PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း အနေဖြင့် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့် ကြေးတံဆိပ်(၃)ခု စုစုပေါင်း ဆုတံဆိပ် (၁၂) ခုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ (၁၁) ရက်မှ (၁၃) ရက်အထိ မလေးရှားနိုင်ငံ ၊ ပီနန်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
PENANE INVITATIONAL JICA JUDO CHAMPIONSH IP 2025 ပြိုင်ပွဲသို့ မြန်မာဂျူဒိုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီ (၁၂)ရက် (ဂျူနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များအပြီး အသက် (၁၂)နှစ်အောက် -36 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ မအိချစ်ဆုစံက ရွှေတံဆိပ်ဆုကို လည်းကော င်း၊ -38 kg ပြိုင်ပွဲတွင် မောင်မြတ်ဘုန်းခန့်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အသက် (၁၀)နှစ်အောက် -24 kg ပြိုင် ပွဲတွင် မောင်သျှန်ကောင်းဆက်ပိုင်က ငွေတံဆိပ်ဆုကိုလည်း ကောင်း၊ -28 kg ပြိုင်ပွဲတွင် မောင်ကောင်းကင်မင်းစစ်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -32 kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ -32 kg ပြိုင်ပွဲတွင် မခေတ်စံနန်းထွဋ်က ကြေးတံဆိပ်ဆုကိုလည်း ကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဧပြီ (၁၃)ရက် ဝိတ်တန်းများအလိုက် (စီနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ -55 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်ထိုက်ထိုက်ကျော်က ရွှေတံဆိ ပ်ဆုကိုလည်းကောင်း၊ -57 kg ပြိုင်ပွဲတွင် မပိုးအိအိလွင်က ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ +70 kg ပြိုင်ပွဲတွင် မနန်းသဲနုနုစံက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ -70 kg ပြိုင်ပွဲတွင် မယွန်းဝတီစိုးက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -70 kg ပြို င်ပွဲတွင် မဖြိုးရွှေဇင်ကျော်က ငွေတံဆိပ်ဆုကို လည်းကော င်း၊ -81 kg ပြိုင်ပွဲတွင် မောင်သန့်ဇင်ဝင်းအောင်က ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
မြန်မာ ဂျူဒိုအသင်းအနေဖြင့်အားကစားသမား (၁၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။