ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင်ဖွင်လှစ်မည့် Tachileik Night Market ၌ ဈေးဆိုင်ဖွင့်လှစ်ရောင်းချလိုသူများ အနေဖြင့် ဇန်နဝါရီ (၁၆)ရက်တွင် ညဈေးကြီးကြပ်မှုကော် မတီထံ သတ်မှတ် လျှောက်လွှာဖြင့် စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ညဈေးကိုဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်း တွင် ဖွင့်လှစ်ရန် ဆောင် ရွက်လျက်ရှိပြီး ၊ ဇန်နဝါရီ (၁၆) ရ က်မှ (၂၀) ရက်အတွင်း တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် နံနက် (၁၀) နာရီမှ မွန်းလွဲ (၃) နာရီအထိ လာရောက် စာ ရင်းပေးလျှောက်ထားနိုင်ကြောင်း သိရသည်။
တာချီလိတ် ညဈေးကြီးကြပ်မှုကော်မတီအနေဖြင့် ဇန်နါရီ (၂၁) ရက်တွင် အောင်မြတ်ခန်းတွင်ဈေးဆိုင်ဖွင့်လှစ်ရောင်း ချလိုသူများနှင့် တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမကြီး ဘေးဝဲ/ယာ တစ် လျှောက်တွင် ဖွင့်လှစ်ရောင်းချနေကြသော အိမ်ဆိုင်များ၊ ဈေးဆိုင်များအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သောလမ်းများ၊ ရေမြောင်းများ၊ ပလက် ဖောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်း ရောင်းချခြ င်း၊ ကြော်ငြာဆိုင်းဘုတ်များ ချထားခြင်းအား လုံးဝမပြု လုပ်ကြရန်နှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၂၅) ရက် နောက်ဆုံးထား ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွ က်ခဲ့ပြီးနောက် အဆိုပါ လမ်းဘေးပျံကျသည်များကို Tac hileik Night Market ဖွင့်လှစ်ပေးကာ စနစ်တကျ ရောင်းချခွင့်ပြုခြင်းလည်းဖြစ်သည်။