Sunday, December 15, 2024

စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က...

တောင်ကိုရီးယား ယာယီသမ္မတက ဘိုင်ဒင်နှင့် ဖုန်းပြော

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးသည် တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ဟန်၏ရုံးက ထုတ်ပြန်ပြောဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများကို...

သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးနေဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော

ပြည်ပမှ တင်သွင်းရန် လုပ်ငန်းရှင်များက လျှောက်ထားရသည့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့်...

ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပ

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ ယွီကျုံးခရိုင်အစိုးရ တို့ပူးပေါင်း၍ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်)ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့်...
HomeNewsLocal NewsMNDAA ၊ TNLA...

MNDAA ၊ TNLA ၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့

MNDAA ၊ TNLA ၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နစက အနေဖြင့် ရခိုင်ပြည်နယ်၌ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရအဆက်အဆက် ယခုအချိန်အထိ ဆောင်ရွက်ခဲ့မှုများကြောင့် ယခင်ထက် အဆပေါင်းများစွာတိုးတက်ပြောင်းလဲလာခဲ့သည်ဟု ပြောသည်။

ထိုသို့ တိုးတက်ပြောင်းလဲလာခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များကြောင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများပိုမိုဆိုးရွားလာခဲ့သည်ဟု ပြောသည်။

” လက်နက်ကိုင်အဖွဲ့တွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆတွေဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

၎င်းတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

ထို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် လိုလားချက်ကိုတောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကိုပြေလည်စေမည်ဟုပြောသည်။

” မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ပြည်တွင်းပယောဂကင်းကင်းနဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာအောင်မြင်နိုင်မှာပါ။ နိုင်ငံတော်အနေနဲ့လည်း ဆွေးနွေးမှုတွေကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ကြိုဆိုနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေဟု ဦးဝင်းရှိန်ပြော

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရာဂီမုန်တိုင်းနှင့် နယ်မြေဒေသ အခြေအနေများကြောင့် အချို့ကဏ္ဍများ၌ ထိခိုက်မှုရှိခဲ့သော်လည်း ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လ ကုန်ဆုံးချိန်တွင် GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊...

တောင်ကိုရီးယား ယာယီသမ္မတက ဘိုင်ဒင်နှင့် ဖုန်းပြော

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးသည် တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ဟန်၏ရုံးက ထုတ်ပြန်ပြောဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများကို အနှောင့်အယှက်မရှိစေဘဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုကို ဆက်လက်ထိန်းသိမ်း၍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းသွားမည်ဟု ယာယီသမ္မတဟန်က ပြောဆိုခဲ့သည်။ မငြိမ်သက်မှုများ ကြီးမားနေသည့်အချိန်တွင် စစ်အုပ်ချုပ်ရေးအမိန့်ကိုကြေညာကာ နိုင်ငံရေးမတည်ငြိမ်ဖြစ်အောင် ဖန်တီးသည်ဟု စွပ်စွဲခံခဲ့ရသည့် သမ္မတ ယွန်းဆွတ်ယိုးလ်ကို တောင်ကိုရီးယားလွှတ်တော်က စွပ်စွဲပြစ်တင်မှုလုပ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်များပေါ်ပေါက်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားကို အမေရိက,က ထောက်ခံကြောင်း သမ္မတဘိုင်ဒင်က ထပ်လောင်းပြောကြားခဲ့ပြီး မိမိတို့၏ ခိုင်မာသော...

သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးနေဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော

ပြည်ပမှ တင်သွင်းရန် လုပ်ငန်းရှင်များက လျှောက်ထားရသည့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သ ည်။ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး၊ ကြီးကြပ်မှုကော်မတီနှင့် ကုန်သွယ်မှုဆိုင်ရာမူဝါဒများ ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းရှင်များက လျှောက်ထားရသည့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ထို့ပြင် အခြေခံစားသောက်ကုန်စည်ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုမရှိစေရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071