားသည်။ ယင်းပမာဏသည် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၈၈ ဒဿမ ၂ ဘီလျံ ထုတ်လုပ်ရန်...

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ဂျပန် သဘောတူ

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မကြာခဏကြုံနေရသည့် အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက် သူ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီကျင်း၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့နှင့် တွေ့ဆုံဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်း ဆိုခဲ့ပြီး အလွန်ပွင့်လင်း၍ ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးမှုများဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ “‌ကောင်းမွန်‌သောအနာဂတ်ကို ဦးတည်စေမယ့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ ယှဉ်ပြိုင်ကစားရမည်

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် အဆိုပါ အုပ်စုပွဲစဉ်များကို လာမည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းနှင့်အတူ အုပ်စု(E)၌ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့ ကျရောက်နေသည်။ ပွဲစဉ်များအနေဖြင့် မြန်မာ့အသင်းသည် ၂၀၂၅ ခုနှစ်မတ်လ (၂၅)ရက်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071