Sunday, April 13, 2025

ငလျင်ကြီး၏ ၁၆ရက်​မြောက်​နေ့၌ မန္တလေးမြို့တွင် အ​ဆောက်အအုံတစ်ခုမြေထဲကျွံကျမှုဖြစ်

မန္တလေးမြို့တွင် ယနေ့ ဧပြီ ၁၃ ရက်နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ် မြေကြီးထဲကျွံကျသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ မန္တ​လေး ငလျင်ကြီး ပြီး​နောက် ငလျင်ငယ်များစွာ...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက်...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတိီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီ ၇ ရက်မှ ဧပြီ ၁၆ ရက်အထိ ၁၀ ရက်တိုင်ဆင်ယင်ကျင်းပလျက်ရှိသည်။ ထိုသို့...

ယနေ့ ဧပြီ ၁၃ ရက်...

မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ဖျန်းကာ သင်္ကြန် ပွဲတော်ကိုဆင်နွှဲကြခြင်းဖြစ်ပြီး ဘိုး၊ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီစဉ်များလည်းပါဝင်သည်။ နစက ဥက္ကဋ္ဌ က ဘိုးဘွားများကိုသင်္ကြန်လက်ဆောင်များပေးအပ်ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက်...

မြန်မာမှ ပြန်ရောက်လာသည့် ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့ကို သူရဲကောင်းများသဖွယ်...

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်‌ေရးလုပ်ငန်းများ ကို ၁၁ ရက်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် မြို့တော်သို့ ပြန်လည်ရောက်ရှိလာသော ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့ကို သူရဲကောင်းများသဖွယ်...

One week after earthquake ,heavy rain and strom was testing earthquake victims

Temporary shelters for earthquake-hit Mandalay residents are seen damaged by heavy rain and wind tonight.

Photo – Thiha Htun Zaw Facebook

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြီး၏ ၁၆ရက်​မြောက်​နေ့၌ မန္တလေးမြို့တွင် အ​ဆောက်အအုံတစ်ခုမြေထဲကျွံကျမှုဖြစ်

မန္တလေးမြို့တွင် ယနေ့ ဧပြီ ၁၃ ရက်နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ် မြေကြီးထဲကျွံကျသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ မန္တ​လေး ငလျင်ကြီး ပြီး​နောက် ငလျင်ငယ်များစွာ လှူပ်​​နေသည်မှာ ယ​နေ့ ဆိုလျှင် ၁၆ ရက်ပင်ရှိလာ​နေပြီဖြစ်သည်။ မန္တလေးမြို့၊ ၂၆ လမ်း၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားရှိ ရီရှင်း ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ်မှာ နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ မြေကြီးထဲသို့ကျွံကျသွားခဲ့ကြောင်း သိရသည်။ " အဲဒီ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်ကပိတ်ထားတာပါ။ လူနေထိုင်တာမရှိပါဘူး။ နောက်ပြီး ပစ္စည်းတွေကိုရွှေ့နေကြတာသိပ်မကျန်တော့ဘူး။...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ သံဃာတော်အပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတိီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီ ၇ ရက်မှ ဧပြီ ၁၆ ရက်အထိ ၁၀ ရက်တိုင်ဆင်ယင်ကျင်းပလျက်ရှိသည်။ ထိုသို့ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီ ၁၂ ရက်ညနေပိုင်းက သံဃာတော်အပါး(၅၀၀)အား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆွန်းဆန်စိမ်းများလောင်းလှူပူဇော်ခဲ့ကြသည်။ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဧပြီ ၁၁ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးအား အနေကဇာတင်ခြင်းနှင့် တစ်နေ့တာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)နံနက်ပိုင်းကလည်း စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးတင်လှူပူဇော်ခဲ့ကြသည်။

ယနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် အပျော်အပါးသီဆိုကခုန်မှုများမပါဝင်ဘဲ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီသင်္ကြန်ပွဲတော်များကို ကျင်းပလျက်ရှိရာတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၏ ရေအေးသင်္ကြန်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်တို့သို့ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။

မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ဖျန်းကာ သင်္ကြန် ပွဲတော်ကိုဆင်နွှဲကြခြင်းဖြစ်ပြီး ဘိုး၊ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီစဉ်များလည်းပါဝင်သည်။ နစက ဥက္ကဋ္ဌ က ဘိုးဘွားများကိုသင်္ကြန်လက်ဆောင်များပေးအပ်ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက် မြန်မာ့ရိုးရာအတာသင်္ကြန်အား ယူနက်စကို၏လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံရသည်ကို အသိအ မှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071