မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ သားဖြစ်သူ ဝါဇင် က ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာကျရောက်တဲ့မွေးနေ့ အလှူအဖြစ် ဗဟိုအမျိုးသမီးဆေးရုံကြီး နှင့် ဂန္ဓီဆေးရုံကြီး တို့တွင်တက်ရောက်ဆေးကုသနေကြသည့် လူနာ များ ကို နေ့လည်စာ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
မွေးနေ့ အမှတ်တရ ကုသိုလ် လုပ်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဝါဇင် က “မနေ့ညက ACTOR FASHION COLLECTION Live Sale ရောင်းရငွေထဲမှ တစ်ချို့ကို ဗဟိုအမျိုးသမီးဆေးရုံကြီး နှင့် ဂန္ဓီဆေးရုံကြီး တို့တွင်တက်ရောက်ဆေးကုသနေကြသည့် လူနာများအတွက် နေ့လည်စာ(ထမင်း+ကြက်သားဟင်း+ငပိကြော်+သီးစုံချဉ်ရည်)တို့ဖြင့် မွေးနေ့အမှတ်တရ ကုသိုလ်ယူ လှူဒါန်းခဲ့ပါတယ်။ကျွန်တော့်ရဲ့ LIVE SALE မှာဝယ်ယူအားပေးခဲ့ ကြတဲ့ ကျွန်တော့်ကို ချစ်သော customer တစ်ယောက်ချင်းစီတိုင်းရဲ့ ကုသိုလ်အလှူလေးလဲဖြစ်ပါတယ်။”လို့ သူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ ပြောလာပါတယ်။
သရုပ်ဆောင် ဝါဇင် က ACTOR FASHION COLLECTION ကနေ မိခင်ဖြစ်သူ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေ နဲ့ အထည်များ live လွှင့်ရောင်းချပြီး ယခုလို မွေးနေ့ အလှူလေးပြုလုပ်ခဲ့တာလို့သိရပါတယ်။