Tuesday, January 14, 2025

လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည်ဟု မြေပြင်စစ်ရှောင်အရေးအထောက်အကူပြုအဖွဲ့တစ်ခုထံမှ သိရသည်။ အဆိုပါ လောင်းလုံးမြို့နယ် ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်...

ကော့သောင်း-မြိတ် လမ်းပိုင်းတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ရေလမ်းခရီးကိုသာ...

ကော့သောင်း-မြိတ် ကုန်းလမ်းခရီး သွားလာရေးအခက်အခဲကြောင့် ရေလမ်းခရီးကိုသာ အားပြုနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ လမ်းပိုင်းအတွင်း နယ်မြေမတည်ငြိမ်ခြင်းကြောင့် ဒေသတွင်း ခရီးသွားများအနေဖြင့် ကော့သောင်း -မြိတ်၊...

ကွမ်ရှီးဒေသ (၁၄)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ အစည်းအဝေးသို့...

ကွမ်ရှီးဒေသ (၁၄) ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်က ကွမ်ရှီးပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း...

မြန်မာဘောက်ဆင်အဖွဲ့ချုပ်က ကျင်းပသည့် PBM3 ပြိုင်ပွဲ...

မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)က ကျင်းပသည့် PBM3 ပြိုင်ပွဲကို ယခုလဇန်နဝါရီ (၂၅)ရက်နေ့၌ ရန်ကုန်မြို့ ၊ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွင်း...
HomeNewsLocal NewsMyanmar National League...

Myanmar National League 2024-25 Week-15 ပွဲစဉ် အိမ်ရှင် ရှမ်းယူနိုက်တက် (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိ

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက (၃)ဂိုး (၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပွဲစဉ်အတွင်း ကျောနံပါတ် (၇) ကျော်ကိုကို နှင့် ကျောနံပါတ်(၁၂) Bakayoko တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း နောက်ခံကစားသမား သက်ဟိန်းစိုး က AYA Pay အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။

ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် Week(၁၄)ပွဲစဉ်အအပြီးတွင် ရမှတ် (၄၀)မှတ်ဖြင့် ရပ်တည်မှုအဆင့်(၁)၌ ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်အညီ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအား ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်း ပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည်ဟု မြေပြင်စစ်ရှောင်အရေးအထောက်အကူပြုအဖွဲ့တစ်ခုထံမှ သိရသည်။ အဆိုပါ လောင်းလုံးမြို့နယ် ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လယ်ကမ်းခြေရွာများဖြစ်သည့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတ္တပ်၊ ကြက်လွှတ်၊ ထောက်နန်းစသည့် ကျေးရွာများသို့ တိမ်းရှောင်နေကြရသူများဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒေသတွင်းနှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ဖြတ်၍ စားနပ်ရိက္ခာ သယ်ယူရသဖြင့် ယင်းနေရာများသို့ မသွားလာရဲကြဘဲ စားနပ်ရိက္ခာပြတ်လပ်နေကြခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ဒေသခံ စစ်ရှောင်များမှာ မိမိအစုဖြင့် ကိုယ့်အစုနဲ့ကိုယ်နေထိုင်ကြပြီး လာရောက်ကူညီလှူဒါန်းခြင်းများကိုသာ အဓိက...

ကော့သောင်း-မြိတ် လမ်းပိုင်းတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ရေလမ်းခရီးကိုသာ အားပြုသွားလာနေရဟုဆို

ကော့သောင်း-မြိတ် ကုန်းလမ်းခရီး သွားလာရေးအခက်အခဲကြောင့် ရေလမ်းခရီးကိုသာ အားပြုနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ လမ်းပိုင်းအတွင်း နယ်မြေမတည်ငြိမ်ခြင်းကြောင့် ဒေသတွင်း ခရီးသွားများအနေဖြင့် ကော့သောင်း -မြိတ်၊ မြိတ်‌-ကော့သောင်း လမ်းခရီးအတွက် ရေလမ်းကြောင်းကိုသည် အားပြုသွားလာနေကြရကြောင်း ဆိုသည်။ "နယ်မြေဘယ်လိုမတည်ငြိမ်လည်းဆိုတော့ မကြာခဏ ‌တိုက်ပွဲဖြစ်တာ။ ဒေသတွင်းမတည်ငြိမ်မှုအပေါ် အခွင့်အရေးယူပြီး လု-ယက်တာတွေရှိနေတယ်။ ဒီကြားထဲ ဘယ်အဖွဲ့မှန်းမသိ စစ်တာဆေးတာတွေ မထင်ရင်ဖ-မ်းခေါ်ခံရတာတွေရှိနေတော့ မသွားရဲကြတာ။ လုံးလုံးကြီးမသွားတာတော့မဟုတ်ဘူး။ သွားတော့သွားတယ်။ နည်းလာတာပေါ့"ဟု မြိတ်ဒေသခံတစ်ဦးက ရှင်းပြသည်။ ထို့ကြောင့် ရေလမ်းပိုင်းအတွင်း စပိဘုတ်များဖြင့်သွားလာနေရကာ တစ်ဦးလျှင် ကျပ်နှစ်သိန်း ‌ပေါက်ဈေးရှိပြီး မြိတ်-...

ကွမ်ရှီးဒေသ (၁၄)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ အစည်းအဝေးသို့ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

ကွမ်ရှီးဒေသ (၁၄) ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်က ကွမ်ရှီးပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ၎င်းအခမ်းအနားတွင် ကွမ်ရှီးဒေသ အုပ်ချုပ်ရေးမှူး Mr. Lan Tianli မှ ၂၀၂၄ ခုနှစ် အတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071