Miss Universe Myanmar 2018 အဖြစ် ရွေးချယ်ခံရပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် အလှမယ်ကတော့ နှင်းသွေး ယုအောင်ပဲဖြစ်ပါတယ်။ မကြာမီ အ ချိန်အတွင်းမှာ International ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ် တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို မေးမြန်းကြည့်တဲ့အခါမှာ အလှမယ် နှင်းသွေးယုအောင်က အခုလို ပြော ပါတယ်။
”အခုပွဲလည်း တအားနီးနေပြီ ဆိုတော့ နှင်းသွေးဝတ်ရမယ့်အဝတ်အစားတွေ၊ National Custume အပိုင်းရယ်၊Evening Gown အ ပိုင်းတွေ နှင်းသွေးပြင်ဆင်နေတယ်။ National Custume အပိုင်းက သနပ်ခါးနဲ့ပတ်သက်တဲ့ဝတ်စုံ ပုံစံမျိုး လုပ်ဖြစ်သွားမယ်။ Body ပိုင်းအနေ နဲ့က နှင်းသွေး ပွဲပြီးကတည်းက Diet Plan နဲ့ လုပ်တယ်။ Gym Trainer နဲ့သေချာ ကစားတယ်။ Beauty ပိုင်း ကတော့ အသားအရေပိုင်းဆိုင်ရာ အစား အသောက်ဆင်ခြင်ပြီးတော့ နှင်းသွေးသေချာပြင်ဆင်ထားတယ်။ Brain ပိုင်းကတော့ နှင်းသွေး Pageant Knowledge အနေနဲ့ Internet ကနေ International ပွဲ တွေ ကြည့်ပြီးလေ့လာဖြစ်တယ်။ အဲဒီအ ပြင် General Knowledge ပိုင်း ကတော့ နှင်းသွေးစာအုပ်များများ ဖတ်ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရ မှာဖြစ်တဲ့အတွက် ကိုယ်တိုင်ကလည်း ထိုင်းစကားတတ်တဲ့အခါ ဘယ်လို အားသာချက်တွေရှိနိုင်မလဲဆိုတာ ကိုလည်း…
”မြန်မာနိုင်ငံက အလှမယ် က ထိုင်းစကားပြောတတ်တယ်ဆိုပြီး ပရိသတ်တွေက ပိုပြီးစိတ်ဝင်စားလာ ကြမယ်။ မီဒီယာပိုင်းဆိုင်ရာမှာဆို ရင်လည်း နှင်းသွေးက ထိုင်းစကား ပြောတတ်တဲ့အတွက် ပိုပြီးတော့ ထင်ပေါ်မယ်လို့ထင်ပါတယ်”လို့ နှင်း သွေးယုအောင်က ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ – သားဒွေး