RCEP (မြန်မာ-တရုတ်)စတင်အသက်ဝင်သည့် မေ၁ရက်တွင် ယုံးကျိုးအကောက်ခွန် က မြန်မာသို့ပို့မည့် ဆိုဒီယမ်များအတွက် ပထမဦးဆုံးအသိအမှတ်ပြုလက်မှတ်ထုတ်ပေး
ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) သည် ၂၀၂၂မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် အသက်ဝင်ခဲ့ရာ
စတင်အသက်ဝင်သည့် ပထမဆုံးနေ့တွင် နန်နင်းအကောက်ခွန်ဌာနအောက်ရှိ ယုံးကျိုးအကောက်ခွန်ဌာနအနေဖြင့် ကွမ်ရှီးပြည်နယ် မှ မြန်မာနိုင်ငံသို့ ပစ္စည်းအတွက် ပထမဆုံးမူလထုတ်လုပ်ဒေသအထောက်အထား လက်မှတ်ကိုထုတ်ပေးခဲ့သည်ဟု တရုတ်နိုင်ငံပိုင်CRIသတင်းဌာန၏ဖော်ပြချက်အရသိရသည်။
ယင်းလက်မှတ်သည်ကွမ်ရှီးပြည်နယ်ရှိသွင်းကုန်ပို့ကုန်ကုမ္ပဏီတစ်ခုကလျှောက်လွှာတင်ခြင်းဖြစ်ပြီးကုန်ပစ္စည်းမှာ မြန်မာနိုင်ငံသို့ တင်ပို့သည့် ဆိုဒီယမ် saccharin တစ်သုတ်ဖြစ်ကာ တန်ဖိုးယွမ် ၁ သန်းခန့်ရှိသည်ဟုသိရသည်။
နန်နင်းအကောက်ခွန်ဌာနမှစာရင်းဇယားများအရယခုနှစ် ပထမသုံးလပတ်တွင် ကွမ်ရှီးပြည်နယ်ကမြန်မာနိုင်ငံနှင့် သွင်းကုန် ပို့ကုန်စုစုပေါင်းပမာဏမှာယွမ်သန်း ၁၉၀ ခန့်ရှိကြောင်းသိရသည်။
ဧပြီလ၃ဝရက်နေ့တွင် မြန်မာနိုင်ငံစီးပွားရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ပြီးဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) ၏ ပုဒ်မ ၂၀ ပါ အမှတ် ၆ အရ၂၀၂၂ခုနှစ် မေလ ၁ ရက်နေ့ကစပြီးယင်းသဘောတူညီချက်ကိုတရုတ်မြန်မာကုန်သွယ်မှုတွင် အသက်ဝင်မည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် သဘောတူညီချက်ပါ မူလထုတ်လုပ်ဒေသစံနှုန်းများနှင့်ကိုက်ညီသော မြန်မာနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအားဦးစားပေးအခွန်နှုန်းထားများပေးဆောင်မည်ဖြစ်ကြောင်း၊တရုတ်-မြန်မာကုန်သွယ်မှုတွင် ပါဝင်သောလုပ်ငန်းရှင်များသည် ယနေ့မှစပြီးသက်ဆိုင်ရာဦးစားပေးရေးကိုခံစားရမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံပိုင်CRIသတင်းဌာန၏ဖော်ပြသည်။
ယခုအချိန်အထိ RCEP ကိုအသက်ဝင်သည့်အဖွဲ့ဝင်နိုင်ငံအရေအတွက်သည် ၁၃ နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။