Home News Local News “OK” ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကို ဖမ်းဆီးစဉ်ပြန်လည်ခုခံပစ်ခတ်၍ အသေပစ်ခတ်ဖမ်းဆီးခဲ့ရ

“OK” ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကို ဖမ်းဆီးစဉ်ပြန်လည်ခုခံပစ်ခတ်၍ အသေပစ်ခတ်ဖမ်းဆီးခဲ့ရ

0
159

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက “OK” ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးစဉ် ပြန်လည်ခုခံပစ်ခတ်မှုကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“OK”ငွေလဲဆိုင်ပိုင်ရှင် ဦးရန်ထင်ချမ်း(၇၈)နှစ်အား အိမ်စီးကား(အဖြူရောင်)ဖြင့်ရောက်ရှိလာသည့် သေနတ်များကိုင်ဆောင်ထားသော အမျိုးသား(၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်နေရာနှင့် CCTV မှတ်တမ်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၆)ဦးသည် ပါဆပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်ရှိနေကြောင်းသတင်းအရ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းတွင်ဝင်ရောက်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူများက စတင်ပစ်ခတ်ပြီးနောက် ထွက်ပြေးရန်ကြိုးစားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ကြ၍ (၆)ဦးလုံးအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ပေးဆွဲခေါ်ဆောင်သွားခံခဲ့ရသည့် “OK”ငွေလဲဆိုင်ပိုင်ရှင် ဦးရန်ထင်ချမ်းကိုလည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် နေအိမ်အားစစ်ဆေးရာ M 16 သေနတ် အရှည်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်(၁၇) တောင့်၊ ကျည်ခွံ(၁၄)ခု၊ ပွိုင့် ၃၈၀ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်(၄)တောင့်၊ ကျည်ခွံ(၄)ခု၊ စိတ်ကြွဆေးပြား(၆၅၀၀၀)ပြား၊ ကားနံပါတ်ပြား(၆)ခု၊ အနက်ရောင်ကျည်ကာ(၂)ထည် ၊ ပဲခူးတိုင်းရဲတပ်ဖွဲ့အကျီတံဆိပ်ပါ ယူနီဖောင်း အကျီတစ်ထည်နှင့်ပြန်ပေးဆွဲစဉ်က အသုံးပြုခဲ့သည့်ကားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့်ပြစ်မှုကျူးလွန်သူ(၆)ဦး၏ ရုပ်အ လောင်းများအား လုံခြုံရေးအဖွဲ့ဝင်များက ဥပ‌ဒေ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here