Sunday, December 15, 2024

ပြည်ပခရီးစဉ်၌ လှေကားပေါ်မှချော်ကျပြီး နန်စီပေလိုစီ ဆေးရုံတင်လိုက်ရ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၄ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီသည် လူဇင်ဘတ်နိုင်ငံသို့ သွား ရောက်စဉ်အတွင်း လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူဇင်ဘတ်မြို့ရှိဆေးရုံသို့တင်ခဲ့ရသည်ဟုသိရသည်။ “Bulge” တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ်...

ဂျပန်၌ခရိုင်တိုင်းတွင်သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအရာရှိများခန့်မည်

တိုကျို၊ဒီဇင်ဘာ ၁၄ ဂျပန်နိုင်ငံ၌ လာမည့်ဘဏ္ဍာ‌ေရးနှစ်မှစတင်ကာ ခရိုင်တိုင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရေးအရာရှိများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် ခရိုင်အသီးသီး၌ အရာရှိ ၅၀ ခန့်ကို တာဝန်ပေးအပ်မည့်အစီအစဉ်ကို...

ရုပ်ရှင်အထူးပွဲ၌ လူအုပ်ထိတ်လန့်မှုအတွက် အယ်လူ အာဂျွန်...

ရုပ်ရှင်အထူးပွဲသို့ တက်ရောက်စဉ် အမျိုးသမီးတစ်ဦးသည် လူနင်းခံရကာ သေဆုံးခဲ့ရသည့် ပရိသတ်ကို အလန့်တကြားဖြစ်စေသည့် ကိစ္စ ပေါ်ပေါက်ခဲ့မှုအတွက် အိန္ဒိယသရုပ်ဆောင်မင်းသား ကို ဒီဇင်ဘာ ၁၃...

မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar...

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar မီးများအပါအဝင် CCTV တပ်ဆင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည်နှင့်အညီ နိုင်ငံ...
HomeNewsLocal NewsMSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်...

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိ

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။

ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့လည် ၁ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက အသင်းချုပ်၏ နိုင်ငံစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့မှုနှင့် အောင်မြင်မှုများအတွက် ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောသည်။

နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းများဖြစ်လာစေရန် နည်းပညာ၊ ငွေကြေးအရင်း အနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် အသင်းချုပ်သည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ်ဆောင်ရွက်ပေးခဲ့ခြင်းမှာ ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်လာစေရန် များစွာအထောက်အကူဖြစ်စေသည်ဟု ပြောသည်။

” ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတော်အတွက် အားတစ်ခုဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်မှာပါ”ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

ထို့ပြင် အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် ပြည်သူများ၏အကျိုးကိုရှေးရှု၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး ဆက်လက်ပူးပေါင်းကူညီပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့အတူ UMFCCI ဥက္ကဋ္ဌဦးအေးဝင်းမှလည်း UMFCCI အနေဖြင့် ပြည်တွင်း၊ပြည်ပရင်းနှီး မြှုပ်နှံမှုများတိုးတက်လာစေရန်နှင့် ကြုံတွေ့နေရသော စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာပေးနိုင်ရန် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပခရီးစဉ်၌ လှေကားပေါ်မှချော်ကျပြီး နန်စီပေလိုစီ ဆေးရုံတင်လိုက်ရ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၄ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီသည် လူဇင်ဘတ်နိုင်ငံသို့ သွား ရောက်စဉ်အတွင်း လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူဇင်ဘတ်မြို့ရှိဆေးရုံသို့တင်ခဲ့ရသည်ဟုသိရသည်။ “Bulge” တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် လူဇင်ဘတ်သို့ နှစ်ဖက်ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရီးသွားစဉ် လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ဒဏ်ရာအခြေအနေ ကို စစ်ဆေးရန် ဆေးရုံပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အသက် ၈၄ နှစ်အရွယ်ရှိ ပေလိုစီသည် ယခုအခါ ဆရာဝန်များနှင့်ကောင်းမွန်စွာဆေးကုသမှုခံယူလျက်ရှိသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ ထင်ရှားသည့်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပေလိုစီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်အောက်လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ထပ်တစ်ကြိမ်အဖြစ်...

ဂျပန်၌ခရိုင်တိုင်းတွင်သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအရာရှိများခန့်မည်

တိုကျို၊ဒီဇင်ဘာ ၁၄ ဂျပန်နိုင်ငံ၌ လာမည့်ဘဏ္ဍာ‌ေရးနှစ်မှစတင်ကာ ခရိုင်တိုင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရေးအရာရှိများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် ခရိုင်အသီးသီး၌ အရာရှိ ၅၀ ခန့်ကို တာဝန်ပေးအပ်မည့်အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းများနှင့်ပါပူးပေါင်းကာ ပျက်စီးဆုံးရှုံးမှုအကဲဖြတ် ဆန်းစစ်ခြင်းနှင့် ဘေးအန္တရာယ်ကြုံနေရစဉ်ကာလအတွင်း ဘေးကင်းရာသို့ပြောင်းရွှေ့အခြေချနေထိုင်ခြင်းများအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။ အစိုးရအဖွဲ့ရုံးအနေဖြင့် လက်ရှိဝန်ထမ်း ၁၁၀ ဦးကို ထပ်တိုးကာ နှစ်ဆအထိတိုးမြှင့်ရန်စီစဉ်နေပြီး လာမည့်ဘဏ္ဍာရေးနှစ်၌ ဘတ်ဂျက်ငွေကိုပါ တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် NHK သတင်းဌာနတွင်ဖော်ပြခဲ့သည်။ မကြာသေးမီကာလများအတွင်းကဖြစ်ပွားခဲ့သည့် နိုတိုကျွန်းဆွယ်ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များက ဂျပန်နိုင်ငံခရိုင်များအတွင်းရှိ အကန့်သတ်ဖြင့် သာရှိနေသည့် ထောက်ပံ့မှုများနှင့် ယာယီရွှေ့ပြောင်းခိုလှုံရန်နေရာများစီစဉ်ရာ၌...

ရုပ်ရှင်အထူးပွဲ၌ လူအုပ်ထိတ်လန့်မှုအတွက် အယ်လူ အာဂျွန် အဖမ်းခံရ

ရုပ်ရှင်အထူးပွဲသို့ တက်ရောက်စဉ် အမျိုးသမီးတစ်ဦးသည် လူနင်းခံရကာ သေဆုံးခဲ့ရသည့် ပရိသတ်ကို အလန့်တကြားဖြစ်စေသည့် ကိစ္စ ပေါ်ပေါက်ခဲ့မှုအတွက် အိန္ဒိယသရုပ်ဆောင်မင်းသား ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ဒေသတွင်း မီဒီယာကို ပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့က တောင်ပိုင်းမြို့ ဟိုက်ဒရာဘတ်ရှိ ရုပ်ရှင်ရုံတစ်ခုတွင် Pushpa 2: The Rule ဇာတ်ကားပြပွဲသို့ ရောက်ရှိလာသည့် မင်းသား အယ်လူ အာဂျွန်ကို ကြည့်ရှုရန် လူအများစုရုံးခဲ့ကြစဉ် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ အသက် ၄၂ နှစ်အရွယ်မင်းသားကို အန္တရာယ်ရှိသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071