နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် Online လိ-မ်လ-ည်မှုများကိုတိုက်ဖျက်ရန် မြန်မာ- တရုတ်-ထိုင်း ၃ နိုင်ငံကြား Task Force ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီးပူးပေါင်းဆောင်ရွက်မည်ဟု နစက အဖွဲ့ဝင်၊ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့်ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီအမြန်ဆုံးအ ရေးယူပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
၎င်းမှ ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌ပြုလုပ်သည့် နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော Online အသုံးပြုလိ-မ်လ-ည်မှု(Online Sca-m)နှင့် လော-င်းကစားမှု (Online Gam-bling)များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ Online Sc-ams နှင့် Online Gam-bling တိုက်ဖျက်ရေးလုပ်ငန်းများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ကြားပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန(Police Cooperation Center)ထူထောင်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင် ငံ၊ ဆိုက်ရောက်နိုင်ငံတို့ကြားတွင်လည်း Shared responsibility ဖြင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောသည်။
” မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံကြားမှာ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ(Trilateral Cooperation)နဲ့ဆောင်ရွက်ဖို့လိုပါတယ်။ လက်ရှိ ဒီ ၃ နိုင်ငံကြားမှာ Task Force တစ်ရပ်ဖွဲ့စည်း Action Plan ရေးဆွဲပြီးပူးပေါင်းဆောင်ရွက်ဖို့ စီ စဉ်ဆောင်ရွက်နေပါတယ်”ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ Online Scams လုပ်ငန်းများသည် ငွေကြေးလိ-မ်လ-ည်မှုအပြင် လူကု-န်ကူးမှု၊ လူမှောင်ခိုမှု၊ မူး-ယစ်ဆေးဝါးမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်လုပ်ဆောင်လာမှု၊ အခက်အခဲများကြုံ တွေ့နေရသော နိုင်ငံခြားသားများကို ကူညီရှာဖွေကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနေမှုတို့ကိုလည်း ပြောကြားခဲ့သည်။
ထို့အတူ လိ-မ်လ-ည်မှုလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံအဆောက်အအုံ၊ လျှပ် စစ်ဓာတ်အား၊ အခြေခံစားသုံးကုန်များနှင့် အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ရယူသုံးစွဲနေမှု၊ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်ပနိုင်ငံသားများကလုပ်ဆောင်နေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။