(Unicode)
Squid Game ထဲက အစိမ်းရောင်ထရက်ဆုနဲ့ ပန်းရောင်ဝတ်စုံတွေ အရောင်းသွက်
Netflix ရဲ့ ကမ္ဘာကျော် စီးရီး Squid Game ဇာတ်ကားထဲက ဇာတ်ကောင်တွေဝတ်ဆင်တဲ့ အစိမ်းရောင်ထရက်ဆုနဲ့ ပန်းရောင်ဝတ်စုံတွေဟာ ဟောလိုဝင်းအကြိုအတွက် ရောင်းအားမြင့်နေတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ် ၊စက်တင်ဘာလ ၁၇ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ squid game ဇာတ်လမ်းတွဲဟာ ပရိတ်သတ်ရဲ့အားပေးထောက်ခံမှု အများကြီးရရှိခဲ့တဲ့ ဇာတ်ကားပါ။
အကြွေးပတ်လည်ဝိုင်းနေတဲ့ လူ ၄၆၅ ယောက် ဂိမ်းထဲမှာဝင်ကစားပြီး ပိုက်ဆံရဖို့ အသက်ကိုရင်းပြီး ကြိုးစားကြရတာကို ရိုက်ကူးထားပါ။
အပိုင်း ၉ပိုင်းပါတဲ့ squid game ဇာတ်လမ်းတွဲဟာ ထုတ်လွှင့်ပြီး ၁လကျော်ကြာတဲ့အထိ ရေပန်းစားနေတုန်းပါ။
Squid game ထဲက ဇာတ်ကောင်တွေဝတ်တဲ့ အဝတ်တွေ အခုလိုအော်ဒါအမှာများတာကြောင့် ကိုဗစ်ကပ်ရောဂါကာလမှာ ရုန်းကန်နေရတဲ့ တောင်ကိုရီးယား အထည်ချုပ်စက်ရုံတွေအတွက် အသက်ရှူချောင်စေတယ်လို့တောင် ပြောလို့ရပါတယ်။
(Zawgyi)
Squid Game ထဲက အစိမ္းေရာင္ထရက္ဆုနဲ႔ ပန္းေရာင္ဝတ္စုံေတြ အေရာင္းသြက္
Netflix ရဲ႕ ကမာၻေက်ာ္ စီးရီး Squid Game ဇာတ္ကားထဲက ဇာတ္ေကာင္ေတြဝတ္ဆင္တဲ့ အစိမ္းေရာင္ထရက္ဆုနဲ႔ ပန္းေရာင္ဝတ္စုံေတြဟာ ေဟာလိုဝင္းအႀကိဳအတြက္ ေရာင္းအားျမင့္ေနတယ္လို႔ CNA သတင္းမွာေဖာ္ျပထားပါတယ္။
၂၀၂၁ခုႏွစ္ ၊စက္တင္ဘာလ ၁၇ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ squid game ဇာတ္လမ္းတြဲဟာ ပရိတ္သတ္ရဲ႕အားေပးေထာက္ခံမႈ အမ်ားႀကီးရရွိခဲ့တဲ့ ဇာတ္ကားပါ။
အေႂကြးပတ္လည္ဝိုင္းေနတဲ့ လူ ၄၆၅ ေယာက္ ဂိမ္းထဲမွာဝင္ကစားၿပီး ပိုက္ဆံရဖို႔ အသက္ကိုရင္းၿပီး ႀကိဳးစားၾကရတာကို ႐ိုက္ကူးထားပါ။
အပိုင္း ၉ပိုင္းပါတဲ့ squid game ဇာတ္လမ္းတြဲဟာ ထုတ္လႊင့္ၿပီး ၁လေက်ာ္ၾကာတဲ့အထိ ေရပန္းစားေနတုန္းပါ။
Squid game ထဲက ဇာတ္ေကာင္ေတြဝတ္တဲ့ အဝတ္ေတြ အခုလိုေအာ္ဒါအမွာမ်ားတာေၾကာင့္ ကိုဗစ္ကပ္ေရာဂါကာလမွာ ႐ုန္းကန္ေနရတဲ့ ေတာင္ကိုရီးယား အထည္ခ်ဳပ္စက္႐ုံေတြအတြက္ အသက္ရႉေခ်ာင္ေစတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။