Friday, April 18, 2025

မြန်မာငလျင် ကူညီရေးအတွက် မလေးရှား စစ်ဆေးအဖွဲ့...

မတ်လ ၂၈ ရက်‌နေ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် Operation Starlight III အစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအဖြစ် မလေးရှားအစိုးရက မလေးရှားလက်နက်ကိုင်တပ်ဖွဲ့(ATM)...

မန္တလေး ငလျင်ကြီး နောက်ဆက်တွဲအဖြစ် မြေငလျင်ပေါင်း...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးနောက်ဆက်တွဲအဖြစ် ဧပြီ (၁၈) ရက် နံနက်ပိုင်းအထိ မြေငလျင်ပေါင်း (၁၄၂)...

ယနေ့ နိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ဟု မိုး/ဇလ...

ယနေ့ ဧပြီ(၁၈)ရက် ညနေပိုင်းအချိန်အထိ နိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီဌာနက အသိပေးထားသည်။ ယနေ့ ညနေအထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း‌၊ မကွေးတိုင်း၊...

ယူကရိန်းအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း ရရှိမည်ဟု...

ယူကရိန်းပဋိပက္ခတွင် ဖြစ်နိုင်ခြေရှိသော အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း အစောဆုံးရရှိမည်ဟု အိမ်ဖြူတော်ရှိ သတင်းထောက်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။ "ကျွန်တော်တို့ကို ဒီအပတ်အတွင်း သူတို့ဆီကအကြောင်းပြန်မယ်၊ တကယ်တော့...
HomeNewsLocal NewsNaypyitaw State Polytechnic...

Naypyitaw State Polytechnic University ကို နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု နစကဥက္ကဋ္ဌ ပြော

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုအထောက်အကူပြုနိုင်ရေးရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် အစိုးရနည်းပညာကောလိပ်(နေပြည်တော်)အဖြစ်မှ တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်ဟု ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ်(၆)ခုကိုသင်ကြားပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကိုတိုးချဲ့ဖွင့်လှစ်ခဲ့ကာ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်အား Naypyitaw State Polytechnic University အဖြစ်ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်ဟု ပြောသည်။

Naypyitaw State Polytechnic University အဖြစ်ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် အင်ဂျင်နီယာအထူးပြုဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်ဟု ပြောသည်။

” Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွေနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေဖို့ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အင်ဂျင်နီယာအထူးပြုဘာသာရပ်ဌာန(၇)ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန(၄)ခု၊ တခြားအထောက်အကူပြုဘာသာရပ်ဌာန(၅)ခု၊ သင်ကြားရေးဌာနစုစု ပေါင်း(၁၆)ခုနဲ့ ပြည့်စုံအောင်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အင်ဂျင်နီယာအထူးပြုဘွဲ့(၇)မျိုးနှင့် ကွန်ပျူတာအထူးပြုဘွဲ့ (၂)မျိုး(စုစုပေါင်းဘွဲ့ ၉ မျိုး) ကို အပ်နှင်းသွားမည်ဖြစ်ကာ တစ်နှစ်လျှင်အင်ဂျင်နီယာအထူးပြုကျောင်းသား(၂၇၀)ဦး၊ ကွန်ပျူတာအထူးပြုကျောင်းသား(၁၂၀)ဦး(စုစုပေါင်း ၃၉၀ ဦး)ခေါ်ယူသွားမည်ဖြစ်ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်အား စာသင်နှစ်(၅) နှစ်၊ ကွန်ပျူတာအထူးပြုဘာသာရပ်အား စာသင်နှစ်(၄)နှစ်စီ သင်ကြားပို့ချပေးသွားမည်ဟု ပြောသည်။

ထို့အတူ Naypyitaw State Polytechnic University အား Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာပိုလီတက္ကနစ်တက္ကသိုလ်များ နည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာငလျင် ကူညီရေးအတွက် မလေးရှား စစ်ဆေးအဖွဲ့ စေလွှတ်

မတ်လ ၂၈ ရက်‌နေ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် Operation Starlight III အစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအဖြစ် မလေးရှားအစိုးရက မလေးရှားလက်နက်ကိုင်တပ်ဖွဲ့(ATM) မှ ဆေးဖက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြောင်း သိရသည်။ အဖွဲ့ဝင် ၆၉ ဦးပါ စစ်ဆေးအဖွဲ့တွင် အရာရှိ ၁၆ ဦးနှင့် အမျိုးမျိုးသော နယ်ပယ်အလိုက် ကျွမ်းကျင်သူ ၅၃ ဦး ပါဝင်သည်ဟု ATM ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Datuk Dr Zulkeffeli Mat Jusoh က...

မန္တလေး ငလျင်ကြီး နောက်ဆက်တွဲအဖြစ် မြေငလျင်ပေါင်း (၁၄၂) ကြိမ် လှုပ်ခတ်ခဲ့

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးနောက်ဆက်တွဲအဖြစ် ဧပြီ (၁၈) ရက် နံနက်ပိုင်းအထိ မြေငလျင်ပေါင်း (၁၄၂) ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အင်အားပြင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ဦးရေ (၃၇၂၅) ဦး ရှိကာ ဒဏ်ရာရသူ (၅၁၀၆) ဦးနှင့် ပျောက်ဆုံးသူ (၁၂၉) ဦးရှိဆဲဖြစ်ကြောင်း နစက၏ ဧပြီ (၁၆) ရက် ညနေ (၆) နာရီ...

ယနေ့ နိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ဟု မိုး/ဇလ အသိပေး

ယနေ့ ဧပြီ(၁၈)ရက် ညနေပိုင်းအချိန်အထိ နိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီဌာနက အသိပေးထားသည်။ ယနေ့ ညနေအထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း‌၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ဆိုသည်။ နောက် (၂)ရက်အတွက် ခန့်မှန်းချက်တွင်လည်း ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071