တရုတ် – မြန်မာနယ်စပ် ယာယီဝင်ထွက်ခွင့်ကတ် (TBP) များ အကန့်အသတ်မရှိ ပြန်ထုတ်ပေးခဲ့သည့်နောက် တရုတ်နိုင်ငံ ကျယ်ခေါင်၊ ရွှေလီဘက်အခြမ်းမှ တပိုင်တနိုင် ကုန်ပစ္စည်းများနှင့် သစ်သီးဝလံများကို လက်တွန်းလှည်းငယ်များဖြင့် သယ်ဆောင်ရောင်းဝယ်လျှက်ရှိနေသည်။
စက်တင်ဘာ (၅) ရက်က တရုတ်နိုင်ငံ ကျယ်ခေါင်မြို့ဘက်အခြမ်းရှိ ဆင်ဖြူဂိတ်မှတဆင့် မြန်မာနိုင်ငံ မူဆယ်မြို့သို့ ပြန်ကူးရန် စောင့်ဆိုင်းနေသည့် မူဆယ်ဒေသခံများအား တပိုင်တနိုင် ကုန်ပစ္စည်းများနှင့် အတူတွေ့မြင်ရသည့် မြင်ကွင်း ဖြစ်ပါသည်။
ဒေသခံများ၏ အဆိုအရ ယခုကဲ့သို့ တပိုင်တနိုင် ကုန်ပစ္စည်း သယ်ယူရောင်းချသူများအနေဖြင့် ကုန်ပစ္စည်းအမျိုး အစားပေါ် မူတည်၍ တစ်ရက်လျင် မြန်မာငွေ ၅၀၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်ဝန်းကျင်အထိ အမြတ်အစွန်းရကြကြောင်းလည်း သိရသည်။
ဓာတ်ပုံ – မူဆယ် – ကျယ်ခေါင် – ရွှေလီ အလုပ်အကိုင်အခွင့်အလမ်း