မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ (၇)ကြိမ်မြောက် ကွန်ဂရပ်စ်(၂၀၂၄)အား ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက် ၁၀ နာရီက နိုဗိုတယ်(ရန်ကုန်မက်စ်)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာ့ဘောလုံးလောကအ တွက် နှစ်ပေါင်းများစွာကြိုးပမ်းဆောင်ရွက်ခဲ့မှုအားဂုဏ်ပြုသည့်အနေဖြင့် MFF ၏ ၂၀၂၄ ခုနှစ်အတွက် Service Award ဆုကို ဦးဘရီအား MFF ဥက္ကဋ္ဌဦးဇော်ဇော်က ချီးမြှင့်ပေးအပ်ခဲ့သည်။
ကွန်ဂရက်စ်သို့ အားကစားနှင့်လူငယ်ရေးရာဝန်လကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုတို့က Online မှတစ်ဆင့်အမှာစကားများပြောကြားခဲ့ကြသည်။
ထို့နောက် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကအဖွင့်အမှာစကားပြောကြားပြီး MFF ၏စီနီယာ ဒု-ဥက္ကဋ္ဌဦးပြည့်ဖြိုးတေဇမှ အဖွဲ့ချုပ်၏ ငွေကြေးသုံးစွဲမှု၊ ရငွေ/သုံးငွေ ဆိုင်ရာများကိုရှင်းလင်းတင်ပြပြီးနောက် ပြင်ပစာရင်းစစ်အဖွဲ့မှ ဦးဝမ်တင်က စာရင်းစစ်တွေ့ရှိချက်များကို အစီရင်ခံတင်ပြခဲ့သည်။
ထို့အတူ ကွန်ဂရက်စ်တွင် ၂၀၂၃ ခုနှစ် ဘဏ္ဏာရေးအစီရင်ခံစာ၊ စာရင်းစစ်အတည်ပြုချက် အ ပါအဝင် အဆိုပြုတင်ပြချက်များကို မဲခွဲဆုံးဖြတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းများအား MFF ၏အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်ကဆောင်ရွက်ခဲ့သည်။