မြန်မာလေကြောင်းလိုင်း (MNA) အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ သယ်ဆောင်ရန် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ အခမဲ့ ပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။
မြေငလျင်ဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ နှင့် ဆေးဝါးများ ပြည်သူများ ထံသို့အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်ယမန်နေ့က လှုပ်ခတ်ခဲ့သော မြေငလျင်သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာအမျိုးသားလေကြောင်းမှ ဖျက်သိမ်းခဲ့ရသော ပြည်တွင်းခရီးစဉ်များအား ပုံမှန်အခြေအနေများ ပြန်လည် လည်ပတ်နိုင်သည့်အချိန်တွင် အစားထိုး ဝန်ဆောင်မှုများအား အချိန်နှင့် တပြေးညီ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။