Monday, March 31, 2025

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန်...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု...

ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ကျပ်ငွေ ၁၅...

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့က ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းသွားမာ်ဖြစ်ပြီး အဆိုပါ ထောက်ပံ့လှုဒါန်းမှုအား အရေးပေါ်ကယ်ဆယ်ရေးနှင့်...

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်...

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊တပ်မတော်သားနှင့် မိသားစုဝင်များ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသည့်အပေါ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် လိုက်လံကြည့်ရှု့ကာအားပေးစကား...

WHO says Myanmar quake...

GENEVA - The World Health Organisation said on March 30 the Myanmar earthquake...
HomeNewsLocal NewsPEACE TALK 2025...

PEACE TALK 2025 ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ထည့်သွင်းဆွေးနွေး ၊ ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန်မလိုဟု တက်ရောက်သူများ ဆွေးနွေးကြ

မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေး နွေးကြပြီး ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန် မလိုကြောင်း ဆွေးနွေးပွဲတက်ရောက်လာသူများက ဆွေးနွေးအကြံပြုခဲ့ကြကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း) က ပြောသည်။

၂၀၂၅ ငြိမ်းချမ်းရေးစကားဝိုင်းကို NSPNC က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စစ်ဘက်အရပ်ဘက် တာဝန်ရှိသူများ၊ နစက အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြင်ပ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လေ့လာသူများ တက်ရောက်ကာ အဖွဲ့(၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြခြင်းဖြစ်သည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားရေးကဏ္ဍ အလားအလာများကို ဦးစားပေးဆွေးနွေးကြသည့် အဖွဲ့(၂) ၏ (၃) ရက်တာ ဆွေးနွေးချက်များတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးကြပြီး ပါဝင်ဆွေး နွေးကြသူများက ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန် မလိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု မတ်လ (၂၆) ရက် နေ့လယ်ပိုင်းက ကျင်းပသည့် ကျင်းပသည့် ဆွေးနွေးပွဲပိတ်ပွဲ အခမ်းအနားတွင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ့၊ ဒီမှာတော့ ကျွန် တော်တို့ အားလုံး ဆွေးနွေးခဲ့တဲ့ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အသစ်ရေးဆွဲဖို့ မလိုအပ်ဘူးလို့ ကျွန်တော်တို့ အားလုံးက ဆွေးနွေးခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ ပြင်ရမယ်၊ ပြင်တဲ့အချိန်မှာ အဓိက အရေးကြီးတာ အာဏာခွဲဝေမှုကိစ္စရပ်ပေါ့။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကြားမှာ အာဏာခွဲဝေမှုကိစ္စရပ်ကိုတော့ အဓိက ဆွေးနွေးခဲ့တာ ရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဝင်းဗိုလ်ရှိန်က ပြောသည်။

ထိုသို့ ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ ဥပဒေပြုရေးနှင့် အာဏာခွဲဝေရေးကဏ္ဍများပါဝင်သည့် ဇယား(၁) / ဇယား(၂) နှင့် ပတ်သက်သည့်ကဏ္ဍများကို အသေးစိတ်ထည့်သွင်းဆွေးနွေးကြကြောင်း ၎င်းကဆိုသည်။

ထို့ပြင် စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်း၊ ရွေးကောက်ပွဲ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍများကို (၃) ရက်တာ ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြကြောင်း သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခုဆွေးနွေးပွဲ မတိုင်မီကပင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ တာဝန်ရှိသူများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) တို့ ဆွေး နွေးမှုများ လုပ်ဆောင်လျက်ရှိပြီး ပြင်ဆင်သင့်သည့် အချက် (၄၀) ကျော်ကို ပြင်ဆင်ရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

အဖွဲ့(၂)၏ ဆွေးနွေးမှုများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှု၊ ပဋိပက္ခလျော့ချရေး ကာလအတွင်း စီးပွား ရေးကြံ့ကြံ့ခံမှု ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုပုံဖော်ခြင်း ၊ ရွေးကောက်ပွဲ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့် ခေါင်းစဉ်များဖြင့် Speaker (၅)ဦးက ဦးဆောင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲ တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်တွင်ပြုလုပ်မည်

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ထိုသို့ ပြုလုပ်ရာ၌ နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားသောအလံတိုင်ရှေ့(သို့) သင့်လျော်ရာနေရာ()ပြုလုပ်နေသည့်အခမ်းအနားများ၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာနေသူများအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ ၎င်းအချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဥဩဆွဲဂါရဝပြုခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ ၎င်းအချိန်တွင် မီဒီယာများအနေဖြင့် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်များအား ခေတ္တရပ်ဆိုင်း၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်...

ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းခဲ့သည့် ‌ေမ္ဘာဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့က ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းသွားမာ်ဖြစ်ပြီး အဆိုပါ ထောက်ပံ့လှုဒါန်းမှုအား အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပထမ ဦးစားပေးဆောင်ရွက်သွားမည်ဟု ယနေ့တွင် အသိပေးထားသည်။ အဆိုပါ ကျပ်ငွေ (၁၅) ဘီလီယံကို အပိုင်းလိုက်ခွဲဝေ လှူဒါန်းသွားမည်ဖြစ်ကာ အသက်ကယ်တင်ရန်အပါအဝင် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရန်၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်တုံ့ ပြန်သူများနှင့် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့အစည်းများကို ချက်ချင်းအကူ အညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အခြေခံလိုအပ်ချက်များအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့၏ မိတ်ဖက်များ၊ NGOs...

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား နစက ဥက္ကဌ အားပေး

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊တပ်မတော်သားနှင့် မိသားစုဝင်များ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသည့်အပေါ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် လိုက်လံကြည့်ရှု့ကာအားပေးစကား သွားရောက် ပြောကြားခဲ့သည်။ ထိုသို့ သွားရောက်ခဲ့ရာတွင် တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အခြေအနေများနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို နွေးထွေးစွာ မေးမြန်း အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့သည်။ ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအား ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူများ၏ ကျန်းမာရေးအခြေအနေများအား မပြတ်စောင့်ကြည့်၍ လိုအပ်သည့်ကုသမှုများဆောင်ရွက်ပေးသွားရန်၊ နေရေး၊ စားရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071