အဆိုတော်Rဇာနည်နဲ့ ဇနီး ဖြစ်သူ ဝမ်း၊ သားဖြစ်သူ ဥာဏ်ဘုန်း ဇာနည် (ခေါ်) ဖစ်ဖစ်တုန်တို့ရဲ့ ကထိန်အလှူ တော် ကို နိုဝင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ရွှေပြည် သာ မြို့နယ်ရှိ ဓမ္မဂုဏ်ရည်ကျောင်း တိုက်မှာ ပြုလုပ်လှူ ဒါန်းခဲ့ပြီး ဓမ္မဂုဏ်ရည် ကျောင်းတိုက်ရှိ သံဃာ တော်များနဲ့ ပင့်သံဃာ ၃၆ ပါးတို့ကို လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူ ဒါန်းခဲ့ပါတယ်။
ဒီကထိန်ကတော့ Rဇာနည်တို့ မိသားစုအနေနဲ့ ပထမ ဆုံးအကြိမ် လှူဒါန်းမှုဖြစ်တယ် လို့လည်း သိရပြီး မိသားစုအနေနဲ့ ရွှေပြည်သာ ဘက် မှာလည်း သီလရှင်ေ ကျာင်း တစ် ကျောင်း ဆောက်လုပ်လှူဒါန်း လျက် ရှိတယ်လို့ လည်း သိရပါတယ်။
“ဒီကထိန်ကတော့ ကျွန်တော်တို့ မိသားစုလိုက် အနေနဲ့ ပထမဆုံး အကြိမ် ကထိန်ခင်းဖြစ်တာပါ။ ‘ကမ္ဘာသား’ စီးရီးရောင်းရတဲ့ငွေတွေ နဲ့ လှူဒါန်းမှုနဲ့မဆိုင်ဘူး။ ဒါက မိသားစုအနေနဲ့ သတ်သတ်လှူဒါန်း တာပါ။ ‘ကမ္ဘာသား’ စီးရီးရဲ့ ရောင်းရငွေထဲက ရွှေပြည်သာဘက် မှာ သီလရှင်ဆရာလေးတွေဦးစီးတဲ့ မိဘမဲ့ကျောင်းလေး တစ်ကျောင်း ဆောက်နေတယ်။ အဲဒါက မပြီး သေးဘူး။ ပြီးရင်တော့ ပြောပါ့မယ်။ ‘ကမ္ဘာသား’ စီးရီးရဲ့ ရောင်းရ ငွေထဲ က ပထမတစ်သုတ်ကို ဧရာဝတီတိုင်း ဘက်မှာ လှူဖြစ်တယ်။ အခု ဒီတစ် သုတ် ရောင်းရငွေနဲ့လည်း ကျောင်း ဆောက်နေတာ။ ဆောက်ရင်းနဲ့ ရောင်းရငွေထက် ကျော်သွားတယ်။ အဲဒါလေးကို ပြီးအောင် ဆက်လက် ဆောက်လုပ်နေပါတယ်” လို့R ဇာနည်က ပြောပါတယ်။
R ဇာနည်က နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း မန္တလေးမှာ တစ် ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ် ဖို့ရှိပြီး မန္တလေးပွဲမှာတော့ ရန်ကုန်ပွဲနဲ့ သီချင်းအနည်း ငယ်တော့ ပြောင်းလဲ သီဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။
R ဇာနည်က ဒီနှစ်ပိုင်းထဲမှာ တစ်ကိုယ်တော်ပွဲတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ဖြစ်နေပြီး ၂ဝ၁၇ ခုနှစ် နှစ် ဆန်းမှာတော့ တောင်ကြီး မြို့မှာ တစ်ကိုယ်တော်ပွဲ ထပ်မံပြု လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
သတင်း၊ဓာတ်ပုံ-ရဲရဲ