Saturday, March 15, 2025

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့်...

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲ ပူးပေါင်း...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုအလုပ်...

တနင်္သာရီတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူ (၄,၀၀၀)ကျော်ရှိပြီး စာစစ်ဌာန...

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တနင်္သာရီတိုင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူ (၄,၇၅၇)ဦးရှိကာ စာစစ်ဌာန (၁၆)ခု ဖွင့်လှစ်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအတွက် ယမန်နေ့ မတ်လ...

ဒလ နာရီစင်ကို ပြောင်းရွှေ့တည်ဆောက်ပေးမည်ဟုဆို

ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်ရန် တည်ဆောက်နေသည့် ဒလတံတားနှင့် မလွတ်ကင်း၍ ဖျက်သိမ်းလိုက်ရသည့် ဒလမြို့ရှိ နာရီစင်ကို ပြောင်းရွှေ့တည်ဆောက်ပေးမည်ဟု သိရသည်။ ယင်းနာရီစင်သည် ယခင်က ဒလမြို့လယ်ခေါင်၊...
HomeNewsFootballMNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့်...

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့် Enjoy Brother အသင်း

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့ မတ်လ (၁၄)ရက်၌ ယှဉ်ပြိုင်ကစားကြရာ W United အသင်းနှင့် Enjoy Brother အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်၌ Enjoy Brother အသင်းက သွင်းဂိုး (၄)ဂိုးပြတ်သွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ပွဲစဉ်အတွင်း Enjoy Brother အသင်း၏ လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြင့်သည့် ကျောနံပါတ်(၈၈) ဝတ်ဆင်ကစားသည့် နေလင်းထွန်းက ဟက်ထရစ်ဂိုးနှင့် ကျောနံပါတ်(၁၉)ဝတ်ဆင်ကစားသည့် ချစ်လှအောင်၏ သွင်းဂိုး (၁)ဂိုး စုစုပေါင်း(၄)ဂိုးဖြင့် တာထွက်လှခဲ့ခြင်းဖြစ်သည်။

ဂိုးသွင်းယူခဲ့သည့် ကစားသမားနှစ်ဦးသည် မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိသည့် ဝါရင့်ကစားသမားများဖြစ်ကြပြီး မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများလည်း ဖြစ်ကြကြောင်း နေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။

အလားတူ ယနေ့ အုပ်စု(က) ပွဲဦးထွက် ပွဲစဉ်၌ Happy Frien dship FC နှင့် Young Boy FC တို့ ယှဉ်ပြိုင်ကစားရာ တစ်ဘက် (၁)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ၊ Zan United အ သင်းနှင့် Asia Lion အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင်လည်း Zan United အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် အနိုင် ရရှိခဲ့ကြသည်။

မနက်ဖြန် မတ်လ (၁၅) ရက် နံနက်ပိုင်းတွင် အုပ်စု(ခ)မှ မြဧရာအက်ဖ်စီနှင့် အင်းစိန်စီးတီးအက်ဖ်စီ၊ ညနေပိုင်းတွင် 10/Mon FC နှင့် TKG Hmawbi FC အသင်းတို့ ဗဟန်းမြ က်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲမှ ဗိုလ်လုပွဲရောက်နှစ်သင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသွားမည့် Myanmar National League II 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ပုံစာ – တစ်ဘက်တစ်ဂိုးစီ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သ ည့် Happy Friendship FC နှင့် Young Boy FC တို့ယှဉ်ပြို င်ကစားသည့်မြင်ကွင်းပုံရိပ်အချို့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့် ယုံကြည်မှုမြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်း အဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မတ်လ (၁၃)ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးနောက် အာဆီယံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေး၌...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုအလုပ် အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များကို အသစ်တစ်ဖန် ရွေးချ ယ် တင်မြှောက်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့အစည်းများ၊ ပစ္စည်းများ တင်သွင်းသော သွင်း ကုန်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်များ၊ လက်ကား ဖြန့်ချိ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ၊ အုတ်သဲကျောက် လုပ်ငန်းရှင်များ၊ ဘိလပ်မြေနှင့် ကွန်ကရစ် လုပ်ငန်းရှင်များ၊ အိမ်တွင်းအလှဆင်...

တနင်္သာရီတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူ (၄,၀၀၀)ကျော်ရှိပြီး စာစစ်ဌာန (၁၆) ခု ဖွင့်လှစ်ဖြေဆိုမည်

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တနင်္သာရီတိုင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူ (၄,၇၅၇)ဦးရှိကာ စာစစ်ဌာန (၁၆)ခု ဖွင့်လှစ်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအတွက် ယမန်နေ့ မတ်လ (၁၄)ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ အ စည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး၊ စာစစ်ဌာန (၁၆)ခုတွင် လုံခြုံရေးအပါအဝင် စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးကျောင်း သား/သူများ သွားလာနေစဉ် စာစစ်ဌာနသို့ အချိန် မီရောက်ရှိရေး ကူညီဆောင်ရွက်ပေးကြရန်မှာကြားသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် စာစစ်ဌာနသို့ သွားလာနေစဉ် လမ်းခရီးအခက်အခဲများရှိနိုင်ကြောင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071