Saturday, January 25, 2025

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု...

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ...

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀)...

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်ကို...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ (၆)ကြိမ်မြောက်ရွေးချယ်တင်မြှောက်ပွဲတွင်၂ဝ၂၅ -၂ဝ၂၇ သက်တမ်းကာလအတွက် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်ကို ဆက်လက် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့်ရွေးကောက်တင်မြှောက်ပွဲ (၅) ကြိမ်ကျင်းပခဲ့ပြီး...
HomeNewsLocal NewsNSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး...

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်က ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှု၊ နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အကြံပြုချက်များအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်ပေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူ လူထုကြားပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိရန် ဆောင်ရွက်နိုင်ရေး၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်ဦးကိုကိုကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး NSPNC အတွင်းရေးမှူး ဒု- ဗိုလ်ချုပ်ကြီးမင်းနိုင်မှ ဆွေးနွေးပွဲကျင်းပရသည့်ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးပါတီများ ၏ အခန်းကဏ္ဍအရေးပါမှုနှင့် NSPNC နှင့် နိုင်ငံ ရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က ဆွေးနွေးလိုသည့်အချက်များကို အဆိုပြုတင်ပြပြီး NSPNC အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက်များနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သဘောထားစုစည်းရရှိချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်မည့် နှစ်ဖက်ထပ်မံအဆိုပြုချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်း၍ သ ဘောထားများရယူခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု ရုရှားဆို

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စ်ကော့ဗ်က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စရပ်များကို ဆွေးနွေးလိုသည့် ဝါရှင်တန်၏ ဆန္ဒနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ပြောကြားချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်များမှ မေးမြန်းရာတွင် ပက်စ်ကော့ဗ်က “ကျွန်ုပ်တို့၏နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများအတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် ကျွန်ုပ်တို့ စိတ်ဝင်တစားရှိနေပါသည်"ဟု ပြန်လည်ဖြေကြားသည်။ "လက်ရှိအခြေအနေမှာ၊ နျူကလီးယားစွမ်းရည်အားလုံးကို...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသော ပါတီ (၁၉) ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လ က် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၅၀) ၊ စုစုပေါင်း (၆၉) ပါတီရှိပြီဖြစ်သည်ဟုလည်း သိရသည်။ လျှောက်ထားသည့် အဖွဲ့များအားလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီး

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ တည်းခိုဆောင်ငှားရမ်းခ နှုန်းထားများကို တစ်ရက်လျှင် အထူးခန်း(VIP) တည်းခိုဆောင် (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ (၁၁၀၀၀၀) ကျပ်နှု န်း၊ ရိုးရိုးတည်းခိုဆောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071